“အထက်ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းကို ရှိစေတော်မူသောအရှင်သည် အုပ်စိုးခြင်းအရှင်၊ ကြောက်ရွံ့ရိုသေဖွယ်အရှင် ဖြစ်တော်မူ၏။
ဒံယေလ 4:3 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ပြုတော်မူသောနိမိတ်လက္ခဏာသည် ကြီးမားလှပါ၏။ အံ့ဖွယ်သောအမှုတို့သည်လည်း တန်ခိုးပါရှိ၏။ နိုင်ငံတော်သည် ထာဝရတည်သောနိုင်ငံ ဖြစ်၏။ အာဏာစက်သည် ကာလအစဉ်အဆက် တည်တော်မူ၏။ Common Language Bible ``ငါတို့အားဘုရားသခင်ပြတော်မူသော အံသြဖွယ်ရာတို့သည်လွန်စွာကြီးမြတ် ပါသည်တကား။ ကိုယ်တော်ပြတော်မူသောနိမိတ်လက္ခဏာ များသည် လွန်စွာတန်ခိုးတော်နှင့်ပြည့်စုံပါသည်တကား။ ဘုရားသခင်သည်ထာဝစဉ်ဘုရင်ဖြစ်တော် မူ၏။ ကိုယ်တော်သည်လောကကိုကာလအစဉ် အုပ်စိုးတော်မူလိမ့်မည်။ Garrad Bible နိ မိတ် လ က္ခ ဏာ တော် များ သည် ကြီး ကျယ်၍ အံ့ ဖွယ် ရာ များ လည်း ထူး ဆန်း ပါ၏။ နိုင် ငံ တော် သည် ထာ ဝ ရ နိုင် ငံ ဖြစ် လျက် အာ ဏာ စက် တော် လည်း ကာ လ အ စဉ် တည် မြဲ ပါ၏။ Judson Bible နိမိတ်လက္ခဏာတော်သည် အလွန်ကြီးပေ၏။ အံ့ဖွယ်သော အမှုတော်လည်း တန်ခိုးနှင့်ပြည်စုံပေ၏။ ဘုရားသခင်၏နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ အာဏာစက်တော်လည်း ကမ္ဘာအဆက်ဆက် တည်တော်မူ၏။ |
“အထက်ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းကို ရှိစေတော်မူသောအရှင်သည် အုပ်စိုးခြင်းအရှင်၊ ကြောက်ရွံ့ရိုသေဖွယ်အရှင် ဖြစ်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အလွန်များပြားလှပါ၏။ ကိုယ်တော်သည် ထိုအရာအားလုံးကို ဉာဏ်ပညာအားဖြင့် ဖန်ဆင်းတော်မူ၏။ ကမ္ဘာမြေကြီးသည် ကိုယ်တော်ဖန်ဆင်းသော အရာများဖြင့် ပြည့်နှက်လျက်ရှိပါ၏။
သူတို့သည် ကိုယ်တော်၏နိမိတ်လက္ခဏာနှင့် ဆိုင်သောအမှုများကို ထိုသူတို့အလယ်၌လည်းကောင်း၊ တန်ခိုးလက္ခဏာများကို ဟာမ၏ပြည်၌လည်းကောင်း ပြုကြ၏။
ကိုယ်တော်၏နိုင်ငံသည် ထာဝရနိုင်ငံဖြစ်ပါ၏။ ကိုယ်တော်၏အုပ်စိုးမှုသည်လည်း မျိုးဆက်အစဉ်အဆက်တည်ပါ၏။
ကိုယ်တော်သည် မိမိ၏အစွမ်းတန်ခိုးတော်ဖြင့် အစဉ်အမြဲအုပ်စိုးတော်မူ၏။ ကိုယ်တော်၏မျက်စိတော်သည် လူမျိုးတကာတို့ကို သေချာစွာကြည့်ရှုတော်မူ၏။ ငြင်းဆန်သောသူတို့သည် သူတို့ကိုယ်သူတို့ မချီးမြှောက်ကြပါစေနှင့်။(စေလာ)
အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာပြုတော်မူသော အစ္စရေးလူမျိုးတို့၏ဘုရားသခင်တည်းဟူသော ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။
ကိုယ်တော်၏လမ်းသည် ပင်လယ်ကိုဖြတ်ကျော်၍ ကိုယ်တော်၏လမ်းခရီးသည် ကျယ်ဝန်းသောရေပြင်ကို ဖြတ်ကျော်ပါ၏။ သို့သော် ကိုယ်တော်၏ခြေရာတော်တို့ကို မသိမမြင်ရပါ။
အကြောင်းမူကား ကိုယ်တော်သည် ကြီးမြတ်၍ အံ့ဖွယ်သောအမှုတို့ကိုပြုတော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသော အမှုတို့သည် ကြီးမြတ်လှပါ၏။ ကိုယ်တော်၏အကြံအစည်တို့သည် အလွန်နက်နဲပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော့်ကို ချီးမြှောက်ပါမည်။ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းပါမည်။ အကြောင်းမူကား ကိုယ်တော်သည် အံ့ဖွယ်သောအမှုကိုပြုတော်မူပြီ။ ရှေးအကြံအစည်တော်တို့ကို မြဲမြံသောသစ္စာနှင့်ပြုတော်မူပြီ။
ထိုအမှုအရာသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားထံတော်မှလာသော အမှုအရာဖြစ်၏။ ကိုယ်တော်၏အကြံဉာဏ်သည် အံ့ဖွယ်ဖြစ်၏။ ကိုယ်တော်၏ဉာဏ်ပညာသည် ကြီးမြတ်တော်မူ၏။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
ထာဝရဘုရားမူကား စစ်မှန်သောဘုရားဖြစ်၏။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရား၊ ထာဝရဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်အမျက်ထွက်တော်မူလျှင် မြေကြီးတုန်ခါပါ၏။ လူမျိုးအပေါင်းတို့သည် အမျက်တော်ကို မခံနိုင်ကြပါ။
ထို့ကြောင့် ရှင်ဘုရင်၏အိပ်မက်များကို ဖော်ပြရန် ရှင်ဘုရင်သည် နတ်ဝိဇ္ဇာဆရာများ၊ ဂမ္ဘီရဆရာများ၊ မှော်ဆရာများနှင့်ခါလဒဲပညာရှိတို့ကို ဆင့်ခေါ်စေ၏။ သူတို့သည်လည်း ရှင်ဘုရင်ရှေ့မှောက်၌ လာ၍ရပ်နေကြ၏။
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။
ဤသည်ကား ကောင်းကင်တမန်တို့ကြေညာသော စီရင်ချက်ဖြစ်၏။ သန့်ရှင်းသူတို့၏စကားလည်း ဖြစ်၏။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူအား ပေးတော်မူကြောင်းနှင့် အနိမ့်ဆုံးသောသူကိုပင် အုပ်စိုးခွင့်ပေးတော်မူကြောင်းကို အသက်ရှင်သူတို့ သိစေရန် ဖြစ်၏’ဟု ဆိုလေ၏။
သူ့အား နိုင်ငံတော်နှင့်တကွ အာဏာစက်၊ ဂုဏ်သရေကို အပ်နှင်းပြီဖြစ်၍ နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးအပေါင်းတို့သည် သူ့အားကိုးကွယ်ကြလိမ့်မည်။ သူ၏အာဏာစက်သည် မပျောက်ပျက်၊ ထာဝရတည်သောအာဏာစက် ဖြစ်၏။ နိုင်ငံတော်သည်လည်း မည်သည့်အခါမျှ ပျက်စီးမည်မဟုတ်။
ထို့နောက် အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသောလူမျိုးတော်သည် နိုင်ငံတော်နှင့်တကွ အာဏာစက်ကိုလည်းကောင်း၊ ကောင်းကင်တစ်ခွင်အောက်ရှိတိုင်းနိုင်ငံများ၏ဘုန်းတန်ခိုးတို့ကိုလည်းကောင်း ရရှိလိမ့်မည်။ ကိုယ်တော်၏နိုင်ငံသည် ထာဝရနိုင်ငံဖြစ်ပြီး အာဏာရမင်းရှိသမျှသည် ကိုယ်တော့်ကို နာခံ၍ ဝတ်ပြုကြလိမ့်မည်’ဟု ငါ့အား ရှင်းပြ၏။
ဘုရားသခင်၏အသိပညာနှင့်ဉာဏ်ပညာတော်တို့၏ကြွယ်ဝမှုသည် နက်နဲလှပါတကား။ စီရင်တော်မူချက်တို့ကို စူးစမ်းလေ့လာ၍မကုန်နိုင်။ လမ်းတော်တို့ကိုလည်း ချင့်မျှော်တွေးဆ၍မရနိုင်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။
ထာဝရဘုရင်၊ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းတော်မူသော မမြင်ရသည့် တစ်ဆူတည်းသောဘုရားသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းတော်နှင့်ဂုဏ်တော်ရှိပါစေသော။ အာမင်။
သို့သော် သားတော်နှင့်ပတ်သက်၍မူကား “အို ဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် ကမ္ဘာအဆက်ဆက်တည်၍ ဖြောင့်မှန်သောအုပ်ချုပ်မှုသည် ကိုယ်တော့်နိုင်ငံတော်၏အုပ်ချုပ်မှုဖြစ်ပါ၏။
ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများအားဖြင့်လည်းကောင်း၊ တန်ခိုးလက္ခဏာအမျိုးမျိုးအားဖြင့်လည်းကောင်း၊ မိမိအလိုတော်နှင့်အညီ သန့်ရှင်းသောဝိညာဉ်တော်ကို မျှဝေပေးတော်မူခြင်းအားဖြင့်လည်းကောင်း သူတို့နှင့်အတူ သက်သေခံတော်မူ၏။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။