သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
ဒံယေလ 8:23 - မြန်မာ့စံမီသမ္မာကျမ်း ထိုနိုင်ငံများပျက်သုဉ်းချိန်ရောက်ခါနီး ပုန်ကန်ထကြွမှုများ ပေါ်ပေါက်သောအခါ မျက်နှာထားခက်ထန်ပြီး စကားလိမ်လည်ရာ၌ ကျွမ်းကျင်သောရှင်ဘုရင်တစ်ပါး ပေါ်လာလိမ့်မည်။ Common Language Bible ``ထိုနိုင်ငံများသည်ပျက်သုဉ်းချိန်နီး၍ အပြစ်ဒဏ်သင့်လောက်အောင်ယုတ်မာလာ သောအခါခေါင်းမာဆိုးညစ်၊ ကောက်ကျစ် လိမ်လည်တတ်သောဘုရင်တစ်ပါးပေါ် ပေါက်လာလိမ့်မည်။- Garrad Bible ၎င်း နိုင် ငံ များ၏ အ ဆုံး၌ လွန် ကျူး သူ တို့၏ အ ပြစ် ပြည့် သော အ ခါ ရက် စက် စွာ မျက် နှာ ထား၍ ပ ရိ ယာယ် များ ကို နား လည် သော မင်း တစ် ပါး ပေါ် ထွန်း လိမ့် မည်။ Judson Bible ထိုနိုင်ငံတို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူးသော သူတို့၏အပြစ် ပြည့်စုံသောအခါ၊ ရဲရင့်သော မျက်နှာရှိ၍ ပရိယာယ်တို့ကို နားလည်သော မင်းကြီးတစ်ပါး ပေါ်လာလိမ့်မည်။ |
သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
ဤသည်ကား သုတ္တံစကား၊ ဥပစာစကားမှစ၍ ပညာရှိတို့၏စကားများနှင့် သူတို့၏ပဟေဠိများကို နားလည်စေရန်အတွက်ဖြစ်၏။
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ကာလအတန်ကြာပြီးနောက် သင့်ကိုဆင့်ခေါ်လိမ့်မည်။ နောင်ကာလတွင် သင်သည် ဓားဘေးမှလွတ်မြောက်လာသောသူ၊ လူမျိုးတကာတို့ထံမှ ပြန်လည်စုစည်းသောသူတို့၏ပြည်ထဲသို့ ကျူးကျော်ဝင်ရောက်မည်။ သူတို့သည် လူမျိုးတကာတို့ထံမှ ပြန်လည်ထုတ်ဆောင်လာသောသူများဖြစ်၍ ကြာမြင့်စွာဆိတ်ညံနေသော အစ္စရေးတောင်တန်းတွင် ဘေးကင်းလုံခြုံစွာ နေထိုင်လျက်ရှိသောသူများဖြစ်၏။
ဤဗျာဒိတ်နိမိတ်သည် နောင်လာမည့်နေ့ရက်များနှင့်ဆိုင်သည်ဖြစ်၍ ထိုနေ့ရက်များတွင် သင့်လူမျိုး၌ ဖြစ်ပျက်မည့်အရာတို့ကို ကြားပြောရန် ငါရောက်လာပြီ”ဟု ဆို၏။
ထို့နောက် ထိုမင်း၏နေရာတွင် ယုတ်ညံ့သောမင်းတစ်ပါးပေါ်လာလိမ့်မည်။ မည်သူမျှ သူ့ကို နန်းစံဖို့ မင်းမမြှောက်။ လူတို့ လုံခြုံစိတ်ချစွာနေနေကြစဉ် သူသည် ရောက်လာ၍ နိုင်ငံကို လိမ်လည်သိမ်းယူလိမ့်မည်။
ငြိမ်းချမ်းသောကာလတွင် သူသည် ချမ်းသာကြွယ်ဝသောနိုင်ငံကြီးကို ဝင်တိုက်လိမ့်မည်။ သူ၏ဘိုးဘေးများနှင့် ဘိုးဘေးတို့၏ဘိုးဘေးများပင် မပြုသောအမှုကို သူပြုလိမ့်မည်။ တိုက်ခိုက်သိမ်းပိုက်ထားသောဥစ္စာပစ္စည်းတို့ကို ခွဲဝေပေးလိမ့်မည်။ ခံတပ်မြို့တို့ကို လုပ်ကြံသိမ်းယူလိမ့်မည်။ သို့သော် တစ်ခဏသာ ဖြစ်လိမ့်မည်။
ဝါကြွားပြောဆိုသောချိုငယ်၏အသံကြောင့် ငါကြည့်လိုက်ရာ ထိုသားရဲ အသတ်ခံရသည်ကို ငါမြင်ရ၏။ ကိုယ်ခန္ဓာအဖျက်ဆီးခံရ၍ မီးတောက်မီးလျှံထဲသို့ ပစ်ချခြင်းခံရလေ၏။
ထို့ပြင် ထိုသားရဲ၏ခေါင်းတွင်ပေါက်သောချိုဆယ်ခုအကြောင်းနှင့် နောက်ပေါက်ချိုငယ်တစ်ခုအကြောင်းကိုလည်း ငါသိလို၏။ ထိုချိုငယ်ရှေ့တွင်ပင် ချိုသုံးချောင်းသည် နုတ်ပစ်ခြင်းခံရ၏။ ထိုချိုငယ်သည် မျက်စိပါ၍ စကားကြီးစကားကျယ်ပြောဆိုတတ်သောနှုတ်ရှိပြီး အခြားချိုများထက်ထူးခြား၏။
ထိုဘုရင်သည် အမြင့်ဆုံးသောအရှင်ကို ဆန့်ကျင်ပြောဆို၍ အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူများကို ဖိနှိပ်ချုပ်ချယ်မည်။ သူသည် အချိန်ကာလနှင့် ဥပဒေတို့ကို ပြောင်းလဲပစ်ရန် ကြိုးစားလိမ့်မည်။ သန့်ရှင်းသူတို့သည်လည်း တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူ့လက်သို့ ကျရောက်ရလိမ့်မည်။
ထိုချိုများအကြောင်းကို စဉ်းစားလျက်နေစဉ် အခြားချိုငယ်တစ်ချောင်းသည် ထိုချိုများကြားမှ ပေါက်လာ၏။ ထိုချိုများထဲမှ သုံးချောင်းသည် သူ့ရှေ့တွင်ပင် အမြစ်ပါမကျန်နုတ်ပစ်ခြင်းခံရ၏။ ချိုငယ်တွင် လူမျက်စိနှင့်တူသော မျက်စိရှိ၏။ ဝါကြွားပြောဆိုတတ်သောနှုတ်လည်း ရှိ၏။
ထိုချိုကြီးသည် ကျိုးသွား၍ ထိုနေရာတွင်ပေါက်လာသောချိုလေးချောင်းသည် ထိုနိုင်ငံမှပေါ်လာမည့်နိုင်ငံလေးနိုင်ငံ ဖြစ်၏။ သို့သော် ထိုနိုင်ငံကဲ့သို့ တန်ခိုးထွားမည်မဟုတ်။
သူသည် ကိုယ့်အစွမ်းမဟုတ်ဘဲ ခွန်အားကြီးလာပြီး ကြောက်မက်ဖွယ်လိုက်လံဖျက်ဆီးလိမ့်မည်။ ပြုလေသမျှတို့လည်း အောင်မြင်လိမ့်မည်။ အားကြီးသောသူများ၊ သန့်ရှင်းသောလူမျိုးတော်များကိုပင် ဖျက်ဆီးပစ်လိမ့်မည်။
သူ့လက်ထက်တွင် ဉာဏ်နီဉာဏ်နက်သုံးပြီး လှည့်စားအောင်နိုင်လိမ့်မည်။ ကိုယ့်ကိုယ်ကိုယ်မြှောက်ပင့်လျက် လုံခြုံစိတ်ချစွာနေနေကြသော လူအများကို လိုက်လံဖျက်ဆီးလိမ့်မည်။ သခင်တကာတို့၏သခင်ကိုပင် ဆန့်ကျင်လိမ့်မည်။ သို့သော် လူ့လက်ဖြင့်မဟုတ်ဘဲ ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
ဆိုက်ပရပ်ဆိပ်ကမ်းမှ သင်္ဘောတို့သည်လာ၍ အဆီးရီးယားလူမျိုးကို နှိပ်စက်လိမ့်မည်။ ဧဗာလူမျိုးကိုလည်း နှိပ်စက်လိမ့်မည်။ သို့သော် သူတို့သည်လည်း ပျက်စီးရလိမ့်မည်”ဟု ဆို၏။
သင်တို့သည်လည်း သင်တို့ဘိုးဘေးများ၏အပြစ်ပမာဏကိုပြည့်အောင် ဖြည့်စွက်ကြလော့။
သူတို့သည် မျက်နှာထားခက်ထန်၍ အသက်ကြီးသူကို မလေးစား၊ အသက်ငယ်သူကို မသနားသော လူမျိုးဖြစ်၏။
လူမျိုးခြားတို့ကယ်တင်ခြင်းရရှိရန် ငါတို့ဟောပြောသည်ကို တားမြစ်ကာ မိမိတို့အပြစ်များကို အစဉ်အမြဲဖြည့်ဆည်းကြ၏။ သို့ဖြစ်၍ အမျက်တော်သည် သူတို့အပေါ်သို့ အဆုံးစွန်သက်ရောက်လေ၏။
သို့သော် နောင်လာမည့်အချိန်ကာလများ၌ လူအချို့တို့သည် လှည့်ဖြားသောဝိညာဉ်များနှင့် နတ်ဆိုးတို့၏သွန်သင်ချက်များကို အာရုံစိုက်လျက် ယုံကြည်ခြင်းကိုစွန့်ခွာကြလိမ့်မည်ဟု ဝိညာဉ်တော်သည် အတိအလင်းမိန့်တော်မူ၏။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။