Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 6:17 - Common Language Bible

17 ကျောက်​ပြား​ဖြင့်​တွင်း​ဝ​ကို​ပိတ်​စေ​ပြီး နောက်​မင်း​ကြီး​သည် အ​ဘယ်​သူ​မျှ​ဒံ​ယေ​လ အား​မ​ကယ်​နိုင်​စေ​ရန် မိ​မိ​၏​တံ​ဆိပ်​တော် နှင့်​မှူး​မတ်​တို့​၏​တံ​ဆိပ်​များ​ကို ကျောက် ပြား​ပေါ်​တွင်​ခတ်​နှိပ်​၍​ထား​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ကျောက် ပြား ဖြင့် တွင်း ဝ ကို ယူ ပိတ် ပြီး မှ ဒံ ယေ လ အ မှု၌ မည် သည် မျှ မ ပြောင်း မ ရွေ့ ရ စေ ခြင်း ငှာ ဘု ရင် မင်း တံ ဆိပ်၊ မှူး မတ် တို့ တံ ဆိပ် များ ကို ခတ် နှိပ် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ကျောက်​ပြား​ကို​လည်း ယူ​ခဲ့၍ တွင်း​ဝ​ကို ပိတ်​ပြီး​လျှင်၊ ဒံ​ယေ​လ​အ​မှု၌ စီ​ရင်​ချက်​ကို မ​တိုး​မ​လျော့ စေ​ခြင်း​ငှာ၊ ရှင်​ဘု​ရင်​တံ​ဆိပ်​နှင့် မှူး​မတ်​တို့​တံ​ဆိပ်​ကို ခတ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထို့နောက် ကျောက်တုံး​တစ်​တုံး​သယ်လာ​ကြ​ပြီး တွင်းဝ​ကို ပိတ်​ထား​ကြ​၏​။ ဒံယေလ​နှင့်​ပတ်သက်၍ ချမှတ်​ထား​သည့်​အရာ အပြောင်းအလဲ​မ​ဖြစ်​စေရန် ရှင်ဘုရင်​သည် မိမိ​တံဆိပ်တုံး​နှင့် မှူးမတ်​တို့​တံဆိပ်တုံး​ကို တွင်းဝ​တွင် ခတ်နှိပ်​ထား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 6:17
7 ပူးပေါင်းရင်းမြစ်များ  

သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။


သို့​ဖြစ်​၍​ဇေ​ဒ​ကိ​မင်း​က``ကောင်း​ပြီ။ သူ့​အား သင်​တို့​ပြု​လို​ရာ​ပြု​ကြ​ပေ​လော့။ သင်​တို့ အား​ငါ​မ​ဆီး​တား'' ဟု​မိန့်​တော်​မူ​၏။-


သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ရှင်​လတ်​လတ် တွင်း​ထဲ​သို့​ပစ်​ချ​ကာ​ကျောက်​တုံး​နှင့် တွင်း​ဝ​ကို​ပိတ်​ကြ​ပါ​၏။


ဟေ​ရုဒ်​သည်​ပေ​တ​ရု​ကို​ဖမ်း​ဆီး​ပြီး​နောက် စစ် သား​လေး​ယောက်​စီ​ပါ​သော​တပ်​စု​ငယ်​လေး​စု လက်​သို့​အပ်​ကာ​အ​ကျဉ်း​ချ​ထား​၏။ ပ​သ​ခါ ပွဲ​လွန်​သော​အ​ခါ သူ့​ကို​ယု​ဒ​အ​မျိုး​သား တို့​ရှေ့​တွင်​စစ်​ဆေး​၍​ဒဏ်​စီ​ရင်​ရန်​အ​ကြံ ရှိ​၏။-


ကောင်း​ကင်​တ​မန်​သည်​န​ဂါး​ကို​တွင်း​နက်​ကြီး ထဲ​သို့​ပစ်​ချ​ကာ​တွင်း​ကို​ပိတ်​ပြီး​နောက် အ​နှစ် တစ်​ထောင်​ကုန်​ဆုံး​သည့်​တိုင်​အောင်​လူ​မျိုး​တ​ကာ တို့​အား​မှောက်​မှား​လမ်း​လွဲ​မှု​မ​ပြု​နိုင်​စေ​ရန် တံ​ဆိပ်​ခတ်​နှိပ်​၍​ထား​၏။ အ​နှစ်​တစ်​ထောင် ကုန်​ဆုံး​ချိန်​၌​သူ့​အား​ခေတ္တ​လွှတ်​ပေး​ရ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ