နာဟုံ 2:5 - Common Language Bible5 တပ်မှူးတို့ကိုဆင့်ခေါ်လိုက်သောအခါ သူတို့သည်ခလုတ်တိုက်၍ပြိုလဲမတတ် ရှေ့သို့ချီတက်လာကြ၏။ ထိုးစစ်ဆင်သူတို့သည်မြို့ရိုးရှိရာသို့ အလျင်အမြန် ပြေးလာပြီးလျှင်၊ဒိုင်းလွှားများဖြင့် အကွယ်အကာယူကာခံတပ်ဖြိုသော တင်းပုတ်ကြီးများကိုတပ်ဆင်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible5 ဗိုလ် မင်း တို့ ကို မိန့် ခေါ် သည့် အ တိုင်း မြို့ ရိုး ကို ဖောက် ရန် ခ လုတ် မ ရှောင် အ သော့ ချီ လာ ပြီး လျှင် အခန်းကိုကြည့်ပါ။Judson Bible5 စစ်သူရဲတို့ကို နှိုးဆော်တော်မူ၏။ သူတို့သည် ချီသွားစဉ် သူတစ်ပါးကို တွန်းချကြ၏။ မြို့ရိုးသို့ အလျင်အမြန်သွား၍ ပြအိုးတို့ကို ပြင်ဆင်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 သူသည် သူ၏မှူးမတ်တို့ကို သတိရလေ၏။ သူတို့သည် လမ်း၌ခလုတ်တိုက်လဲကျပြီး မြို့ရိုးသို့ အလျင်အမြန်ပြေးလာ၍ ဒိုင်းလွှားများဆောင်လျက် အဆင်သင့် နေရာယူကြ၏။ အခန်းကိုကြည့်ပါ။ |
အို အာရှုရိဘုရင်သင်၏ဘုရင်ခံများသည် အိပ်ငိုက်ကြလေပြီ။ သင်၏မှူးမတ်များသည် လည်းထာဝရအိပ်ပျော်လျက်နေကုန်၏။ သင် ၏ပြည်သူတို့သည်တောင်များပေါ်တွင်ကွဲ လွင့်လျက်ရှိရာသူတို့အားမိမိတို့ပြည် သို့တစ်ဖန်ပြန်လည်ခေါ်ဆောင်ပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိတော့ပေ။-
``ဗာဗုလုန်မြို့ကိုတိုက်ခိုက်ရန်လေးသမား တို့အားပြောကြားကြလော့။ လေးနှင့်မြား ကိုအသုံးပြုတတ်သူမှန်သမျှကိုစေလွှတ် ကြလော့။ မြို့ကိုဝိုင်းရံထားကြလော့။ အဘယ် သူမျှထွက်မပြေးစေနှင့်။ ထိုမြို့သားတို့အား လက်စားချေကြလော့။ သူတို့သည် သူတစ်ပါး တို့အားပြုကျင့်ခဲ့ကြသည့်အတိုင်းသူတို့ အားပြုကျင့်ကြလော့။ အဘယ်ကြောင့်ဆို သော်သူတို့သည်ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ဖြစ်သူငါ့ကိုမာနထောင်လွှားစွာဆန့် ကျင်ခဲ့ကြပြီ။-
ဗျာဒိတ်ရူပါရုံတွင်ညစာစားပွဲကြီးတစ် ခုအသင့်ပြင်ဆင်ထားသည်ကိုငါမြင်ရ၏။ ဧည့်သည်တို့ထိုင်ရန်အတွက်ကော်ဇောများ ကိုခင်းထားလေသည်။ သူတို့သည်စားသောက် လျက်နေကြစဉ်``တပ်မှူးတို့၊ သင်တို့၏ဒိုင်းလွှား များကိုအသင့်ပြင်ကြလော့'' ဟူသောအမိန့် တော်တစ်ရပ်ရုတ်တရက်ထွက်ပေါ်၍လာ၏။
``သူတို့၏မြင်းများသည်ကျားသစ်ထက်လျင်မြန်၍ အစာဆာလောင်နေသောဝံပုလွေထက်ပင်ကြောက်မက်ဖွယ်ကောင်း၏။ မြင်းစီးသူရဲတို့သည်မြင်းများကို ရပ်ဝေးမှအပြင်းနှင်၍လာကြ၏။ သူတို့၏မြင်းများသည်မြေကိုခွာဖြင့်ရှပ်ကြ၏။ သူတို့သည်အစာကိုချီသုတ်မည့်လင်းယုန်ငှက်ကဲ့သို့တစ်ရှိန်ထိုးမောင်းနှင်လာလေသည်။