အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




နာ​ဟုံ 1:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ပင်လယ်​ကို ဆုံးမ​ပြီး ခြောက်သွေ့​စေ​တော်မူ​၏​။ ရှိသမျှ​သော​မြစ်​တို့​ကို​လည်း ခန်းခြောက်​စေ​တော်မူ​၏​။ ဗာရှန်​ပြည်​နှင့် ကရမေလ​တောင်​တို့​သည် ခြောက်သွေ့​၍ လက်ဘနွန်​တောင်​ရှိ​ပန်း​များ​လည်း ညှိုးနွမ်း​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​သည်​ပင်​လယ်​ကို​အ​မိန့်​ပေး​တော်​မူ သော​အ​ခါ​ပင်​လယ်​ရေ​သည်​ခန်း​ခြောက်​၍ သွား​၏။ ကိုယ်​တော်​သည်​မြစ်​တို့​ကို​လည်း ရေ​ကုန်​ခန်း​စေ​တော်​မူ​၏။ ဗာ​ရှန်​တောင်​သည်​ညှိုး​နွမ်း​ခြောက်​သွေ့​ကာ က​ရ​မေ​လ​တောင်​သည်​အ​ညို​ရောင်​သန်း​၍ သွား​၏။ လေ​ဗ​နုန်​တောင်​မှ​ပန်း​များ​သည်​လည်း ညှိုး​နွမ်း​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

သ မု ဒ္ဒ ရာ ကို ဆုံး မ လျက် မြစ် ချောင်း ရှိ သ မျှ ပါ၊ ခန်း ခြောက် စေ တော် မူ သည့် အ တိုင်း ဗာ ရှန်၊ က ရ မေ လ တောင် နှင့် လေ ဗ နုန် တောင် ရှိ အ ပင် များ သည် ညှိုး နွမ်း ရ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ပင်​လယ်​ကို ဆုံး​မ၍ ခန်း​ခြောက်​စေ​တော်​မူ၏။ ခပ်​သိမ်း​သော မြစ်​ရေ​ကို​လည်း ကုန်​စေ​တော်​မူ၏။ ဗာ​ရှန်​တောင်​နှင့် က​ရ​မေ​လ​တောင်​တို့​သည် ညှိုး​နွမ်း​ကြ၏။ လေ​ဗ​နုန်​အ​ပွင့်​လည်း ညှိုး​နွမ်း၏။

အခန်းကိုကြည့်ပါ။



နာ​ဟုံ 1:4
22 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​သည် နောဧ​မှစ၍ သူ​နှင့်အတူ​သင်္ဘော​ထဲ၌​ရှိ​သော တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​ကို​လည်းကောင်း​၊ ယဉ်ပါးသောတိရစ္ဆာန်​အပေါင်း​တို့​ကို​လည်းကောင်း အောက်မေ့​တော်မူ​၏​။ ဘုရားသခင်​သည် မြေကြီး​ပေါ်မှာ​လေ​တိုက်​စေ​တော်မူ​သဖြင့် ရေ​သည် လျော့ကျ​သွား​လေ​၏​။


ထာဝရဘုရား​၏​ဆုံးမ​ခြင်း​နှင့် နှာခေါင်း​တော်​ထဲမှ ရှူထုတ်​သော​လေ​ကြောင့် ပင်လယ်​ကြမ်းပြင်​များ ပေါ်လာ​၍ ကမ္ဘာကြီး​၏​အောက်ခြေ​တို့​သည် ဟင်းလင်းပြင်​ဖြစ်​လေ​၏​။


ပင်လယ်​အား ‘​သင်​တက်လာ​နိုင်​၏​။ ဤ​နေရာ​ထက်​မ​ကျော်​ရ​၊ ဤ​နေရာ​သည် လှိုင်းလုံး​ကြီး​များ​ရှိ​ရ​မည့်​နေရာ ဖြစ်​၏​’​ဟု ငါ​မှာထား​၏​။


ကိုယ်တော်​ဆုံးမ​တော်မူ​သောအခါ ထွက်ပြေး​သွား​ပါ​၏​။ မိုးချုန်း​သံ​နှင့်တူသော​အသံ​တော်​ကြောင့် အလျင်အမြန်​ထွက်ပြေး​သွား​ပါ​၏​။


ကိုယ်တော်​သည် ပင်လယ်​နီ​ကို ဆုံးမ​တော်မူ​ရာ ၎င်း​သည်​ခန်းခြောက်​လေ​၏​။ ထို့နောက် တောကန္တာရ​ကို​ဖြတ်​သကဲ့သို့ နက်ရှိုင်း​သော​ရေထု​ကို ဖြတ်​၍ သူ​တို့​ကို​ပို့ဆောင်​တော်မူ​၏​။


ပင်လယ်​သည် မြင်​၍​ထွက်ပြေး​လေ​၏​။ ဂျော်ဒန်​မြစ်​သည် နောက်​သို့​ပြန်လှည့်​လေ​၏​။


အချင်း​ပင်လယ်​၊ သင်​သည် အဘယ်ကြောင့်​ထွက်ပြေး​ရ​သနည်း​။ အချင်း​ဂျော်ဒန်​မြစ်​၊ သင်​သည် အဘယ်ကြောင့် နောက်​သို့​ပြန်လှည့်​ရ​သနည်း​။


ကိုယ်တော်​သည် အထက်အရပ်​မှ​လှမ်း​၍ ငါ့​ကို​ဆွဲကိုင်​တော်မူ​၏​။ ရေထု​ထဲမှ ငါ့​ကို​ဆယ်ယူ​တော်မူ​၏​။


ကိုယ်တော်​သည် စမ်းရေ​နှင့်​စမ်းချောင်း​ကို ပေါက်ထွက်​စေ​၍ အမြဲ​စီးဆင်း​သော​မြစ်​များ​ကို ခန်းခြောက်​စေ​တော်မူ​၏​။


တိုင်းပြည်​သည် ငိုကြွေးမြည်တမ်း​၍ အားလျော့​လေ​ပြီ​။ လက်ဘနွန်​တောင်​သည် အရှက်ရ​၍ ညှိုးနွမ်း​လေ​ပြီ​။ ရှာရုန်​အရပ်​သည် အရာဗ​လွင်ပြင်​နှင့်​တူ​လေ​ပြီ​။ ဗာရှန်​တောင်​၊ ကရမေလ​တောင်​သည် မိမိ​တို့​အရွက်​များ​ကို​ခါချ​ပြီ​။


ငါ​သည် တောင်ကြီး​၊ တောင်ငယ်​များ​ကို ဖျက်ဆီး​မည်​။ အပင်​ရှိသမျှ​တို့​ကို ခြောက်သွေ့​စေ​မည်​။ မြစ်​များ​ကို ကျွန်း​ဖြစ်စေ​မည်​။ ရေအိုင်​များ​ကို ခန်းခြောက်​စေ​မည်​။


ငါ​သည် သမုဒ္ဒရာ​ကို ‘​ခန်းခြောက်​လော့​။ သင်​၏​မြစ်​တို့​ကို​လည်း ငါ​ခြောက်သွေ့​စေ​မည်​’​ဟု မိန့်ဆို​၏​။


အလွန်​နက်ရှိုင်း​သော​ပင်လယ်​ရေထု​ကို​ခန်းခြောက်​စေ​သော​သူ​၊ ရွေးနုတ်​ခံရ​သော​သူ​များ​ဖြတ်ကူး​နိုင်​ရန် နက်ရှိုင်း​သော​ပင်လယ်​ကို လမ်း​ဖြစ်စေ​သော​သူ​ကား ကိုယ်တော်​ပင်​မ​ဟုတ်​လော​။


မြစ်ချောင်း​များ​ကို ခန်းခြောက်​စေ​မည်​။ ပြည်​ကို လူဆိုး​တို့​လက်​သို့ အပ်​လိုက်​မည်​။ တစ်ပါးအမျိုးသား​တို့​လက်ချက်​ဖြင့် ပြည်​တစ်ပြည်လုံး​ကို ဖျက်ဆီး​ပစ်​မည်​ဟု ငါ​ထာဝရဘုရား မိန့်ဆို​ပြီ’​ဟု မိန့်​တော်မူ​၏​။


ပင်လယ်​ငါး​များ​၊ မိုးကောင်းကင်​ငှက်​များ​၊ တောရိုင်းတိရစ္ဆာန်​များ​၊ မြေ​ပေါ်မှာ​တွားသွားသောသတ္တဝါ​များ​အပါအဝင် ကမ္ဘာမြေ​ပေါ်​ရှိ​လူသား​အားလုံး​တို့​သည် ငါ့​မျက်မှောက်​တွင် တုန်လှုပ်​ကြ​လိမ့်မည်​။ တောင်​များ​လည်း ပြိုကျ​လိမ့်မည်​။ ချောက်ကမ်းပါး​များ​လည်း လဲပြိုကျ​လိမ့်မည်​။ မြို့ရိုး​လည်း မြေ​တိုင်အောင် လဲပြိုကျ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


အာမုတ်​က “​ထာဝရဘုရား​၏​အသံ​တော်​သည် ဇိအုန်​တောင်​ပေါ်မှ​ဟိန်းထွက်​လာ​၍ အသံ​တော်​ကို ဂျေရုဆလင်​မြို့​မှ လွှင့်​တော်မူ​သောအခါ သိုးကျောင်း​ရာ​စားကျက်မြေ​များ ခြောက်သွေ့​၍ ကရမေလ​တောင်​ထိပ်​သည် ညှိုးနွမ်း​သွား​ပြီ”​ဟု ဆို​၏​။


ခုနစ်စင်ကြယ်​နှင့် သရဝဏ်နက္ခတ်​တို့​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​၊ သေမင်းအရိပ်​ကို နံနက်အလင်း​ဖြစ်စေ​သော​အရှင်​၊ နေ့​ကို ည​အမှောင်​ဖြစ်စေ​သော​အရှင်​၊ ပင်လယ်​ရေ​ကို ဆင့်ခေါ်​ပြီး ထို​ရေ​တို့​ကို မြေ​မျက်နှာပြင်​ပေါ်​လွှတ်ပေး​လိုက်​သော​အရှင်​၏​နာမ​တော်​ကား ထာဝရဘုရား​ဟူ၍​ဖြစ်​၏​။


ထိုအခါ ကိုယ်တော်​က“ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ အဘယ်ကြောင့် ကြောက်​တတ်​သနည်း”​ဟု မိန့်​တော်မူ​ပြီးလျှင် ထ​၍ လေ​နှင့်​ပင်လယ်​တို့​ကို ဆုံးမ​တော်မူ​ရာ အလွန်​ငြိမ်သက်​သာယာ​သွား​လေ​၏။


အထက်​မှ​စီးဆင်း​လာ​သော​ရေ​သည် ရပ်​၍ အလှမ်းဝေး​သော​ဇာရတန်​မြို့​အနီး​ရှိ​အာဒံ​မြို့​အထိ တစ်ဖက်တည်း​၌​စုပုံ​လျက် တန့်​နေ​၏​။ အရာဗ​ပင်လယ်​ဟု​ခေါ်​သော ဆား​ပင်လယ်​တိုင်အောင် စီးဆင်း​သော​ရေ​သည် လုံးလုံး​ပြတ်​သွား​၏​။ လူ​တို့​သည်​လည်း တစ်ဖက်ကမ်း​ရှိ ဂျေရိခေါ​မြို့​သို့ ကူးသွား​ကြ​၏​။