Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 8:9 - Common Language Bible

9 ထို​ဦး​ချို​လေး​ချောင်း​အ​နက်​တစ်​ချောင်း တွင်​ချို​အ​တက်​တစ်​ချောင်း​ပေါက်​၍​လာ​၏။ ထို​ချို​တက်​သည်​တောင်​ဘက်​အ​ရပ်၊ အ​ရှေ့ အ​ရပ်​နှင့်​ကတိ​ထား​တော်​မူ​သော​ပြည်​တော် သို့​တိုင်​အောင်​အာ​ဏာ​တန်​ခိုး​ရှိ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 တစ် ချောင်း မှာ အ တက် ပေါ် ပြန်၍ တောင် အ ရပ်၊ အ ရှေ့ အ ရပ် များ နှင့် ရ တ နာ ပြည် သို့ မျက် နှာ မူ၍ အ လွန် တိုး တက် ကြီး ပွား လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ထို​ချို​လေး​ချောင်း​တွင် တစ်​ချောင်း​ထဲ​က အ​ခြား​သော ချို​တက်​တစ်​ချောင်း​ပေါက်​ပြန်၍ တောင်​မျက်​နှာ​သို့​လည်း​ကောင်း၊ အ​ရှေ့​မျက်​နှာ​သို့​လည်း​ကောင်း၊ သာ​ယာ​သော​ပြည်​သို့​လည်း​ကောင်း မျက်​နှာ​ပြု၍၊ အ​လွန်​ကြီး​မား​ခြင်း​သို့ ရောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ထို​ချို​လေး​ချောင်း​မှ​တစ်​ချောင်း​တွင် ချို​အတက်​တစ်​ခု​ပေါက်လာ​၍ တောင်ဘက်​၊ အရှေ့ဘက်​၊ သာယာဝပြော​သော​ပြည်​ဘက်​သို့​တိုင်အောင် ကြီးမား​လာ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 8:9
12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား သား​သ​မီး​များ​စွာ​ထွန်း​ကား​လာ​စေ​တော်​မူ​သ​ဖြင့် ရန်​သူ​တို့​ထက်​ပို​၍​အင်​အား​ကြီး​မား​စေ​တော်​မူ​၏။


ဘု​ရား​သ​ခင်​၏​တောင်​တော်​ဖြစ်​သည့် ဇိ​အုန်​တောင်​သည်​မြင့်​မား​၍​လှ​ပ​တင့်​တယ် ပါ​၏။ မ​ဟာ​မင်း​မြတ်​၏​မြို့​တော်​သည်​ကမ္ဘာ​သူ ကမ္ဘာ​သား​တို့​အား​စိတ်​ရွှင်​လန်း​စေ​ပါ​၏။


ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင့်​အား​သား​အ​ဖြစ်​လက်​ခံ​၍ ပျော်​မွေ့​ဖွယ်​ကောင်း​သော​ပြည်၊ ကမ္ဘာ​ပေါ်​တွင်​အ​သာ​ယာ​ဆုံး​သော​ပြည်​ကို ပေး​အပ်​ရန်​ငါ​အ​လို​ရှိ​ခဲ့​၏။ သင်​သည်​ငါ့​အား​အ​ဖ​ဟု​ခေါ်​၍​အ​ဘယ်​အ​ခါ ၌​မျှ ငါ့​အား​ကျော​မ​ခိုင်း​ဘဲ​နေ​ရန်၊ငါ​အ​လို​ရှိ​ခဲ့​၏။


သို့​ဖြစ်​၍​အ​သာ​ယာ​ဆုံး​သော​ပြည်၊ နို့​နှင့် ပျား​ရည်​စီး​နေ​သော​ပြည်​တည်း​ဟူ​သော ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​သို့ သူ​တို့​အား​ပို့ ဆောင်​တော့​မည်​မ​ဟုတ်​ဟု​ငါ​သည်​တော ကန္တာ​ရ​တွင်​ကျိန်​ဆို​ခဲ့​၏။-


သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ကာ သူ​တို့​အ​တွက်​ရွေး​ချယ်​ထား​သော​ပြည်​သို့ ခေါ်​ယူ​သွား​မည်​ဟု ငါ​က​တိ​ပေး​ကျိန်​ဆို ခဲ့​သည်​မှာ​ထို​အ​ခါ​က​ဖြစ်​၏။ ထို​ပြည်​ကား နို့​နှင့်​ပျား​ရည်​စီး​ဆင်း​နေ​၍​ပေါ​များ​သော ပြည်၊ အ​သာ​ယာ​ဆုံး​သော​ပြည်​ဖြစ်​၏။-


ချင်း​နင်း​ဝင်​ရောက်​လာ​သည့်​ဆီး​ရီး​ယား​ဘု​ရင် သည်​ခု​ခံ​မှု​ကို​မ​ခံ​ရ​ဘဲ ထို​သူ​တို့​အား​မိ​မိ အ​လို​ရှိ​သည်​အ​တိုင်း​ပြု​နိုင်​လိမ့်​မည်။ သူ​သည် က​တိ​ထား​တော်​မူ​သော​ပြည်​တော်​သို့​ဝင်​၍ မိ​မိ​၏​လက်​တွင်း​သို့​အ​ပြီး​တိုင်​ကျ​ရောက် စေ​လိမ့်​မည်။


ဆက်​လက်​၍​ကောင်း​ကင်​တ​မန်​က``ထို​နောက် နန်း​တက်​သည့်​ဆီး​ရီး​ယား​ဘု​ရင်​သည်​မင်း ဖြစ်​ထိုက်​သူ​မ​ဟုတ်၊ ဆိုး​ညစ်​သူ​ဖြစ်​လိမ့် မည်။ သို့​ရာ​တွင်​သူ​သည်​အ​မှတ်​မ​ထင်​ပေါ် ထွန်း​လာ​လျက်​ပရိ​ယာယ်​အား​ဖြင့်​အာ​ဏာ သိမ်း​လိမ့်​မည်။-


ထို​ဦး​ချို​တို့​ကို​ကြည့်​နေ​စဉ်​ယင်း​တို့​အ​ကြား​မှ​ဦး​ချို​ငယ်​တစ်​ချောင်း​ပေါ်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ ထို​ဦး​ချို​ငယ်​က​ရှိ​ပြီး​ဦး​ချို​သုံး​ချောင်း​ကို​ဖယ်​ရှား​လိုက်​လေ​သည်။ ထို​ဦး​ချို​ငယ်​တွင်​လူ​ကဲ့​သို့​မျက်​စိ​များ​နှင့်​ကြွား​ဝါ​တတ်​သော​နှုတ်​ရှိ​၏။


မုန်​တိုင်း​သ​ဖွယ်​တိုက်​ခတ်​ကာ​နိုင်​ငံ​ရပ် ခြား​များ​သို့​လွင့်​စင်​သွား​စေ​၏။ ဤ​သာ ယာ​သော​ပြည်​သည်​လည်း​နေ​ထိုင်​သူ​မ ရှိ​ဘဲ​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လျက်​ကျန် ရစ်​ခဲ့​ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ