စားပွဲပြင်ဆင်ကြ၏။ ကော်ဇောခင်းကြ၏။ သောက်စားကြ၏။ အို မှူးမတ်တို့၊ ထကြလော့။ ဒိုင်းလွှားများကိုဆီလူးကြလော့။
နာဟုံ 2:5 - မြန်မာ့စံမီသမ္မာကျမ်း သူသည် သူ၏မှူးမတ်တို့ကို သတိရလေ၏။ သူတို့သည် လမ်း၌ခလုတ်တိုက်လဲကျပြီး မြို့ရိုးသို့ အလျင်အမြန်ပြေးလာ၍ ဒိုင်းလွှားများဆောင်လျက် အဆင်သင့် နေရာယူကြ၏။ Common Language Bible တပ်မှူးတို့ကိုဆင့်ခေါ်လိုက်သောအခါ သူတို့သည်ခလုတ်တိုက်၍ပြိုလဲမတတ် ရှေ့သို့ချီတက်လာကြ၏။ ထိုးစစ်ဆင်သူတို့သည်မြို့ရိုးရှိရာသို့ အလျင်အမြန် ပြေးလာပြီးလျှင်၊ဒိုင်းလွှားများဖြင့် အကွယ်အကာယူကာခံတပ်ဖြိုသော တင်းပုတ်ကြီးများကိုတပ်ဆင်ကြ၏။ Garrad Bible ဗိုလ် မင်း တို့ ကို မိန့် ခေါ် သည့် အ တိုင်း မြို့ ရိုး ကို ဖောက် ရန် ခ လုတ် မ ရှောင် အ သော့ ချီ လာ ပြီး လျှင် Judson Bible စစ်သူရဲတို့ကို နှိုးဆော်တော်မူ၏။ သူတို့သည် ချီသွားစဉ် သူတစ်ပါးကို တွန်းချကြ၏။ မြို့ရိုးသို့ အလျင်အမြန်သွား၍ ပြအိုးတို့ကို ပြင်ဆင်ကြ၏။ |
စားပွဲပြင်ဆင်ကြ၏။ ကော်ဇောခင်းကြ၏။ သောက်စားကြ၏။ အို မှူးမတ်တို့၊ ထကြလော့။ ဒိုင်းလွှားများကိုဆီလူးကြလော့။
သူတို့တွင် မောပန်းသောသူမရှိ၊ ခလုတ်တိုက်၍လဲသောသူမရှိ၊ ငိုက်မျဉ်းသောသူမရှိ၊ အိပ်ပျော်သောသူမရှိ။ သူတို့၏ခါးပန်းမပြေ။ သူတို့၏ဖိနပ်ကြိုးမပြတ်။
သင်အရှက်ကွဲသည်ကို လူမျိုးတကာတို့ ကြားသိလေပြီ။ သင့်အော်ဟစ်ငိုကြွေးသံသည်လည်း မြေတစ်ပြင်လုံးကို ဖုံးလွှမ်းလေပြီ။ စစ်သူရဲအချင်းချင်းတိုက်မိ၍ သူတို့နှစ်ယောက်စလုံး အတူတကွလဲကျလေပြီ။
ဘေဘီလုံမြို့ကိုတိုက်ခိုက်ရန် လေးပစ်ကျွမ်းသောလေးသည်တော်အပေါင်းတို့ကို ခေါ်ကြ။ မြို့ပတ်ပတ်လည်၌ တပ်ချကြ။ ထိုမြို့သည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားကို ဆန့်ကျင်သည်ဖြစ်၍ ထိုမြို့ပြုခဲ့သမျှအတိုင်း ပြန်၍ပြုကြ။ ထိုမြို့ကျင့်သည့်အတိုင်း ပြန်ပေးဆပ်စေ။ မည်သူမျှ မလွတ်မြောက်စေနှင့်။
အို အဆီးရီးယားမင်းကြီး၊ သင့်သိုးထိန်းတို့ အိပ်ငိုက်နေကြပြီ။ သင့်မှူးမတ်တို့ လဲလျောင်းနေကြပြီ။ သင့်ပြည်သူပြည်သားတို့သည် တောင်များပေါ်တွင် ကွဲလွင့်ကုန်ကြ၍ စုစည်းပေးမည့်သူ မရှိ။
တောက်ပြောင်သောဓားကိုဝင့်လျက်၊ လင်းလက်သောလှံကိုမြှောက်လျက် မြင်းစီးသူရဲတို့ ချီလာကြပြီ။ လူအမြောက်အမြား အသတ်ခံရသဖြင့် အလောင်းကောင်များ စုပုံနေပြီ။ အလောင်းကောင်တို့သည်လည်း အတိုင်းမသိများပြားကြ၏။ ထိုအလောင်းများကိုပင် ခလုတ်တိုက်လဲကျကြလေပြီ။
သူတို့၏မြင်းများသည် ကျားသစ်များထက် လျင်မြန်၏။ နေဝင်ချိန်ရောက်မှ သွားလာတတ်သောဝံပုလွေများထက် ရက်စက်၏။ သူတို့၏မြင်းစီးသူရဲတို့ ဒုန်းစိုင်းချီတက်လာပြီ။ မြင်းစီးသူရဲတို့ အဝေးမှ ဒုန်းစိုင်းပြေးလာနေသည်မှာ တစ်ဟုန်ထိုး ထိုးသုတ်ဖမ်းစားတတ်သည့် လင်းယုန်ကဲ့သို့ပင် ဖြစ်၏။