ထာဝရဘုရားသည် မိမိ၏ပလ္လင်ကို ကောင်းကင်ဘုံ၌ တည်တော်မူ၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း အရာခပ်သိမ်းတို့ကို အုပ်စိုးတော်မူ၏။
ဒံယေလ 4:25 - မြန်မာ့စံမီသမ္မာကျမ်း အရှင်မင်းကြီးသည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရလိမ့်မည်။ နွားကဲ့သို့ မြက်ကိုစားရလိမ့်မည်။ မိုးကောင်းကင်နှင်းများနှင့် စိုလျက်နေလိမ့်မည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း အရှင်မင်းကြီး သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရလိမ့်မည်။ Common Language Bible အရှင်သည်လူ့အသိုင်းအဝိုင်းထဲမှနှင် ထုတ်ခြင်းကိုခံရ၍ တောတိရစ္ဆာန်များနှင့် အတူနေရလိမ့်မည်။ နွားကဲ့သို့မြက်ကို စားလျက်ခုနစ်နှစ်တိုင်တိုင်ဆီးနှင်းများ ဖြင့်စိုစွတ်ကာ အမိုးအကာမရှိသည့် အရပ်တွင်အိပ်စက်ရလိမ့်မည်။ ထိုနောက် အမြင့်မြတ်ဆုံးသောဘုရားသခင်သည် လောကီနိုင်ငံများကိုအစိုးရတော်မူ၍ မိမိအလိုရှိသူမည်သူကိုမဆိုမင်း မြှောက်တော်မူနိုင်ကြောင်းကိုအရှင် ဝန်ခံပါလိမ့်မည်။- Judson Bible ကိုယ်တော်ကို လူစုထဲက နှင်ထုတ်၍၊ မြေတိရစ္ဆာန်တို့နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုး၍၊ ပေးလိုသော သူတို့အား ပေးတော်မူသည်ကို ကိုယ်တော်မသိ မမှတ်မီကာလ၊ ခုနစ်နှစ်ပတ်လုံး နွားကဲ့သို့ မြက်ကိုစား၍၊ မိုးစွတ်ခြင်းကို ခံလျက်နေရမည်။ |
ထာဝရဘုရားသည် မိမိ၏ပလ္လင်ကို ကောင်းကင်ဘုံ၌ တည်တော်မူ၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း အရာခပ်သိမ်းတို့ကို အုပ်စိုးတော်မူ၏။
ထိုသို့ဖြင့် မိမိတို့၏ဘုန်းအသရေကို မြက်စားသောနွား၏ရုပ်တုနှင့် လဲလှယ်ကြ၏။
တရားစီရင်သောအရှင်ကား ဘုရားသခင်ပေတည်း။ ထိုအရှင်သည် တစ်ဦးကိုနှိမ့်ချ၍ တစ်ဦးကိုချီးမြှောက်တော်မူ၏။
ထိုသို့ဖြင့် ထာဝရဘုရားဟူသောနာမတော်ရှိသည့် ကိုယ်တော်တစ်ပါးတည်းသာလျှင် ကမ္ဘာမြေတစ်ခွင်လုံး၌ အမြင့်ဆုံးသောအရှင်ဖြစ်ကြောင်းကို သူတို့သိကြပါစေသော။
‘ကြီးမားသောတန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်လျက် ကမ္ဘာမြေကြီးနှင့် မြေမျက်နှာပြင်ပေါ်ရှိ လူနှင့်တိရစ္ဆာန်တို့ကို ဖန်ဆင်းခဲ့သူမှာ ငါပင်ဖြစ်၍ ငါပေးလိုသောသူအား ငါပေးပြီ။
ကိုယ်တော်သည် အချိန်နှင့် ရာသီဥတုကို ပြောင်းလဲစေနိုင်၏။ ရှင်ဘုရင်တို့ကိုလည်း နန်းတင်နန်းချ ပြုနိုင်၏။ ပညာရှိကို ဉာဏ်ပညာပေးတော်မူ၏။ ဉာဏ်ရှိသူကိုလည်း အသိပညာပေးတော်မူ၏။
အို အရှင်မင်းကြီး၊ မင်းကြီးသည် ဘုရင်တကာတို့၏ဘုရင် ဖြစ်ပါ၏။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မင်းကြီးအား နိုင်ငံတော်နှင့်တကွ တန်ခိုးအာဏာ၊ အစွမ်းသတ္တိ၊ ဂုဏ်သရေတို့ကို ပေးတော်မူပြီ။
ထို့ပြင် ရှင်ဘုရင်က ဒံယေလအား “စင်စစ် သင်၏ဘုရားသခင်သည် ဘုရားတကာတို့၏ဘုရား၊ ဘုရင်တကာတို့၏အရှင်သခင်၊ နက်နဲသောအရာကို ဖွင့်ပြနိုင်သောအရှင် ဖြစ်တော်မူ၏။ ထို့ကြောင့် သင်သည်လည်း ဤနက်နဲသောအရာကို ဖွင့်ပြနိုင်ခြင်း ဖြစ်၏”ဟု မိန့်ဆို၏။
ဤသည်ကား ကောင်းကင်တမန်တို့ကြေညာသော စီရင်ချက်ဖြစ်၏။ သန့်ရှင်းသူတို့၏စကားလည်း ဖြစ်၏။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူအား ပေးတော်မူကြောင်းနှင့် အနိမ့်ဆုံးသောသူကိုပင် အုပ်စိုးခွင့်ပေးတော်မူကြောင်းကို အသက်ရှင်သူတို့ သိစေရန် ဖြစ်၏’ဟု ဆိုလေ၏။
ငါ့အား အမြင့်ဆုံးသောဘုရားသခင် ပြတော်မူသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်အမှုတို့ကို ဖော်ပြလိုပါ၏။