သူ့အနီးတွင် မြားကျည်တောက်သံ တတောက်တောက်မြည်၍ လှံတိုလှံရှည်တို့ တလက်လက်တောက်ပနေသော်လည်း သူမကြောက်။
နာဟုံ 2:3 - မြန်မာ့စံမီသမ္မာကျမ်း သူ့စစ်သူရဲတို့၏ဒိုင်းလွှားများကို အနီရောင်ချယ်ထားကြ၏။ စစ်သည်တို့သည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကြ၏။ စစ်ခင်းကျင်းသောနေ့၌ စစ်ရထားတို့သည် သတ္တုရောင်တောက်ပြောင်လျက်၊ လက်နက်များကိုလည်း ဝှေ့ယမ်းလျက်ရှိ၏။ Common Language Bible ရန်သူစစ်သူရဲတို့သည်ဒိုင်းလွှားနီများ ကိုကိုင်ဆောင်ကာ ဆင်တူဝတ်စုံနီများကိုဝတ်ဆင်ထားကြ၏။ သူတို့သည်တိုက်ခိုက်ရန်အသင့်ပြင်ဆင်လျက် ရှိကြ၏။ သူတို့၏စစ်မြင်းရထားများသည်မီးလျှံ သဖွယ် တောက်ပလျက်၊ သူတို့၏မြင်းများသည်ခုန်ပေါက်၍နေကြ၏။ Garrad Bible ထာ ဝ ရ ဘု ရား ပြန် ရောက် စေ တော် မူ၏။ ရန် ဘက် သူ ရဲ တို့၏ ဒိုင်း လွှား နီ လျက် စွမ်း ရည် ကောင်း သူ တို့ မြင်း တို မြင်း ရှည် နီ လှ ၏။ စစ် ရ ထား များ သည် ခင်း ကျင်း သော နေ့ ရက်၌ သံ မ ဏိ အ ရောင် တောက် လျက် လှံ လက် နက် များ လည်း မြှောက် ဝင့် လျက် ရှိ ၏။ Judson Bible သူရဲတို့သည် နီသော ဒိုင်းလွှားကိုဆောင်၍၊ နီသောအဝတ်ကို ဝတ်ကြ၏။ ခင်းကျင်းသောနေ့၌ ရထားတို့သည် သံလက်နက်နှင့် တောက်ပ၍၊ လှံတံတို့သည် အလွန်လှုပ်ရှားကြ၏။ |
သူ့အနီးတွင် မြားကျည်တောက်သံ တတောက်တောက်မြည်၍ လှံတိုလှံရှည်တို့ တလက်လက်တောက်ပနေသော်လည်း သူမကြောက်။
တောဝက်သည် ထိုအပင်ကိုကိုက်ဖြတ်၍ တောသတ္တဝါတို့သည်လည်း ဝိုင်းဖွဲ့စားကြပါ၏။
ထင်းရှူးပင်၊ လက်ဘနွန်တောင်ရှိသစ်ကတိုးပင်တို့ပင်လျှင် သင့်အဖြစ်ကြောင့် ဝမ်းမြောက်ကြ၏။ “သင်အိပ်ပျော်သွားသောအချိန်မှစ၍ ငါတို့ကိုခုတ်လှဲမည့်သူ မတက်လာပါ”ဟု ဆိုကြ၏။
သူတို့သည် စစ်ရထားများ၊ လှည်းများ၊ လူအလုံးအရင်းများနှင့်တကွ သင့်ကိုလာတိုက်လိမ့်မည်။ ဒိုင်းများ၊ လွှားများ၊ သံခမောက်များပါလျက် သင့်ကိုဝိုင်းရံတပ်စွဲကြလိမ့်မည်။ သင့်ကိုအပြစ်ပေးရန် သူတို့လက်သို့အပ်လိုက်သဖြင့် သူတို့၏စီရင်ချက်အတိုင်း သင့်ကိုစီရင်လိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ မြောက်ဘက်အရပ်မှ ဘုရင်တကာတို့၏ဘုရင်ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို လူအလုံးအရင်းနှင့်တကွ မြင်းများ၊ ရထားများ၊ မြင်းစီးသူရဲများပါလျက် တိုင်ရာမြို့သို့ ငါချီတက်လာစေမည်။
ညအချိန်၌ ငါကြည့်လိုက်ရာ လူတစ်ဦးသည် အနီရောင်မြင်းကိုစီးလာပြီး မုရတုပင်တို့အလယ်တောနက်ထဲတွင် ရပ်နေ၍ သူ့နောက်တွင် မြင်းနီ၊ မြင်းညို၊ မြင်းဖြူတို့လည်း ရပ်နေသည်ကို ငါမြင်ရ၏။
အို ထင်းရှူးပင်၊ ညည်းတွားလော့။ အကြောင်းမူကား သစ်ကတိုးပင် လဲကျ၍ ကျက်သရေဆောင်သစ်ပင်တို့ ပျက်စီးကုန်ပြီ။ အို ဗာရှန်ဝက်သစ်ချပင်တို့၊ ညည်းတွားကြလော့။ အကြောင်းမူကား ထူထပ်သောသစ်တောကြီး ပြုန်းတီးသွားလေပြီ။
တစ်ဖန် ကောင်းကင်၌ အခြားသောနိမိတ်လက္ခဏာကိုတွေ့မြင်ရ၏။ ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်းရှိ၍ သူ၏ခေါင်းများပေါ်တွင် သရဖူခုနစ်ခုကိုဆောင်းထားသည့် နီရဲသောနဂါးကြီးတစ်ကောင်ရှိ၏။
ထိုအခါ နီရဲသောအခြားမြင်းတစ်ကောင်ထွက်လာ၏။ ထိုမြင်းပေါ်တွင်စီးသောသူသည် လူတို့အား အချင်းချင်းသတ်ဖြတ်ကြစေရန် မြေကြီးပေါ်မှ ငြိမ်းချမ်းမှုကိုရုပ်သိမ်းရသောအခွင့်ကိုရရှိ၏။ ကြီးမားသောဓားတစ်လက်ကိုလည်း သူ့အားပေးလေ၏။