သူ့မိခင်သည်ပင် သူ့ကို မေ့လျော့ပြီး လောက်ကောင်များသည် သူ့အသားကို မြိန်ရှက်စွာစားသောက်သွားသဖြင့် သူ့ကို သတိရကြတော့မည်မဟုတ်။ မတရားသောသူသည် သစ်ပင်ကဲ့သို့ ကျိုးပဲ့သွားရလိမ့်မည်။
ဒံယေလ 4:14 - မြန်မာ့စံမီသမ္မာကျမ်း ကျယ်လောင်စွာ အော်ဟစ်လျက် ‘ဤသစ်ပင်ကို ခုတ်လှဲပစ်လော့။ အကိုင်းအခက်များကိုလည်း ခုတ်ဖြတ်ပစ်လော့။ အရွက်များကို ခြွေချပြီး အသီးများကိုလည်း ဖြန့်ကြဲပစ်လော့။ တောတိရစ္ဆာန်တို့သည် ထိုအပင်အောက်မှလည်းကောင်း၊ ငှက်တို့သည် အကိုင်းအခက်တို့မှလည်းကောင်း ထွက်ပြေးကြပါစေ။ Common Language Bible ကောင်းကင်တမန်က`ဤသစ်ပင်ကိုခုတ်ချ ၍အကိုင်းတို့ကိုဖြတ်တောက်ပစ်လော့။ အရွက် တို့ကိုချွေ၍အသီးတို့ကိုကြဲဖြန့်ပစ်လော့။ တိရစ္ဆာန်တို့ကိုထိုသစ်ပင်ရိပ်မှလည်းကောင်း၊ ငှက်တို့ကိုအကိုင်းအခက်များမှလည်း ကောင်းမောင်းထုတ်လော့။- Garrad Bible သစ် ပင် ကို လှဲ၍ အ ခက် များ ကို ခုတ် ဖြတ် လော့။ အ ရွက် များ ကို ချွေ လျက် အ သီး များ ကို လည်း လွှင့် ပစ် လော့။ သား ယဉ် သား ရဲ များ သည် အ ရိပ် မှ လည်း ကောင်း၊ ကြက် ငှက် များ လည်း အ ကိုင်း အ ခက် မှ လည်း ကောင်း ထွက် သွား ကြ စေ။ Judson Bible သစ်ပင်ကို လှဲလော့။ အခက်တို့ကို ခုတ်လော့။ အသီးအရွက်တို့ကို လှုပ်ချွေလော့။ တိရစ္ဆာန်တို့သည် သစ်ပင်အောက်ကထွက်၍၊ ငှက်တို့သည်လည်း အကိုင်းအခက်ထဲက သွားကြစေ။ |
သူ့မိခင်သည်ပင် သူ့ကို မေ့လျော့ပြီး လောက်ကောင်များသည် သူ့အသားကို မြိန်ရှက်စွာစားသောက်သွားသဖြင့် သူ့ကို သတိရကြတော့မည်မဟုတ်။ မတရားသောသူသည် သစ်ပင်ကဲ့သို့ ကျိုးပဲ့သွားရလိမ့်မည်။
‘ကြီးမားသောတန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်လျက် ကမ္ဘာမြေကြီးနှင့် မြေမျက်နှာပြင်ပေါ်ရှိ လူနှင့်တိရစ္ဆာန်တို့ကို ဖန်ဆင်းခဲ့သူမှာ ငါပင်ဖြစ်၍ ငါပေးလိုသောသူအား ငါပေးပြီ။
ဘေဘီလုံမြို့မှ ထွက်ပြေးကြ။ အသက်ဘေးလွတ်အောင် ပြေးကြ။ ထိုမြို့၏အပြစ်ကြောင့် အဖျက်ဆီးမခံကြနှင့်။ အကြောင်းမူကား ထာဝရဘုရားလက်တုံ့ပြန်ရာအချိန်ကျရောက်ပြီ။ ထိုမြို့ခံထိုက်သောအပြစ်ကို ပြန်ပေးဆပ်စေတော်မူမည်။
ငါတို့သည် ဘေဘီလုံမြို့ကို ကုသပေးသော်လည်း ကုသ၍မရ။ သူ့ကိုထားခဲ့ပြီး ကိုယ့်ပြည်ကိုယ်ပြန်ကြစို့။ အကြောင်းမူကား သူခံရသောစီရင်ခြင်းသည် မိုးထိတိုင် ရောက်လေပြီ။ မိုးတိမ်ထိတိုင် မြင့်လေပြီ။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ထိုအပင်သည် အလွန်မြင့်မား၏။ ထိပ်ဖျားသည် မိုးထိအောင်မြင့်၏။ ထိုသို့ ပင်မြင့်ဖြစ်သောကြောင့် ဘဝင်မြင့်လာ၏။
ကိုယ်တော်သည် အချိန်နှင့် ရာသီဥတုကို ပြောင်းလဲစေနိုင်၏။ ရှင်ဘုရင်တို့ကိုလည်း နန်းတင်နန်းချ ပြုနိုင်၏။ ပညာရှိကို ဉာဏ်ပညာပေးတော်မူ၏။ ဉာဏ်ရှိသူကိုလည်း အသိပညာပေးတော်မူ၏။
သံတော်ဆင့်တစ်ဦးက “အို နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးကိုပြောဆိုကြသောလူမျိုးအပေါင်းတို့၊ သင်တို့အတွက် အမိန့်တော်ရှိ၏။
အရွက်များ ဝေဆာလှပပြီး အသီးလည်း လှိုင်လှိုင်သီးသောကြောင့် ထိုအပင်ကို မှီခိုသောသတ္တဝါအားလုံး စားစရာရရှိကြ၏။ တောတိရစ္ဆာန်တို့သည် ထိုအပင်အောက်၌ အရိပ်ခိုကြပြီး မိုးကောင်းကင်ငှက်တို့သည်လည်း ထိုအပင်၏အကိုင်းအခက်များတွင် အသိုက်ကိုလုပ်ကြ၏။ သက်ရှိသတ္တဝါအားလုံးတို့သည် ထိုအပင်ကို မှီခိုစားသုံးကြ၏။
ထို့ပြင် သန့်ရှင်းသူကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်မှဆင်းသက်လာပြီး ‘ဤသစ်ပင်ကို ခုတ်လှဲဖျက်ဆီးပစ်လော့။ သို့သော် မြေကြီးထဲစွဲနေသောအမြစ်နှင့်အငုတ်ကို သံကြိုး၊ ကြေးနီတို့ဖြင့် ချည်နှောင်၍ မြက်နုများပေါက်ရာကွင်းပြင်တွင် ချန်ထားလော့။ မိုးကောင်းကင်နှင်းများ စိုပါစေ။ တောတိရစ္ဆာန်တို့နှင့်အတူ ခုနစ်နှစ်ပတ်လုံး မြက်ပင်ကို အတူစားပါစေ’ဟု မိန့်ဆိုသည်ကို အရှင်မင်းကြီး မြင်မက်ပါ၏။
ထိုမှ တစ်ဆယ့်နှစ်လလွန်သော် မင်းကြီးသည် ဘေဘီလုံနန်းတော်ပေါ်တွင် လမ်းလျှောက်ရင်း
သူသည် မာနထောင်လွှားပြီး မောက်မာခက်ထန်လာသောအခါ ရာဇပလ္လင်မှဖြုတ်ချခံရပြီး သူ့ဂုဏ်သရေလည်း ရုပ်သိမ်းသွားခြင်း ခံရ၏။
သူသည် လူ့အသိုင်းအဝိုင်းထဲမှ နှင်ထုတ်ခြင်းခံရ၍ သူ၏စိတ်သည် တိရစ္ဆာန်စိတ်ကဲ့သို့ဖြစ်လာပြီး မြည်းရိုင်းတို့နှင့်အတူ နေခဲ့ရပါ၏။ အမြင့်ဆုံးသောဘုရားသခင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သူသိမှတ်သည့်တိုင်အောင် သူသည် နွားကဲ့သို့မြက်ကိုစား၍ ကိုယ်သည်လည်း မိုးကောင်းကင်နှင်းများနှင့် စို၍နေခဲ့ရပါ၏။
ပုဆိန်ကို သစ်ပင်တို့၏အမြစ်နားတွင်ချထားပြီဖြစ်၍ ကောင်းသောအသီးကိုမသီးသောအပင်တိုင်းသည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်။
ကောင်းသောအသီးမသီးသောအပင်တိုင်းသည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ ပစ်ချခြင်းခံရလိမ့်မည်။
ပုဆိန်ကိုလည်း သစ်ပင်တို့၏အမြစ်နားတွင် ချထားပြီဖြစ်၍ ကောင်းသောအသီးကိုမသီးသောအပင်တိုင်းသည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်”ဟု ဆိုလေ၏။
ခြင်္သေ့ဟောက်သကဲ့သို့ ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။ ထိုသို့ကြွေးကြော်သောအခါ မိုးချုန်းသံခုနစ်ချက်တို့သည် မိမိတို့အသံများဖြင့်မြွက်ဆိုကြ၏။
သူသည် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လျက် “ဘေဘီလုံမြို့ကြီးသည် ပြိုလဲပြီ၊ ပြိုလဲပြီ။ ၎င်းသည် နတ်ဆိုးတို့နေထိုင်ရာအရပ်၊ ညစ်ညူးသောနတ်အပေါင်းတို့၏ခိုအောင်းရာအရပ်၊ ညစ်ညူးသောငှက်အမျိုးမျိုးတို့၏ခိုအောင်းရာအရပ်နှင့် ညစ်ညူး၍ရွံရှာဖွယ်ကောင်းသောသတ္တဝါအပေါင်းတို့၏ခိုအောင်းရာအရပ် ဖြစ်လေပြီ။