ထို့နောက် ကိုယ်တော်သည် မိမိလူမျိုးတော်ကို အလွန်ပွားများစေ၍ သူတို့၏ရန်သူများထက် ပို၍အားကြီးစေတော်မူ၏။
ဒံယေလ 8:9 - မြန်မာ့စံမီသမ္မာကျမ်း ထိုချိုလေးချောင်းမှတစ်ချောင်းတွင် ချိုအတက်တစ်ခုပေါက်လာ၍ တောင်ဘက်၊ အရှေ့ဘက်၊ သာယာဝပြောသောပြည်ဘက်သို့တိုင်အောင် ကြီးမားလာလေ၏။ Common Language Bible ထိုဦးချိုလေးချောင်းအနက်တစ်ချောင်း တွင်ချိုအတက်တစ်ချောင်းပေါက်၍လာ၏။ ထိုချိုတက်သည်တောင်ဘက်အရပ်၊ အရှေ့ အရပ်နှင့်ကတိထားတော်မူသောပြည်တော် သို့တိုင်အောင်အာဏာတန်ခိုးရှိလေသည်။- Garrad Bible တစ် ချောင်း မှာ အ တက် ပေါ် ပြန်၍ တောင် အ ရပ်၊ အ ရှေ့ အ ရပ် များ နှင့် ရ တ နာ ပြည် သို့ မျက် နှာ မူ၍ အ လွန် တိုး တက် ကြီး ပွား လျက်၊ Judson Bible ထိုချိုလေးချောင်းတွင် တစ်ချောင်းထဲက အခြားသော ချိုတက်တစ်ချောင်းပေါက်ပြန်၍ တောင်မျက်နှာသို့လည်းကောင်း၊ အရှေ့မျက်နှာသို့လည်းကောင်း၊ သာယာသောပြည်သို့လည်းကောင်း မျက်နှာပြု၍၊ အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။ |
ထို့နောက် ကိုယ်တော်သည် မိမိလူမျိုးတော်ကို အလွန်ပွားများစေ၍ သူတို့၏ရန်သူများထက် ပို၍အားကြီးစေတော်မူ၏။
မြင့်မားတင့်တယ်၍ ကမ္ဘာမြေတစ်ခွင်လုံး၏ ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ မြောက်ဘက်စွန်းရှိဇိအုန်တောင်သည် ကြီးမြတ်သော ရှင်ဘုရင်၏မြို့တော်ဖြစ်၏။
သို့သော် ‘ငါသည် သင့်ကို သားတို့တွင် မည်သို့နေရာပေးရမည်နည်း။ သာယာသောပြည်နှင့် လူမျိုးအားလုံးတို့၏လှပသောအမွေကို သင့်အား မည်သို့ပေးရမည်နည်း’ဟု ငါဆိုခဲ့၏။ ‘သင်သည် ငါ့ကို အကျွန်ုပ်၏အဖဟု ခေါ်ဆိုပြီး ငါ့ထံမှ ပြန်လှည့်သွားမည် မဟုတ်’ဟု ငါထင်ခဲ့၏။
ပြည်တကာတို့ထက် သာယာဝပြောသောပြည်ဖြစ်၍ ‘နို့နှင့်ပျားရည်စီးသောပြည်’ ဖြစ်သည့် သူတို့အားငါပေးသောပြည်သို့ သူတို့ကို မပို့ဆောင်တော့ဟု တောကန္တာရတွင် ငါကျိန်ဆိုခဲ့၏။
ထိုနေ့တွင်ပင် သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ပြည်တကာတို့ထက် သာယာဝပြောသောပြည်၊ သူတို့အဖို့ ရွေးချယ်ထားသော ‘နို့နှင့်ပျားရည်စီးသောပြည်’သို့ ပို့ဆောင်ပေးမည်ဟု ကတိသစ္စာပြုခဲ့၏။
တောင်ဘုရင်ကို လာတိုက်သောမြောက်ဘုရင်သည် အလိုရှိသည့်အတိုင်းပြုလိမ့်မည်။ သူ့ကို မည်သူမျှခုခံနိုင်မည်မဟုတ်။ သူသည် သာယာဝပြောသောပြည်တွင် စံမြန်းလျက် သုတ်သင်ဖျက်ဆီးခြင်းအာဏာကိုစွဲကိုင်ထားမည်။
ထို့နောက် ထိုမင်း၏နေရာတွင် ယုတ်ညံ့သောမင်းတစ်ပါးပေါ်လာလိမ့်မည်။ မည်သူမျှ သူ့ကို နန်းစံဖို့ မင်းမမြှောက်။ လူတို့ လုံခြုံစိတ်ချစွာနေနေကြစဉ် သူသည် ရောက်လာ၍ နိုင်ငံကို လိမ်လည်သိမ်းယူလိမ့်မည်။
ထိုချိုများအကြောင်းကို စဉ်းစားလျက်နေစဉ် အခြားချိုငယ်တစ်ချောင်းသည် ထိုချိုများကြားမှ ပေါက်လာ၏။ ထိုချိုများထဲမှ သုံးချောင်းသည် သူ့ရှေ့တွင်ပင် အမြစ်ပါမကျန်နုတ်ပစ်ခြင်းခံရ၏။ ချိုငယ်တွင် လူမျက်စိနှင့်တူသော မျက်စိရှိ၏။ ဝါကြွားပြောဆိုတတ်သောနှုတ်လည်း ရှိ၏။
ထို့ပြင် သူတို့မသိသောလူမျိုးခြားတို့နေရာအရပ်ရပ်သို့ သူတို့အားလေပွေနှင့်အတူ ငါလွင့်သွားစေ၏။ သူတို့ပြည်သည် လူသူကင်းမဲ့ရာအဖြစ် ကျန်ရစ်လေပြီ။ ဖြတ်သန်းသွားလာသောသူလည်း မရှိ။ သာယာသောပြည်သည် လူသူကင်းမဲ့လေပြီ”ဟု မိန့်ဆို၏။