‘ငါသည် အာဗြံကိုချမ်းသာကြွယ်ဝစေပြီ’ဟု မင်းကြီးဆိုစရာမရှိစေရန် မင်းကြီးပိုင်ဆိုင်သောအရာအားလုံးထဲမှ အပ်ချည်တစ်မျှင်၊ သည်းကြိုးတစ်ချောင်းကိုမျှ အကျွန်ုပ်မယူပါ။
ဒံယေလ 5:17 - မြန်မာ့စံမီသမ္မာကျမ်း ဒံယေလကလည်း “အရှင်မင်းကြီး၏လက်ဆောင်များ ရှိပါလေစေ။ ဆုလာဘ်များကိုလည်း အခြားသူများအား ပေးပါ။ ထိုစာကိုဖတ်၍ အနက်အဓိပ္ပာယ်ကို အရှင်မင်းကြီးအား ဖော်ပြပေးပါမည်။ Common Language Bible ဒံယေလက``အရှင်၏ဆုတော်လာဘ်တော် တို့ကို ကိုယ်တော်ထံတော်၌သာထားရှိတော် မူပါ။ သို့မဟုတ်အခြားသူတစ်စုံတစ် ယောက်အားချီးမြှင့်တော်မူပါ။ သို့ရာတွင် အကျွန်ုပ်သည်ထိုစာတန်းကိုဖတ်၍ အနက် ကိုအရှင့်အားလျှောက်ထားပါမည်။ Garrad Bible ဒံ ယေ လ က လည်း ဆု လပ် တော် ကို လက် တော် တွင် ပြန် သိမ်း၍ သူ တစ် ပါး အ ဖို့ ဖြစ် ပါ စေ။ သို့ ရာ တွင် ရှေ့ တော်၌ ထို စာ ကို ဖတ်၍ အ နက် ကို ဖော် ပြ ပါ မည်။ Judson Bible ဒံယေလကလည်း၊ ဆုတော်လာဘ်တော်ကို ကိုယ်တော်၌ ရှိစေတော်မူပါ။ ပေးလိုသောအရာများကို အခြားသူအား ပေးသနားတော်မူပါ။ သို့သော်လည်း၊ ရှေ့တော်၌ ထိုစာကိုဖတ်၍ အနက်ကိုဖော်ပြပါမည်။ |
‘ငါသည် အာဗြံကိုချမ်းသာကြွယ်ဝစေပြီ’ဟု မင်းကြီးဆိုစရာမရှိစေရန် မင်းကြီးပိုင်ဆိုင်သောအရာအားလုံးထဲမှ အပ်ချည်တစ်မျှင်၊ သည်းကြိုးတစ်ချောင်းကိုမျှ အကျွန်ုပ်မယူပါ။
ဧလိရှဲက အစ္စရေးဘုရင်အား “ငါသည် မင်းကြီးနှင့်မည်သို့ဆိုင်သနည်း။ အရှင့်ခမည်းတော်၏ပရောဖက်များ၊ မယ်တော်၏ပရောဖက်များထံသို့ သွားမေးပါလော့”ဟု ဆို၏။ ထိုအခါ အစ္စရေးဘုရင်က “ထိုသို့မဆိုပါနှင့်။ အကျွန်ုပ်တို့ဤဘုရင်သုံးပါးကို မောဘလူမျိုးလက်သို့ အပ်ဖို့ ထာဝရဘုရား ခေါ်ထုတ်တော်မူပြီ”ဟု ပြန်ပြော၏။
ဧလိရှဲက “ငါကိုးကွယ်သောထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်လက်ဆောင်ကို ငါလက်မခံ”ဟု ဆို၏။ လက်ဆောင်ကိုလက်ခံရန် နေမန်တိုက်တွန်းသော်လည်း သူငြင်းဆို၏။
ဧလိရှဲက သူ့အား “ထိုလူသည် ရထားပေါ်မှဆင်းလာပြီး သင်နှင့်တွေ့သည့်နေရာသို့ ငါ့ဝိညာဉ်သည် ရောက်နေသည်ကို သင်မသိသလော။ ယခုအချိန်သည် ငွေကိုလက်ခံရမည့်အချိန်လော။ အဝတ်အစား၊ သံလွင်ခြံ၊ စပျစ်ခြံ၊ သိုးနွား၊ ကျွန်ယောက်ျားကျွန်မိန်းမတို့ကို လက်ခံရမည့်အချိန်လော။
အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို ရှင်ဘုရင်များရှေ့တွင်ပြောကြားပါမည်။ အကျွန်ုပ်သည် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
သို့သော် သင်တို့သည် ငါ့အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ်ကို ဖော်ပြနိုင်လျှင် သင်တို့အား လက်ဆောင်များနှင့်တကွ ဆုလာဘ်ကိုလည်း ငါပေးမည်။ ခမ်းနားစွာဂုဏ်ပြုမည်။ ထို့ကြောင့် အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ်ကို ဖော်ပြကြလော့”ဟု မိန့်ဆို၏။
ထိုအခါ ဗေလရှာဇာမင်းကြီးအမိန့်ပေးသဖြင့် ဒံယေလအား ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ပေး၍ လည်တွင် ရွှေစလွယ်ဆင်ပေးပြီး တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကိုအုပ်ချုပ်ခွင့်ရှိသူဖြစ်ကြောင်း ကြေညာကြလေ၏။
ထိုအခါ ပေတရုက “သင်သည် ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကို ငွေအားဖြင့်ဝယ်ယူနိုင်သည်ဟုထင်မှတ်သောကြောင့် သင်၏ငွေသည် သင်နှင့်အတူပျက်စီးပါစေ။