ကိုယ်တော်၏နိုင်ငံသည် ထာဝရနိုင်ငံဖြစ်ပါ၏။ ကိုယ်တော်၏အုပ်စိုးမှုသည်လည်း မျိုးဆက်အစဉ်အဆက်တည်ပါ၏။
ဒံယေလ 7:27 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသောလူမျိုးတော်သည် နိုင်ငံတော်နှင့်တကွ အာဏာစက်ကိုလည်းကောင်း၊ ကောင်းကင်တစ်ခွင်အောက်ရှိတိုင်းနိုင်ငံများ၏ဘုန်းတန်ခိုးတို့ကိုလည်းကောင်း ရရှိလိမ့်မည်။ ကိုယ်တော်၏နိုင်ငံသည် ထာဝရနိုင်ငံဖြစ်ပြီး အာဏာရမင်းရှိသမျှသည် ကိုယ်တော့်ကို နာခံ၍ ဝတ်ပြုကြလိမ့်မည်’ဟု ငါ့အား ရှင်းပြ၏။ Common Language Bible အမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်တို့သည် ကမ္ဘာမြေပေါ်ရှိနိုင်ငံအပေါင်းတို့၏တန်ခိုးအာဏာနှင့်ဘုန်းအသရေကိုခံယူရရှိကြလိမ့်မည်။ သူတို့၏အာဏာစက်သည်အဘယ်အခါ၌မျှပပျောက်ရလိမ့်မည်မဟုတ်။ ကမ္ဘာပေါ်ရှိဘုရင်အပေါင်းတို့သည်လည်းသူတို့၏အစေကိုခံ၍သူတို့၏အမိန့်ကိုနာခံရကြလိမ့်မည်'' ဟုရှင်းပြ၏။ Garrad Bible ထို နိုင် ငံ နှင့် အာ ဏာ စက် ကို လည်း ကောင်း၊ ကောင်း ကင် အောက် ရှိ သ မျှ သော နိုင် ငံ၏ ဘုန်း စည်း စိမ် ကို လည်း ကောင်း၊ မြင့် မြတ် သော ဘု ရား၏ သန့် ရှင်း သော လူ မျိုး တို့ ခံ ရ ကြ လိမ့် မည်။ ထို နိုင် ငံ တော် သည် ထာ ဝ ရ နိုင် ငံ ဖြစ် လျက် အာ ဏာ ရ မင်း အ ပေါင်း တို့ လည်း နာ ခံ ကိုး ကွယ် ရ ကြ လိမ့် မည် ဟု ဖော် ပြ လေ၏။ Judson Bible ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာစက် ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသောအမျိုးသားတို့သည် ရကြလိမ့်မည်။ ထိုဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ မင်းကြီးအပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကြလိမ့်မည်။ |
ကိုယ်တော်၏နိုင်ငံသည် ထာဝရနိုင်ငံဖြစ်ပါ၏။ ကိုယ်တော်၏အုပ်စိုးမှုသည်လည်း မျိုးဆက်အစဉ်အဆက်တည်ပါ၏။
ကမ္ဘာမြေအစွန်းရှိသမျှတို့သည် သတိရကြ၍ ထာဝရဘုရားထံသို့ပြန်လှည့်လာကြလိမ့်မည်။ တိုင်းနိုင်ငံများမှမျိုးနွယ်စုအပေါင်းတို့သည် ရှေ့တော်၌ ပျပ်ဝပ်ကြလိမ့်မည်။
ထိုမျှမက ဘုရင်အပေါင်းတို့သည် သူ၏ရှေ့၌ပျပ်ဝပ်ကြပါစေသော။ လူမျိုးအပေါင်းတို့သည်လည်း သူ့ကိုအစေခံကြပါစေသော။
အို ဘုရားရှင်၊ ကိုယ်တော်ဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့သည် ရှေ့တော်သို့လာ၍ ပျပ်ဝပ်ကြပါလိမ့်မည်။ ကိုယ်တော်၏နာမတော်ကိုလည်း ဂုဏ်ပြုချီးမွမ်းကြပါလိမ့်မည်။
လူမျိုးခြားတို့သည် သူတို့ကိုခေါ်၍ သူတို့၏နေရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် ထိုလူမျိုးခြားတို့ကို ထာဝရဘုရား၏ပြည်တော်၌ ကျွန်ယောက်ျားနှင့်ကျွန်မိန်းမများအဖြစ် ပိုင်ဆိုင်ကြလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သောသူတို့အား ပြန်၍ဖမ်းဆီးခေါ်ဆောင်လာကြလိမ့်မည်။ သူတို့ကိုညှဉ်းဆဲခဲ့သောသူတို့အား အုပ်စိုးကြလိမ့်မည်။
အကြောင်းမူကား သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့ ပျံ့နှံ့ရောက်ရှိမည်။ သင်၏သားစဉ်မြေးဆက်တို့သည် တိုင်းနိုင်ငံတို့ကိုပိုင်ဆိုင်မည်။ လူသူကင်းမဲ့သောမြို့တို့၌ နေထိုင်ကြမည်။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။
အချိန်စေ့သောအခါ ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်သို့မော့ကြည့်၍ လူ့စိတ်ပြန်ဝင်လေ၏။ ထို့ကြောင့် အမြင့်ဆုံးသောအရှင်ကို ချီးမွမ်း၏။ ထာဝရအသက်ရှင်တော်မူသောအရှင်၏ဂုဏ်တော်၊ ဘုန်းအသရေတော်ကို ချီးမြှောက်၏။ ကိုယ်တော်၏အာဏာစက်သည် ထာဝရအာဏာစက် ဖြစ်၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း ကာလအစဉ်တည်၏။
ငါ့အာဏာစက်အောက်ရှိတိုင်းနိုင်ငံအားလုံးမှ လူအပေါင်းတို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမည်ဟု ငါအမိန့်ထုတ်ပြန်လိုက်သည်။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၊ အစဉ်အမြဲတည်တော်မူသောဘုရားသခင် ဖြစ်၏။ နိုင်ငံတော်သည်လည်း မပျက်စီးနိုင်၊ အာဏာစက်သည်လည်း ထာဝရတည်တော်မူ၏။
သူ့အား နိုင်ငံတော်နှင့်တကွ အာဏာစက်၊ ဂုဏ်သရေကို အပ်နှင်းပြီဖြစ်၍ နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးအပေါင်းတို့သည် သူ့အားကိုးကွယ်ကြလိမ့်မည်။ သူ၏အာဏာစက်သည် မပျောက်ပျက်၊ ထာဝရတည်သောအာဏာစက် ဖြစ်၏။ နိုင်ငံတော်သည်လည်း မည်သည့်အခါမျှ ပျက်စီးမည်မဟုတ်။
သို့သော် အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူတို့ကသာလျှင် နိုင်ငံတော်ကို သိမ်းယူကြလိမ့်မည်။ ထိုနိုင်ငံကို ကာလအစဉ်အဆက်ပိုင်ဆိုင်ရလိမ့်မည်’ဟု ငါ့အား ပြောပြ၏။
ရှေးအရှင်သခင်ကြွလာ၍ အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူတို့အတွက် တရားစီရင်မည့်အချိန်ထိ ထိုချိုသည် အနိုင်ယူလိမ့်မည်။ ပြီးမှ နိုင်ငံတော်ကို သန့်ရှင်းသူတို့ ပိုင်ဆိုင်ရမည့်အချိန် ရောက်လာမည် ဖြစ်၏။
ကယ်တင်မည့်သူတို့သည် ဧသောတောင်ကို အုပ်စိုးရန် ဇိအုန်တောင်ပေါ်သို့တက်လာလိမ့်မည်။ ထိုနိုင်ငံသည် ထာဝရဘုရား၏နိုင်ငံတော် ဖြစ်မည်။
ထာဝရဘုရားသည် မြေတစ်ပြင်လုံး၏ရှင်ဘုရင်ဖြစ်တော်မူလိမ့်မည်။ ထိုနေ့ရက်တွင် ထာဝရဘုရားတစ်ပါးတည်း၊ နာမတော်တစ်ပါးတည်းသာ ရှိလိမ့်မည်။
သူသည် ယာကုပ်အမျိုးကို ကာလအစဉ်အဆက်အုပ်ချုပ်လိမ့်မည်။ သူ၏နိုင်ငံတော်သည်လည်းအဆုံးမရှိ အစဉ်တည်လိမ့်မည်”ဟု မြွက်ဆိုလေ၏။
ထိုအခါ လူထုပရိသတ်က “ခရစ်တော်သည် ကာလအစဉ်အဆက်တည်တော်မူ၏ဟု ပညတ်တရားကျမ်းအားဖြင့် အကျွန်ုပ်တို့ကြားသိထားသည်။ သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် ‘လူ့သားသည် မြှောက်ထားခြင်းခံရမည်’ဟု ဆိုသနည်း။ ဤလူ့သားဆိုသူမှာ မည်သူနည်း”ဟု မေးမြန်းကြ၏။
ထို့နောက် အဆုံးသည်ရောက်လာလိမ့်မည်။ ထိုအခါ ကိုယ်တော်သည် အုပ်ချုပ်မှုရှိသမျှ၊ တန်ခိုးနှင့်အာဏာစက်ရှိသမျှတို့ကိုဖျက်ဆီး၍ နိုင်ငံတော်ကို ခမည်းတော်ဘုရားသခင်ထံသို့ အပ်နှံတော်မူလိမ့်မည်။
ထို့နောက် တောင်ဝှေးနှင့်တူသော တိုင်းတာစရာကျူရိုးတစ်ချောင်းကို ငါ့အားပေးပြီးလျှင် “ထ၍ ဘုရားသခင်၏ဗိမာန်တော်နှင့် ယဇ်ပလ္လင်တို့ကိုတိုင်းတာပြီး ထိုနေရာ၌ ဝတ်ပြုကိုးကွယ်နေသောသူတို့ကို ရေတွက်လော့။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။
သူတို့သည် သိုးသငယ်တော်နှင့်စစ်တိုက်ကြလိမ့်မည်။ သို့သော် သိုးသငယ်တော်သည် သူတို့ကိုအနိုင်ရတော်မူလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အရှင်တကာတို့၏အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသောသူများသည်လည်း ခေါ်ယူတော်မူခြင်းခံရသောသူ၊ ရွေးကောက်ခံရသောသူနှင့် သစ္စာရှိသောသူများဖြစ်ကြ၏”ဟု ဆို၏။
သူ၏ဝတ်ရုံနှင့်ပေါင်တို့၌ “ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်”ဟု ရေးထားသောဘွဲ့နာမရှိ၏။
ထို့နောက် ပလ္လင်များနှင့် ၎င်းတို့အပေါ်တွင်ထိုင်နေသောသူတို့ကို ငါမြင်ရ၏။ ထိုသူတို့သည် တရားစီရင်ခွင့်ကိုရကြ၏။ တစ်ဖန် ယေရှုနှင့်ဆိုင်သောသက်သေခံချက်အတွက်လည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်အတွက်လည်းကောင်း ခေါင်းဖြတ်ခံရသောသူတို့၏ဝိညာဉ်များမှစ၍ သားရဲနှင့်သားရဲ၏ရုပ်တုကိုမကိုးကွယ်၊ သူ၏အမှတ်တံဆိပ်ကိုလည်း မိမိတို့၏နဖူး၊ သို့မဟုတ် လက်တွင် မခံယူသောသူတို့ကို ငါမြင်ရ၏။ သူတို့သည် အသက်ပြန်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူစိုးစံကြ၏။
ညသည် ရှိတော့မည်မဟုတ်။ ထာဝရအရှင်ဘုရားသခင်သည် သူတို့အပေါ်ထွန်းလင်းတော်မူသည်ဖြစ်၍ ဆီမီး၏အလင်းနှင့်နေ၏အလင်းတို့ မလိုအပ်တော့ပေ။ သူတို့သည် ကမ္ဘာအဆက်ဆက်စိုးစံကြလိမ့်မည်။