မင်းကြီးအား “အရှင်မင်းကြီး သက်တော်ရှည်ပါစေ။ အကျွန်ုပ်ဘိုးဘေးတို့၏သင်္ချိုင်းမြေရှိရာမြို့သည် ပျက်စီး၍ မြို့တံခါးများ မီးလောင်ကျွမ်းသွားသောကြောင့် အကျွန်ုပ် မျက်နှာမညှိုးဘဲ နေနိုင်ပါမည်လော”ဟု ပြန်လျှောက်၏။
ဒံယေလ 6:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးအရာရှိများ အတူတကွစုရုံးကာ ရှင်ဘုရင်ထံသို့သွားပြီး “အို ဒါရိမင်းကြီး၊ သက်တော်ထာဝရရှည်ပါစေသော။ Common Language Bible ထိုနောက်သူတို့သည်မင်းကြီးရှေ့တော်သို့ သွားရောက်၍``ဒါရိမင်းမြတ်သက်တော်ရာ ကျော်ရှည်တော်မူပါစေ။- Garrad Bible ဘု ရင် မင်း မြတ်၊ ကာ လ အ စဉ် သက် တော် ရှည် ပါ စေ။ Judson Bible အထံတော်သို့ လာရောက်စည်းဝေးကြ၍၊ အရှင်မင်းကြီးဒါရိ၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။ |
မင်းကြီးအား “အရှင်မင်းကြီး သက်တော်ရှည်ပါစေ။ အကျွန်ုပ်ဘိုးဘေးတို့၏သင်္ချိုင်းမြေရှိရာမြို့သည် ပျက်စီး၍ မြို့တံခါးများ မီးလောင်ကျွမ်းသွားသောကြောင့် အကျွန်ုပ် မျက်နှာမညှိုးဘဲ နေနိုင်ပါမည်လော”ဟု ပြန်လျှောက်၏။
သူတို့သည် ငါ့အသက်ကိုသတ်ရန် စောင့်မျှော်နေကြသည်နှင့်အညီ ပူးပေါင်းကြံစည်လျက်၊ ချောင်းမြောင်းလျက် ငါ၏ခြေလှမ်းများကိုစောင့်ကြည့်ကြ၏။
သင်တို့သည် မည်မျှကြာအောင် လူကိုပြင်းထန်စွာတိုက်ခိုက်ကြမည်နည်း။ သင်တို့အားလုံးသည် တိမ်းစောင်းနေသောနံရံနှင့် လှုပ်နဲ့နေသောခြံစည်းရိုးကဲ့သို့သောသူကို သတ်ဖြတ်ကြမည်လော။
ခါလဒဲပညာရှိတို့ကလည်း အာရမိတ်ဘာသာစကားဖြင့် ရှင်ဘုရင်အား “အို အရှင်မင်းကြီး၊ သက်တော်ထာဝရတည်ပါစေသော။ ကျွန်တော်မျိုးတို့အား အိပ်မက်ကိုပြောပြတော်မူပါ။ ကျွန်တော်မျိုးတို့ အနက်အဓိပ္ပာယ်ကို ဖွင့်ပြပါမည်”ဟု ပြန်လျှောက်ကြ၏။
မယ်တော်က ရှင်ဘုရင်နှင့်မှူးမတ်တို့၏စကားသံကို ကြားလျှင် စားသောက်ပွဲခန်းမထဲသို့ဝင်လာ၍ “အရှင်မင်းကြီး၊ သက်တော်ထာဝရရှည်ပါစေသော။ အရှင်မင်းကြီး တွေးတောထိတ်လန့်ခြင်း မရှိပါနှင့်။ မျက်စိမျက်နှာလည်း မပျက်ပါနှင့်။
ထိုအခါ လူတို့သည် အုပ်စုလိုက်ရောက်လာ၍ ဒံယေလသည် မိမိဘုရားသခင်ရှေ့တော်တွင် ဆုတောင်းအသနားခံနေသည်ကို တွေ့သောအခါ
ပေါလုကိုခေါ်ထုတ်လာသောအခါ တေရတုလုသည် သူ့ကို စတင်စွပ်စွဲ၍ လျှောက်ထားသည်မှာ “မြတ်သောဖေလဇ်မင်း၊ အရှင့်အားဖြင့် အကျွန်ုပ်တို့သည် များစွာသောငြိမ်းချမ်းမှုကိုခံစားရလျက် အရှင်၏အမြော်အမြင်ကြောင့် ဤတိုင်းပြည်တွင် ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်နေပါသည်။