Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 5:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 မယ်တော်​က ရှင်ဘုရင်​နှင့်​မှူးမတ်​တို့​၏​စကားသံ​ကို ကြား​လျှင် စားသောက်ပွဲ​ခန်းမ​ထဲသို့​ဝင်လာ​၍ “​အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​ရှည်​ပါစေသော​။ အရှင်မင်းကြီး တွေးတော​ထိတ်လန့်​ခြင်း မ​ရှိ​ပါ​နှင့်​။ မျက်စိမျက်နှာ​လည်း မ​ပျက်​ပါ​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 မယ်​တော်​မိ​ဖု​ရား​ကြီး​သည်​မင်း​ကြီး​နှင့်​မှူး မတ်​တို့​ပြော​ဆို​ကြ​သည့်​စ​ကား​ကို​ကြား သ​ဖြင့် စား​သောက်​ပွဲ​ကျင်း​ပ​ရာ​အ​ခန်း​ထဲ သို့​ဝင်​လာ​ပြီး​လျှင်``အ​ရှင်​မင်း​ကြီး၊ သက် တော်​ရာ​ကျော်​ရှည်​ပါ​စေ။ ဤ​မျှ​စိတ်​အ​နှောင့် အ​ယှက်​ဖြစ်​၍​မ​နေ​ပါ​နှင့်။ ဤ​မျှ​မျက်​နှာ ညှိုး​ငယ်​၍​လည်း​မ​နေ​ပါ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ထို အ ခါ မယ် တော် မိ ဖု ရား သည် ရှင် ဘု ရင် နှင့် မှူး မတ် တို့ စ ကား ကို ကြား သိ သော ကြောင့် ပွဲ တော် ဆောင် သို့ ဝင်၍ ဘု ရင် မင်း မြတ် ကာ လ အ စဉ် သက် တော် ရှည် ပါ စေ။ ဆင် ခြင် သ ဖြင့် ပူ ပန် လျက် မျက် နှာ ပျက် ခြင်း မ ရှိ ပါ နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​အ​ခါ မယ်​တော်​မိ​ဖု​ရား​သည် ရှင်​ဘု​ရင်၏ စ​ကား၊ မှူး​မတ်​တို့၏​စ​ကား​ကို ကြား​သိ​လျှင်၊ ပွဲ​တော်​သို့ ဝင်၍၊ အ​ရှင်​မင်း​ကြီး၊ အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ စိတ်​တော်​ပူ​ပန်​ခြင်း မ​ရှိ​ပါ​နှင့်။ မျက်​နှာ​ညှိုး​ငယ်​တော် မ​မူ​ပါ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 5:10
10 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဗာသရှေဘ​သည် ရှင်ဘုရင်​ရှေ့​တော်​တွင် ဦးညွှတ်​ပျပ်ဝပ်​လျက် “​အကျွန်ုပ်​၏​သခင်​ဒါဝိဒ်​မင်းကြီး သက်တော်ရာကျော်ရှည်​ပါစေ​”​ဟု မြွက်ဆို​လေ​၏​။


သင်​တို့​သည် မုသား​ကို ဖုံးကွယ်​ထား​သော​သူ​များ​၊ သင်​တို့​အားလုံး​သည် အသုံးမဝင်​သော​သမားတော်​များ ဖြစ်​ကြ​၏​။


သို့ဖြစ်၍ သင်​တို့​သည် အဓိပ္ပာယ်မရှိ​သော​စကား​များ​ဖြင့် ငါ့​ကို မည်သို့​နှစ်သိမ့်​ပေး​နိုင်​မည်နည်း​။ သင်​တို့​ပြော​သော​စကား​တို့​သည် မုသား​အဖြစ်​သာ ကျန်ခဲ့​သည်​”​ဟု ဆို​လေ​၏​။


ခါလဒဲ​ပညာရှိ​တို့​က​လည်း အာရမိတ်​ဘာသာစကား​ဖြင့် ရှင်ဘုရင်​အား “​အို အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​တည်​ပါစေသော​။ ကျွန်တော်မျိုး​တို့​အား အိပ်မက်​ကို​ပြောပြ​တော်မူ​ပါ​။ ကျွန်တော်မျိုး​တို့ အနက်အဓိပ္ပာယ်​ကို ဖွင့်ပြ​ပါ​မည်​”​ဟု ပြန်လျှောက်​ကြ​၏​။


သူ​တို့​သည် နေဗုခဒ်နေဇာ​မင်းကြီး​အား “​အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​တည်​ပါစေသော​။


ထိုအခါ ရှင်ဘုရင်​သည် မျက်စိ​မျက်နှာပျက်​၍ တွေးတော​ထိတ်လန့်​လေ​၏​။ ခါးဆစ်​များ ပြုတ်​လုမတတ်​ဖြစ်​၍ ဒူး​များ​လည်း တုန်ရီ​နေ​၏​။


ဒံယေလ​က​လည်း “​အို အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​တည်​ပါစေသော​။


ထို့နောက် အုပ်ချုပ်ရေးမှူး​များ​နှင့် အုပ်ချုပ်ရေး​အရာရှိ​များ အတူတကွ​စုရုံး​ကာ ရှင်ဘုရင်​ထံသို့​သွား​ပြီး “​အို ဒါရိ​မင်းကြီး​၊ သက်​တော်​ထာဝရ​ရှည်​ပါစေသော​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ