ဆင်းရဲဒုက္ခခြောက်မျိုးထဲမှ သင့်ကို ကယ်နုတ်တော်မူမည်။ ခုနစ်မျိုးသောဘေးအန္တရာယ်သည်လည်း သင့်ကို ထိခိုက်နိုင်မည်မဟုတ်။
ဒံယေလ 6:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကျောက်တုံးတစ်တုံးသယ်လာကြပြီး တွင်းဝကို ပိတ်ထားကြ၏။ ဒံယေလနှင့်ပတ်သက်၍ ချမှတ်ထားသည့်အရာ အပြောင်းအလဲမဖြစ်စေရန် ရှင်ဘုရင်သည် မိမိတံဆိပ်တုံးနှင့် မှူးမတ်တို့တံဆိပ်တုံးကို တွင်းဝတွင် ခတ်နှိပ်ထားလေ၏။ Common Language Bible ကျောက်ပြားဖြင့်တွင်းဝကိုပိတ်စေပြီး နောက်မင်းကြီးသည် အဘယ်သူမျှဒံယေလ အားမကယ်နိုင်စေရန် မိမိ၏တံဆိပ်တော် နှင့်မှူးမတ်တို့၏တံဆိပ်များကို ကျောက် ပြားပေါ်တွင်ခတ်နှိပ်၍ထားစေတော်မူ၏။- Garrad Bible ကျောက် ပြား ဖြင့် တွင်း ဝ ကို ယူ ပိတ် ပြီး မှ ဒံ ယေ လ အ မှု၌ မည် သည် မျှ မ ပြောင်း မ ရွေ့ ရ စေ ခြင်း ငှာ ဘု ရင် မင်း တံ ဆိပ်၊ မှူး မတ် တို့ တံ ဆိပ် များ ကို ခတ် နှိပ် လေ ၏။ Judson Bible ကျောက်ပြားကိုလည်း ယူခဲ့၍ တွင်းဝကို ပိတ်ပြီးလျှင်၊ ဒံယေလအမှု၌ စီရင်ချက်ကို မတိုးမလျော့ စေခြင်းငှာ၊ ရှင်ဘုရင်တံဆိပ်နှင့် မှူးမတ်တို့တံဆိပ်ကို ခတ်တော်မူ၏။ |
ဆင်းရဲဒုက္ခခြောက်မျိုးထဲမှ သင့်ကို ကယ်နုတ်တော်မူမည်။ ခုနစ်မျိုးသောဘေးအန္တရာယ်သည်လည်း သင့်ကို ထိခိုက်နိုင်မည်မဟုတ်။
ဇေဒကိမင်းကြီးကလည်း “သူသည် သင်တို့လက်၌ရှိ၏။ ရှင်ဘုရင်သည် သင်တို့ကိုဆန့်ကျင်၍ မည်သည့်အရာမျှမပြုနိုင်”ဟု မိန့်ဆို၏။
ငါ့ကို မြေတွင်းထဲပစ်ချပြီး သေကြောင်းကြံကြပြီ။ ကျောက်တုံးဖြင့် ပစ်ပေါက်ကြပြီ။
ဟေရုဒ်မင်းသည် ပေတရုကိုဖမ်းဆီး၍ထောင်ထဲ၌ထည့်ထားပြီးလျှင် သူ့ကိုစောင့်ကြပ်ရန် စစ်သားလေးဦးဖြင့်ဖွဲ့ထားသော တပ်ဖွဲ့လေးဖွဲ့ထံသို့ အပ်နှံထား၏။ သူသည် ပသခါပွဲတော်လွန်လျှင် ပေတရုကို လူထုရှေ့တွင်ထုတ်ဆောင်ရန် ကြံရွယ်ထားလေ၏။
အနှစ်တစ်ထောင်ကုန်ဆုံးသည်အထိ လူများတို့ကို နောက်ထပ်မလှည့်ဖြားနိုင်ရန် သူ့ကို အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲသို့ပစ်ချလျက် ပိတ်လှောင်ကာ အပေါ်မှတံဆိပ်ခတ်ထားလေ၏။ ထိုအချိန်ကာလများပြီးမှ သူ့ကို ခေတ္တခဏလွှတ်ပေးရမည်ဖြစ်၏။