ဒံယေလက ရှင်ဘုရင်အား “အရှင်မင်းကြီးမေးသည့် နက်နဲသောအရာကို ပညာရှိများ၊ ဗေဒင်ဆရာများ၊ မှော်ဆရာများ၊ နက္ခတ်ဗေဒပညာရှင်များက အရှင်မင်းကြီးအား ဖော်ပြနိုင်မည်မဟုတ်ပါ။
ဒံယေလက``အရှင်မင်းကြီး၊ အရှင်၏ မေးခွန်းကိုဖြေကြားနိုင်သောမှော်ဆရာ၊ ပယောဂဆရာ၊ ဗေဒင်ဆရာ၊ နက္ခတ် ဆရာမရှိပါ။-
ဒံ ယေ လ က၊ ဘု ရင် မင်း မြတ် သိ လို တော် မူ သော ကွယ် ဝှက် ရာ ကို ပ ညာ ရှိ၊ မှော် ဆ ရာ၊ ဗေ ဒင် ဆ ရာ၊ ဟူး ရား ဆ ရာ တို့ မ ဖော် မ ပြ နိုင် ကြ သော် လည်း၊
ဒံယေလက၊ အရှင်မင်းကြီး မေးမြန်းတော်မူသောအရာကို ပညာရှိ၊ ဗေဒင်တတ်၊ မာဂုဆရာ၊ အနာဂတ္တိဆရာတို့သည် အရှင်မင်းကြီးအား ဖော်ခြင်းငှာ မတတ်နိုင်ကြပါ။
သူတို့ကလည်း “ငါတို့သည် အိပ်မက်မက်ကြ၏။ သို့သော် အိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သောသူ တစ်ယောက်မျှမရှိ”ဟု ပြန်ပြောကြ၏။ ယောသပ်ကလည်း “အနက်ဖွင့်ဆိုခြင်းသည် ဘုရားသခင်နှင့်ဆိုင်တော်မူသည်မဟုတ်လော။ သို့ဖြစ်၍ အကျွန်ုပ်အားပြောပြကြပါလော့”ဟု သူတို့အားဆိုလေ၏။
နံနက်ရောက်သောအခါ ဖာရောမင်းကြီးသည် စိတ်မငြိမ်မသက်ဖြစ်လေ၏။ ထို့ကြောင့် လူလွှတ်၍ အီဂျစ်ပြည်ရှိ နတ်ဝိဇ္ဇာဆရာအပေါင်းတို့နှင့် ပညာရှိအပေါင်းတို့ကိုခေါ်ပြီးလျှင် မိမိ၏အိပ်မက်ကို သူတို့အား ပြောပြလေ၏။ သို့သော် ဖာရောမင်းကြီးအတွက် ထိုအိပ်မက်တို့၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။
အီဂျစ်ပြည်သားတို့သည် စိတ်ပျက်ကြလိမ့်မည်။ သူတို့၏အကြံအစည်ကိုလည်း ငါဖျက်ဆီးမည်။ ထိုအခါ သူတို့သည် ရုပ်တု၊ နတ်၊ နတ်ဝင်သည်၊ နတ်ထိန်းတို့ထံ မေးမြန်းကြလိမ့်မည်။
ငါသည် ပရောဖက်အတုအယောင်တို့၏နိမိတ်လက္ခဏာများကို ပယ်ဖျက်၏။ ဂမ္ဘီရပညာတတ်မြောက်သူတို့ကို ရူးသွပ်စေ၏။ ပညာရှိတို့ကို နောက်ပြန်လှန်စေ၍ သူတို့၏အသိပညာကို မိုက်မဲစေ၏။
အို လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်သည် ကြောက်ရွံ့ရိုသေခြင်းကို ခံထိုက်တော်မူပါ၏။ မည်သူသည် ကိုယ်တော့်ကို မကြောက်ရွံ့ဘဲနေပါသနည်း။ လူမျိုးတကာတို့၏ပညာရှိအပေါင်းတို့တွင်လည်းကောင်း၊ တိုင်းနိုင်ငံရှိသမျှတို့တွင်လည်းကောင်း ကိုယ်တော်နှင့်တူသောသူတစ်ယောက်မျှမရှိပါ။
ရှင်ဘုရင်မေးမြန်းသမျှသောဉာဏ်စမ်းမေးခွန်းတို့ကို ဖြေကြားရာတွင် သူတို့သည် တစ်နိုင်ငံလုံးရှိနတ်ဝိဇ္ဇာဆရာများ၊ ဂမ္ဘီရဆရာများထက် ဆယ်ဆမက သာသည်ကို ရှင်ဘုရင်တွေ့ရ၏။
ထို့ကြောင့် ရှင်ဘုရင်၏အိပ်မက်များကို ဖော်ပြရန် ရှင်ဘုရင်သည် နတ်ဝိဇ္ဇာဆရာများ၊ ဂမ္ဘီရဆရာများ၊ မှော်ဆရာများနှင့်ခါလဒဲပညာရှိတို့ကို ဆင့်ခေါ်စေ၏။ သူတို့သည်လည်း ရှင်ဘုရင်ရှေ့မှောက်၌ လာ၍ရပ်နေကြ၏။
မှော်ဆရာများ၊ ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒပညာရှင်များအား ငါ့အိပ်မက်ကို ပြောပြသော်လည်း မည်သူမျှအိပ်မက်အနက်အဓိပ္ပာယ်ကို မဖော်ပြပေးနိုင်ကြ။