ဒံယေလ 5:13 - မြန်မာ့စံမီသမ္မာကျမ်း13 ဤသို့ဖြင့် ဒံယေလကို အထံတော်သို့ ခေါ်ဆောင်လာရာ ရှင်ဘုရင်က ဒံယေလအား “သင်သည် ငါ့ခမည်းတော် ယုဒပြည်မှခေါ်ဆောင်လာသောယုဒသုံ့ပန်း ဒံယေလလော။ အခန်းကိုကြည့်ပါ။Common Language Bible13 သူတို့သည်ဒံယေလအားချက်ချင်းပင်ဘုရင့် ရှေ့တော်သို့သွင်းကြသောအခါ မင်းကြီးက ဒံယေလအား``သင်သည်ယုဒပြည်မှငါ၏ ခမည်းတော်ဘုရင်မင်းခေါ်ဆောင်ခဲ့သည့် ယုဒအမျိုးသားသုံ့ပန်းတစ်ယောက်ဖြစ် သူဒံယေလဆိုသူပေလော။- အခန်းကိုကြည့်ပါ။Garrad Bible13-14 ထို အ ခါ ဒံ ယေ လ ကို ခေါ် သွင်း ပြီး လျှင် ဘု ရင် မင်း က၊ ခ မည်း တော် ဘု ရင် သည် ယု ဒ ပြည် မှ သိမ်း ယူ တော် မူ ခဲ့ သော သုံ့ ပန်း ရ ယု ဒ အ မျိုး သား တို့ ပါ ဝင် သူ ဒံ ယေ လ မှန် သ လော။ သင်၌ ဘု ရား များ၏ ဝိ ညာဉ် တော် ရှိ ကြောင်း ကို လည်း ကောင်း၊ ထူး ချွန် သော ပ ညာ၊ ဉာဏ်၊ အ လင်း ထင် ရှား ရှိ ကြောင်း ကို လည်း ကောင်း ငါ ကြား သိ လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible13 ဒံယေလကို အထံတော်သို့ ခေါ်သွင်းလေ၏။ ရှင်ဘုရင်က၊ ငါ့ခမည်းတော်ဘုရားသည် ယုဒပြည်က သိမ်းယူတော်မူခဲ့၍၊ ယုဒလူစု၌ပါသော ဒံယေလ မှန်သလော။ အခန်းကိုကြည့်ပါ။ |
ဘုရားရှင်သည် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်တကွ ဘုရားသခင်၏အိမ်တော်တန်ဆာပလာအချို့ကို နေဗုခဒ်နေဇာလက်သို့ အပ်လိုက်တော်မူ၏။ ရှင်ဘုရင်သည်လည်း ထိုအရာတို့ကို ရှိနာပြည်ရှိ မိမိဘုရားများ၏ဗိမာန်သို့ယူဆောင်သွား၍ ထိုတန်ဆာပလာတို့ကို မိမိဘုရားအများ၏ဘဏ္ဍာတိုက်ထဲသို့ သွင်းထားလေ၏။
အရှင်မင်းကြီး၏နိုင်ငံတော်တွင် သန့်ရှင်းသောဘုရားများ၏ဝိညာဉ်နှင့်ပြည့်သောသူတစ်ဦး ရှိပါ၏။ ထိုသူသည် အရှင်မင်းကြီး၏ခမည်းတော်လက်ထက်ကပင် ဉာဏ်အလင်း၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ ဘုရားဉာဏ်နှင့်တူသောဉာဏ် ရှိသောသူအဖြစ် ကျော်ကြားခဲ့၏။ အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အား မှော်ဆရာများ၊ ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများ၏အကြီးအမှူးအဖြစ် ခန့်အပ်ခဲ့၏။
ထိုသို့ စပျစ်ဝိုင်သောက်ရင်း ဗေလရှာဇာမင်းကြီးသည် ဂျေရုဆလင်ဗိမာန်တော်မှ မိမိခမည်းတော်နေဗုခဒ်နေဇာမင်းကြီး သိမ်းယူလာခဲ့သောရွှေဖလား၊ ငွေဖလားတို့ကို ယူခဲ့ရန် အမိန့်ပေး၏။ ရှင်ဘုရင်မှစ၍ မှူးမတ်များ၊ မိဖုရားများနှင့် ကိုယ်လုပ်တော်များသည် ထိုဖလားများဖြင့် စပျစ်ဝိုင်ကို သောက်ကြ၏။