တမန်တော်ဝတ္ထု 12:4 - မြန်မာ့စံမီသမ္မာကျမ်း4 ဟေရုဒ်မင်းသည် ပေတရုကိုဖမ်းဆီး၍ထောင်ထဲ၌ထည့်ထားပြီးလျှင် သူ့ကိုစောင့်ကြပ်ရန် စစ်သားလေးဦးဖြင့်ဖွဲ့ထားသော တပ်ဖွဲ့လေးဖွဲ့ထံသို့ အပ်နှံထား၏။ သူသည် ပသခါပွဲတော်လွန်လျှင် ပေတရုကို လူထုရှေ့တွင်ထုတ်ဆောင်ရန် ကြံရွယ်ထားလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ဟေရုဒ်သည်ပေတရုကိုဖမ်းဆီးပြီးနောက် စစ် သားလေးယောက်စီပါသောတပ်စုငယ်လေးစု လက်သို့အပ်ကာအကျဉ်းချထား၏။ ပသခါ ပွဲလွန်သောအခါ သူ့ကိုယုဒအမျိုးသား တို့ရှေ့တွင်စစ်ဆေး၍ဒဏ်စီရင်ရန်အကြံ ရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible4 တ ဆေး မဲ့ မုန့် ပွဲ အ ခါ ဖြစ် သ ဖြင့် ပ သ ခါ ပွဲ ပြီး မှ ပြည် သူ ပြည် သား တို့ အ ရှေ့ ထုတ် မည့် အ ကြံ နှင့်၊ စစ် သည် အ စောင့် အ ကြပ် တစ် ဆယ့် ခြောက် ယောက် တို့ လက် သို့ ပေ တ ရု ကို အပ်၍ နှောင် အိမ် ချ ထား သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible4 ပေတရုကိုလည်း ဖမ်းဆီးပြီးမှ၊ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့်အရှောက်စစ်သူရဲ တစ်ကျိပ်ခြောက်ယောက်တို့၌အပ်၍ ထောင်ထဲမှာ လှောင်ထားလေ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 ဟေရုဒ်မင်းသည် ပေတရုအား ဖမ်းဆီးပြီးနောက် ထောင်အတွင်းထည့်ကာ သူ့ကို စစ်သားလေးဦးဖြင့်ဖွဲ့ထားသော အစောင့်တပ်လေးစုထံသို့ အပ်ထားလေ၏။ ပသခါပွဲတော်ပြီးလျှင် ပေတရုကို လူအများရှေ့သို့ ထုတ်၍ စစ်ဆေးရန် ဟေရုဒ်ကြံစည်လေ၏။ အခန်းကိုကြည့်ပါ။ |
သင့်အား ငါအမှန်အကန်ဆိုမည်။ သင်သည် ငယ်ရွယ်စဉ်အခါ၌ ကိုယ်ကိုယ်တိုင်ခါးပန်းစည်း၍ ကိုယ်အလိုရှိရာအရပ်သို့ သွားလာလေ့ရှိ၏။ အိုမင်းသောအခါ၌မူကား သင်သည် ကိုယ့်လက်နှစ်ဖက်ကိုဆန့်၍ သူတစ်ပါးသည် သင့်ခါးကို ခါးပန်းစည်းကာ သင်အလိုမရှိရာအရပ်သို့ ခေါ်ဆောင်သွားမည်”ဟု မိန့်တော်မူ၏။
ထိုစာကို ခြေမြန်တော်များဖြင့် ရှင်ဘုရင်ပိုင်နယ်မြေဒေသအသီးသီးသို့ ပေးပို့လိုက်၏။ ထိုစာတွင် အာဒါဟုခေါ်သော တစ်ဆယ့်နှစ်လ၊ တစ်ဆယ့်သုံးရက် တစ်နေ့ချင်းတွင် ဂျူးလူမျိုးလူကြီးလူငယ်၊ မိန်းမနှင့်ကလေးပါမကျန် အားလုံးသုတ်သင်သတ်ဖြတ်ပြီး သူတို့၏စည်းစိမ်ဥစ္စာတို့ကိုသိမ်းယူရမည်ဟု ပါရှိ၏။