နွေရာသီရောက်သောအခါ ခန်းခြောက်ပျောက်ကွယ်သွား၏။ ပူပြင်းသောအခါ ရှိသည့်နေရာ၌ပင် ခြောက်သွေ့သွား၏။
ဒံယေလ 2:35 - မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ သံ၊ ရွှံ့စေး၊ ကြေးနီ၊ ငွေ၊ ရွှေတို့သည်လည်း တစ်စစီကျိုးပဲ့သွား၍ နွေကာလတွင် တလင်းပြင်ရှိအဖျင်းအမှော်ကဲ့သို့ ဖြစ်လေ၏။ လေတိုက်သောအခါ လွင့်ပါသွားသဖြင့် အစအနပင် မတွေ့တော့ပေ။ ရုပ်တုကြီးကို ဝင်တိုက်သောကျောက်တုံးမူကား တောင်ကြီးဖြစ်လာပြီး မြေတစ်ပြင်လုံး၌ ပြည့်လေ၏။ Common Language Bible ချက်ချင်းပင်သံ၊ ရွှံ့စေးသရွတ်၊ ကြေးဝါ၊ ငွေနှင့်ရွှေတို့သည်ကြေမွ၍သွားပါ၏။ ယင်းတို့သည်နွေရာသီကောက်နယ်တလင်း က မြေမှုန့်များသဖွယ်လေတိုက်ရာသို့ လွင့်ပါသွားလေသည်။ အစအနတစ်စုံ တစ်ရာမျှပင်မကျန်ခဲ့ပါ။ သို့ရာတွင် ကျောက်ခဲကြီးမူကားကမ္ဘာမြေတစ်ပြင် လုံးကိုလွှမ်းမိုးသည့်တောင်ကြီးဖြစ်လာ ပါ၏။ Garrad Bible သံ၊ မြေ၊ ကြေး၊ ငွေ၊ ရွှေ များ လည်း တစ် ပြိုင် နက် ကျိုး ပဲ့ လျက် နွေ ကာ လ တွင် ကောက် နယ် တ လင်း၌ အ ဖျင်း မှုန် ကာ ကဲ့ သို့ ဖြစ်၍ လေ တိုက် သ ဖြင့် လွင့် သွား ကွယ် ပျောက် လေ ပြီ။ အ ရုပ် ကို ထိ မှန် သော ကျောက် ကား ကြီး မား သော ကျောက် တောင် ဖြစ် ပွား လျက် မြေ တစ် ပြင် လုံး ပြည့် လွှမ်း သည် ကို မြင် မက် တော် မူ၏။ Judson Bible သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ကြေမွလျက်၊ နွေကာလ၌ ကောက်နယ်တလင်း အမုန့်ကဲ့သို့ဖြစ်သဖြင့်၊ လေတိုက်လွှင့်၍ သူတို့နေရာမရှိ၊ ပျောက်လေ၏။ ရုပ်တုကို ထိခိုက်သော ကျောက်မူကား၊ တိုးပွားသဖြင့် တောင်ကြီးဖြစ်၍၊ မြေကြီးတစ်ပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။ |
နွေရာသီရောက်သောအခါ ခန်းခြောက်ပျောက်ကွယ်သွား၏။ ပူပြင်းသောအခါ ရှိသည့်နေရာ၌ပင် ခြောက်သွေ့သွား၏။
လေတိုက်ခတ်သောအခါ ထိုပန်းပွင့်သည် ပျောက်ကွယ်သွား၍ သူ့နေရာပင်လျှင် သူ့ကိုမသိတော့ပေ။
ကမ္ဘာမြေအစွန်းရှိသမျှတို့သည် သတိရကြ၍ ထာဝရဘုရားထံသို့ပြန်လှည့်လာကြလိမ့်မည်။ တိုင်းနိုင်ငံများမှမျိုးနွယ်စုအပေါင်းတို့သည် ရှေ့တော်၌ ပျပ်ဝပ်ကြလိမ့်မည်။
ခဏမျှကြာလျှင် ဆိုးယုတ်သောသူသည် ရှိတော့မည်မဟုတ်။ သင်သည် သူ၏နေရာကိုစေ့စေ့ရှာလျှင်လည်း သူသည်ရှိတော့မည်မဟုတ်။
သို့သော် သူသည်ကွယ်ပျောက်သွား၏။ ကြည့်ရှုလော့။ သူမရှိတော့ပေ။ သူ့ကို ငါရှာသော်လည်း မတွေ့ရတော့ပေ။
ကိုယ်တော်သည် ကမ္ဘာမြေကြီးအစွန်းတိုင်အောင် စစ်ပွဲတို့ကိုအဆုံးသတ်စေတော်မူ၏။ လေးကိုချိုးလျက် လှံကိုအပိုင်းပိုင်းဖြတ်ကာ စစ်ရထားတို့ကို မီးဖြင့်ရှို့တော်မူ၏။
မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်ကိုရှိခိုးကိုးကွယ်၍ သီဆိုချီးမွမ်းကြပါလိမ့်မည်။ သူတို့သည် ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းကြပါလိမ့်မည်”ဟု ဘုရားသခင်အား လျှောက်ကြလော့။(စေလာ)
အို ဘုရားရှင်၊ ကိုယ်တော်ဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့သည် ရှေ့တော်သို့လာ၍ ပျပ်ဝပ်ကြပါလိမ့်မည်။ ကိုယ်တော်၏နာမတော်ကိုလည်း ဂုဏ်ပြုချီးမွမ်းကြပါလိမ့်မည်။
ငါ၏သန့်ရှင်းသောတောင်တစ်တောင်လုံးကို ထိခိုက်ဖျက်ဆီးကြမည်မဟုတ်။ အကြောင်းမူကား ပင်လယ်သည် ရေများနှင့်ပြည့်လျှံနေသကဲ့သို့ ကမ္ဘာမြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းနှင့်ပြည့်လိမ့်မည်။
အချင်းလူမျိုးတို့၊ ဆိုးသွမ်းကြ။ ပြိုကွဲကြ။ ဝေးလံသောပြည်အပေါင်းတို့၊ စူးစိုက်နားထောင်ကြ။ စစ်တိုက်ဖို့အသင့်ပြင်ကြ။ ပြိုကွဲကြ။ စစ်တိုက်ဖို့အသင့်ပြင်ကြ။ ပြိုကွဲကြ။
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။
ထို့ကြောင့် သူတို့သည် နံနက်အချိန်၌ကျသောမြူခိုးကဲ့သို့၊ စောစောပြယ်လွင့်သွားသောနှင်းစက်ကဲ့သို့၊ လေထဲတွင် လွင့်ပါသွားသောကောက်နယ်တလင်းမှ ဖွဲကဲ့သို့၊ မီးခိုးခေါင်းတိုင်မှ ထွက်သောမီးခိုးကဲ့သို့ ဖြစ်ကြလိမ့်မည်။
“အို ဇိအုန်သမီးပျို၊ ထ၍ တလင်းနယ်လော့။ ငါသည် သင့်အား သံဦးချိုနှင့် ကြေးဝါခွာကို ပေးမည်။ သင်သည် လူမျိုးများစွာတို့ကို ညက်ညက်ကြေအောင် နင်းနယ်လိမ့်မည်။ သင်သည် သူတို့၏မတရားသောအကျိုးစီးပွားကို ထာဝရဘုရားထံတော်သို့လည်းကောင်း၊ သူတို့၏ဥစ္စာပစ္စည်းတို့ကို မြေတစ်ပြင်လုံး၏အရှင်ထံသို့လည်းကောင်း ဆက်ကပ်လိမ့်မည်။”
ထိုနေ့ရက်တွင် ငါသည် ဂျေရုဆလင်မြို့ကို လူမျိုးအပေါင်းတို့အဖို့ အလွန်လေးလံသောကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီမသောသူတိုင်း ဒဏ်ရာအပြင်းအထန် ရလိမ့်မည်။ မြေကြီးပေါ်ရှိ လူမျိုးတကာတို့သည် ဂျေရုဆလင်မြို့ကို တိုက်ခိုက်ရန် စုဝေးကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ရန်သူအပေါင်းတို့ကို ကိုယ်တော်၏ခြေဖဝါးအောက်၌ချထားသည်အထိ ကိုယ်တော်သည်အုပ်စိုးရမည်ဖြစ်၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။
ထို့နောက် ဖြူသောပလ္လင်ကြီးနှင့် ထိုပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကို ငါမြင်ရ၏။ ကောင်းကင်နှင့်မြေကြီးသည် ထိုအရှင်၏မျက်မှောက်မှ ပျောက်လွင့်သွား၍ ၎င်းတို့အတွက်နေရာမရှိတော့ပေ။