ဘေးနှစ်ခုသည် သင့်အပေါ်ကျရောက်လေပြီ။ မည်သူသည် သင့်အတွက် ဝမ်းနည်းမည်နည်း။ ဖျက်ဆီး၍ပျက်စီးခြင်းဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့်ဓားဘေးတို့သည် သင့်အပေါ်ကျရောက်လေပြီ။ သင့်ကို ငါမည်သို့နှစ်သိမ့်ပေးရမည်နည်း။
နာဟုံ 3:7 - မြန်မာ့စံမီသမ္မာကျမ်း သင့်ကိုမြင်သောသူအားလုံးတို့သည် ထွက်ပြေးကြ၍ ‘နိနေဝေမြို့ကြီး ပျက်စီးလေပြီ။ သူ့အဖို့ မည်သူမြည်တမ်းမည်နည်း’ဟု ဆိုကြလိမ့်မည်။ သင့်ကို နှစ်သိမ့်ပေးမည့်သူများကို အဘယ်မှာ ငါရှာတွေ့နိုင်မည်နည်း”ဟု မိန့်တော်မူ၏။ Common Language Bible သင့်ကိုမြင်သူအပေါင်းတို့သည်နောက်သို့ တွန့်ဆုတ်သွားလိမ့်မည်။ သူတို့က``နိနေဝေမြို့သည်ယိုယွင်း ပျက်စီးလျက်နေလေပြီ။ ထိုမြို့အားအဘယ်သူကကရုဏာသက် ပါလိမ့်မည်နည်း။ အဘယ်သူသည်နှစ်သိမ့်မှုကိုပေးလို ပါမည်နည်း'' ဟုဆိုကြလိမ့်မည်။ Garrad Bible နိ န ဝေး မြို့ သည် ဆိတ် ညံ ရာ ရောက် လေ ပြီ။ မည် သူ လွမ်း ဆွတ် မည် နည်း။ နှစ် သိမ့် စေ မည့် သူ တို့ ကို အ ဘယ် မှာ ရှ၍ တွေ့ နိုင် အံ့ နည်း ဟု ဆို ကြ လ တံ့။ Judson Bible သင့်ကို မြင်သမျှသော သူတို့က၊ နိနေဝေမြို့ ပျက်စီးပြီ။ အဘယ်သူ မြည်တမ်းမည်နည်းဟု ဆိုလျက်၊ သင့်ထံမှ ပြေးကြလိမ့်မည်။ နှစ်သိမ့်စေသောသူတို့ကို သင့်အဖို့ အဘယ်မှာ ငါရှာ၍ ရနိုင်သနည်း။ |
ဘေးနှစ်ခုသည် သင့်အပေါ်ကျရောက်လေပြီ။ မည်သူသည် သင့်အတွက် ဝမ်းနည်းမည်နည်း။ ဖျက်ဆီး၍ပျက်စီးခြင်းဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့်ဓားဘေးတို့သည် သင့်အပေါ်ကျရောက်လေပြီ။ သင့်ကို ငါမည်သို့နှစ်သိမ့်ပေးရမည်နည်း။
အို ဂျေရုဆလင်မြို့၊ သင့်ကိုမည်သူသနားမည်နည်း။ မည်သူစာနာထောက်ထားမည်နည်း။ မည်သူသည် သင့်အား သာကြောင်းမာကြောင်း လှည့်၍နှုတ်ခွန်းဆက်မည်နည်း”ဟု မိန့်တော်မူ၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အဆီးရီးယားဘုရင်ကို ဒဏ်ခတ်သကဲ့သို့ ဘေဘီလုံဘုရင်နှင့် သူ၏ပြည်ကို ဒဏ်ခတ်မည်။
ငါတို့သည် ဘေဘီလုံမြို့ကို ကုသပေးသော်လည်း ကုသ၍မရ။ သူ့ကိုထားခဲ့ပြီး ကိုယ့်ပြည်ကိုယ်ပြန်ကြစို့။ အကြောင်းမူကား သူခံရသောစီရင်ခြင်းသည် မိုးထိတိုင် ရောက်လေပြီ။ မိုးတိမ်ထိတိုင် မြင့်လေပြီ။
အို ဂျေရုဆလင်သမီး၊ သင့်ကို မည်သို့ပြောရမည်နည်း၊ မည်သည့်အရာဖြင့် နှိုင်းပြရမည်နည်း။ အို ဇိအုန်သမီးပျို၊ သင့်ကို မည်သူနှင့်ခိုင်းနှိုင်းပြီး နှစ်သိမ့်ပေးရမည်နည်း။ အကယ်စင်စစ် သင်၏ဒဏ်ရာသည် ပင်လယ်ကဲ့သို့နက်၍ သင့်ကို မည်သူကုသပေးနိုင်မည်နည်း။
နိနေဝေမြို့နှင့်ဆိုင်သောဗျာဒိတ်တော်၊ ဧလကောရှရွာသားနာဟုံခံရသောဗျာဒိတ်နိမိတ်ဆိုင်ရာမှတ်တမ်းကား ဤသို့တည်း။
ကိုယ်တော်သည် မြောက်ဘက်အရပ်သို့ လက်ကိုဆန့်၍ အဆီးရီးယားပြည်ကို ဖျက်ဆီးမည်။ နိနေဝေမြို့ကိုလည်း လူသူကင်းမဲ့ရာ၊ ခြောက်သွေ့သောကန္တာရကဲ့သို့ ဖြစ်စေမည်။
ထိုသူတို့၏အော်သံကို သူတို့ပတ်ပတ်လည်၌ရှိသော အစ္စရေးလူမျိုးအပေါင်းတို့သည် ကြား၍ “ငါတို့ကိုလည်း မြေမျိုလိမ့်မည်”ဟု ဆိုလျက် ထွက်ပြေးကြ၏။
ထိုသူတို့သည် သူခံရသည့်ညှဉ်းဆဲခြင်းကိုကြောက်ကြသောကြောင့် အဝေးမှရပ်လျက် ‘ကြီးမားသောမြို့၊ အားကြီးသောဘေဘီလုံမြို့၊ သင်သည် စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား။ အဘယ်ကြောင့်ဆိုသော် သင်ခံရသည့်တရားစီရင်ခြင်းသည် တိုတောင်းသောအချိန်တစ်ခုအတွင်း၌ ကျရောက်လေပြီ’ဟု ဆိုကြလိမ့်မည်။