ဒံယေလ 2:28 - မြန်မာ့စံမီသမ္မာကျမ်း
သို့သော် နက်နဲသောအရာကို ဖွင့်ပြပေးနိုင်သောဘုရားသခင်တစ်ပါး ကောင်းကင်ဘုံတွင် ရှိတော်မူ၏။ ထိုဘုရားက နောင်ကာလဖြစ်ပျက်မည့်အရာများကို နေဗုခဒ်နေဇာမင်းကြီးအား ဖော်ပြတော်မူပြီ။ သလွန်တော်ပေါ်တွင် ရှင်ဘုရင်မြင်မက်တော်မူသောအိပ်မက်နှင့် တွေးတောရင်း စိတ်အာရုံတွင်မြင်ရသောအရာကား ဤသို့ဖြစ်၏။
အခန်းကိုကြည့်ပါ။
သို့ရာတွင်လျှို့ဝှက်ခက်ခဲသောအရာများ ကို ဖွင့်ပြတော်မူသောဘုရားသခင်သည် ကောင်းကင်ဘုံတွင်ရှိတော်မူပါ၏။ ထိုဘုရား သည်အနာဂတ်ကာလ၌အဘယ်သို့ဖြစ် ပျက်မည်ကို အရှင်မင်းကြီးအားဖွင့်ပြ တော်မူပါပြီ။ အရှင်မင်းကြီးစက်တော် ခေါ်လျက်နေစဉ် မြင်မက်သည့်အိပ်မက်ကို ယခုအကျွန်ုပ်ဖော်ပြပါမည်။
အခန်းကိုကြည့်ပါ။
ကွယ် ဝှက် ရာ များ ကို ထင် ရှား စေ တော် မူ သော ဘု ရား သ ခင် သည် ကောင်း ကင် ဘုံ၌ စံ နေ လျက် နောင် ဖြစ် လ တ္တံ့ သော အ ကြောင်း အ ရာ များ ကို ဘု ရင် မင်း မြတ် အား ဖော် ပြ တော် မူ လေ ပြီ။ သာ လွန် တော် ပေါ် တွင် မြင် သော မ နော ရူ ပါ ရုံ နှင့် စပ် လျဉ်း ရာ မှာ၊
အခန်းကိုကြည့်ပါ။
နက်နဲသော အရာတို့ကို ဖွင့်ပြ၍၊ နောင်ကာလ၌ ဖြစ်လတ္တံ့သော အရာတို့ကို နေဗုခဒ်နေဇာမင်းကြီးအား ကြားပြောတော်မူသော ဘုရားသခင်တစ်ဆူသည် ကောင်းကင်ဘုံမှာ ရှိတော်မူ၏။
အခန်းကိုကြည့်ပါ။