ဒံယေလ 6:13 - မြန်မာ့စံမီသမ္မာကျမ်း
ထိုအခါ သူတို့က “အရှင်မင်းကြီး၊ ယုဒလူမျိုးသုံ့ပန်းတစ်ဦးဖြစ်သောဒံယေလသည် အရှင်မင်းကြီးကိုအလေးမထား။ အရှင်မင်းကြီးလက်မှတ်ရေးထိုးထုတ်ပြန်ထားသော အမိန့်ကို မနာခံဘဲ တစ်နေ့သုံးကြိမ်ဆုတောင်းမြဲ ဆုတောင်းလျက်နေပါ၏”ဟု ဘုရင့်ထံ လျှောက်ထားကြလေ၏။
အခန်းကိုကြည့်ပါ။
ထိုအခါသူတို့သည်မင်းကြီးအား``ယုဒ ပြည်မှဖမ်းဆီးခဲ့သူများအနက်တစ်ဦး ဖြစ်သူဒံယေလသည်အရှင်မင်းကြီး အားရိုသေလေးစားမှုမရှိ။ အရှင်ထုတ် ပြန်သည့်အမိန့်တော်ကိုလည်းမလိုက်နာ။ သူသည်တစ်နေ့လျှင်သုံးကြိမ်တိုင်တိုင် အချိန်မှန်မှန်ဆုတောင်း၍နေပါသည်'' ဟုလျှောက်ထားကြ၏။
အခန်းကိုကြည့်ပါ။
ထို သူ တို့ က လည်း သုံး ပန်း ရ ယု ဒ အ မျိုး သား တို့ ပါ ဝင် သူ ဒံ ယေ လ သည် ဘု ရင် မင်း မြတ် ကို လည်း ကောင်း၊ လက် မှတ် ရေး ထိုး တော် မူ သော ဥ ပ ဒေ ကို လည်း ကောင်း၊ ဖီ ဆန် လျက် တစ် နေ့ လျှင် သုံး ကြိမ် ဆု တောင်း လေ့ ရှိ ပါ သည် ဟု တင် လျှောက် ကြ ၏။
အခန်းကိုကြည့်ပါ။
မှူးမတ်အရာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ ယုဒပြည်ကသိမ်းယူခဲ့သော ယုဒလူမျိုးဒံယေလသည် အာဏာတော်ကို ပမာဏမပြု၊ တံဆိပ်ခတ်တော်မူသော အမိန့်တော်ကို ဆန့်ကျင်လျက်၊ တစ်နေ့သုံးကြိမ်တိုင်အောင် ဆုတောင်း၍နေပါသည်ဟု လျှောက်ထားကြ၏။
အခန်းကိုကြည့်ပါ။