ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။
ဒံယေလ 5:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုခဏချင်းတွင် လူ့လက်ချောင်းများပေါ်လာ၍ ဆီမီးခုံရှေ့ နန်းတော်၏အင်္ဂတေနံရံပေါ်တွင် စာရေးနေ၏။ ထိုသို့စာရေးနေသောလက်ကို ရှင်ဘုရင် မြင်လေ၏။ Common Language Bible ထိုအခါလူ၏လက်တစ်ဖက်သည်ရုတ် တရက်ပေါ်လာပြီးလျှင် မီးအလင်းရောင် အများဆုံးရရှိသည့်နန်းတော်နံရံတွင် စာတန်းတစ်ခုကိုရေးသားလေ၏။ ယင်း သို့ရေးသားနေသည်ကိုမင်းကြီးမြင် တော်မူလျှင်၊- Garrad Bible ထို အ ခါ၌ ပင် လူ၏ လက် ချောင်း ပေါ် ထွက် လျက် မီး ခုံ ရှေ့၊ နန်း တော် နံ ရံ အင်္ဂ တေ ပေါ် တွင် စာ ရေး သား လေ ၏။ ထို ရေး သား သော လက် ကို ရှင် ဘု ရင် မြင် လျှင်၊ Judson Bible ထိုအချိန်နာရီတွင် လူ၏လက်ဖျားသည် ပေါ်လာ၍ မီးခုံအထက်၊ နန်းတော်အုတ်ထရံ အင်္ဂတေ၌ အက္ခရာတင်၍ ရေးထား၏။ ထိုသို့ရေးသောလက်ဖျားကို ရှင်ဘုရင် မြင်တော်မူလျှင်၊ |
ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။
ဆိုဆုံးမခြင်းကိုအကြိမ်ကြိမ်ခံရသော်လည်း ခေါင်းမာလျက်နေသောသူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။
ထိုသတင်းကိုကြားသောအခါ ဘေဘီလုံဘုရင်သည် လက်များပျော့ခွေသွား၏။ ဆင်းရဲဒုက္ခသည် သူ့ကိုဖိစီးပြီ။ သူသည် သားဖွားမိန်းမကဲ့သို့ဝေဒနာခံစားရပြီ။
ထိုသို့မြွက်ဆို၍ မဆုံးမီပင် “နေဗုခဒ်နေဇာမင်းကြီး၊ သင့်အတွက် အမိန့်တော်ကား နိုင်ငံတော်ကို သင့်ထံမှ ရုပ်သိမ်းလိုက်ပြီ။
ထိုခဏချင်းတွင် နေဗုခဒ်နေဇာမင်းကြီး၌ အမိန့်တော်အတိုင်း ဖြစ်ပျက်လေ၏။ သူသည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်းခံရ၍ နွားကဲ့သို့ မြက်ကိုစားရ၏။ သူ့အမွေးတို့သည် လင်းယုန်ငှက်အမွေးကဲ့သို့ ရှည်လာ၍ လက်သည်းခြေသည်းတို့သည်လည်း ငှက်ခြေသည်းကဲ့သို့ ဖြစ်လာသည့်တိုင်အောင် သူ့ကိုယ်သည် ကောင်းကင်နှင်းစက်ဖြင့် စိုစွတ်လျက်နေရ၏။
ငါသည် ပညာရှိများ၊ ဗေဒင်ဆရာများကို အခစားဝင်စေ၍ ထိုစာကိုဖတ်ပြီး အနက်အဓိပ္ပာယ်ဖော်ပြစေသော်လည်း မည်သူမျှ ထိုစာ၏အနက်အဓိပ္ပာယ်ကို မဖွင့်ပြပေးနိုင်ကြ။
ထိုသို့ စပျစ်ဝိုင်ကိုသောက်ရင်း ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။
ထိုအခါ ရှင်ဘုရင်သည် မျက်စိမျက်နှာပျက်၍ တွေးတောထိတ်လန့်လေ၏။ ခါးဆစ်များ ပြုတ်လုမတတ်ဖြစ်၍ ဒူးများလည်း တုန်ရီနေ၏။
ထိုအခါ ရှင်ဘုရင်၏ပညာရှိအပေါင်းတို့သည် အခစားဝင်ကြ၏။ သို့သော် စာကို မဖတ်နိုင်၊ အနက်အဓိပ္ပာယ်ကိုလည်း မဖော်ပြပေးနိုင်ကြ။
ငါတို့ကိုဆန့်ကျင်၍အပြစ်ရှာတတ်သောစည်းမျဉ်းများပါသည့် ကတိခံဝန်ချက်ကို ပယ်ဖျက်ကာ ၎င်းကို လက်ဝါးကပ်တိုင်ပေါ်၌ရိုက်ထားလျက် ဖယ်ရှားတော်မူ၏။