ထိုအခါ ဖာရောမင်းကြီးသည် လူလွှတ်၍ ယောသပ်ကိုခေါ်စေသဖြင့် ယောသပ်ကို မြေအောက်အကျဉ်းခန်းထဲမှ အလျင်အမြန်ထုတ်ဆောင်ကြ၏။ ယောသပ်သည် မုတ်ဆိတ်ရိတ်၍ အဝတ်အစားလဲပြီးလျှင် ဖာရောမင်းကြီးထံသို့အခစားဝင်လေ၏။
ဒံယေလ 2:25 - မြန်မာ့စံမီသမ္မာကျမ်း အာရုတ်ကလည်း ဒံယေလကို ရှင်ဘုရင်ထံ အလျင်အမြန်ခေါ်သွားပြီးလျှင် “အရှင်မင်းကြီး၏အိပ်မက်အနက်အဓိပ္ပာယ်ကို ဖော်ပြပေးနိုင်မည့် ယုဒအမျိုးသုံ့ပန်းတစ်ဦးကို အကျွန်ုပ်တွေ့ပါပြီ”ဟု လျှောက်လေ၏။ Common Language Bible ထိုအခါအာရုတ်သည်ချက်ချင်းပင်ဒံယေလ ကို မင်းကြီး၏ရှေ့တော်သို့သွင်းပြီးလျှင်မင်း ကြီးအား``အကျွန်ုပ်သည်ယုဒအမျိုးသား သုံ့ပန်းများထဲမှ မင်းကြီး၏အိပ်မက်အနက် ကိုဖော်ပြနိုင်သူကိုတွေ့ရှိပါပြီ'' ဟုလျှောက် လေ၏။ Garrad Bible ထို အ ခါ အာ ရုတ် သည် ဒံ ယေ လ ကို ရှေ့ တော် သို့ အ ဆော တ လျှင် ခေါ် သွင်း ပြီး လျှင် ဘု ရင် မင်း မြတ် အား၊ အိပ် မက် တော့် အ နက် ဖတ် ပြ နိုင် သူ တစ် ယောက် ကို သုံ့ ပန်း ဖြစ် သော ယု ဒ အ မျိုး တို့ တွင် တွေ့ ပါ ပြီ ဟု တင် လျှောက် သော်၊ Judson Bible ထိုအခါ အာရုတ်သည် ဒံယေလကို အလျင်တဆော အထံတော်သို့ ခေါ်သွင်းပြီးလျှင်၊ အိပ်မက်တော်နှင့် အနက်ကို အရှင်မင်းကြီးအား ဖော်ပြနိုင်သော သူတစ်ယောက်ကို ယုဒအမျိုး လက်ရလူတို့တွင် အကျွန်ုပ်တွေ့ပါပြီဟု လျှောက်လေ၏။ |
ထိုအခါ ဖာရောမင်းကြီးသည် လူလွှတ်၍ ယောသပ်ကိုခေါ်စေသဖြင့် ယောသပ်ကို မြေအောက်အကျဉ်းခန်းထဲမှ အလျင်အမြန်ထုတ်ဆောင်ကြ၏။ ယောသပ်သည် မုတ်ဆိတ်ရိတ်၍ အဝတ်အစားလဲပြီးလျှင် ဖာရောမင်းကြီးထံသို့အခစားဝင်လေ၏။
ဤသူတို့မှာ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးက သုံ့ပန်းအဖြစ်ဖမ်းခေါ်သွားပြီးနောက် သုံ့ပန်းဘဝမှလွတ်မြောက်၍ ဘေဘီလုံပြည်မှ ယုဒပြည်၊ ဂျေရုဆလင်မြို့၊ မိမိတို့နေရပ်အသီးသီးသို့ပြန်လာကြသောသူများ ဖြစ်ကြ၏။
သေရာသို့ခေါ်ဆောင်သွားခြင်းခံရသောသူတို့နှင့် ကွပ်မျက်ရာသို့ဒယိမ်းဒယိုင်သွားနေသောသူတို့ကို ကယ်နုတ်လော့။ အကယ်၍ ထိုသို့မပြုဘဲ
သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
ဤသို့ဖြင့် ဒံယေလကို အထံတော်သို့ ခေါ်ဆောင်လာရာ ရှင်ဘုရင်က ဒံယေလအား “သင်သည် ငါ့ခမည်းတော် ယုဒပြည်မှခေါ်ဆောင်လာသောယုဒသုံ့ပန်း ဒံယေလလော။
ထိုအခါ သူတို့က “အရှင်မင်းကြီး၊ ယုဒလူမျိုးသုံ့ပန်းတစ်ဦးဖြစ်သောဒံယေလသည် အရှင်မင်းကြီးကိုအလေးမထား။ အရှင်မင်းကြီးလက်မှတ်ရေးထိုးထုတ်ပြန်ထားသော အမိန့်ကို မနာခံဘဲ တစ်နေ့သုံးကြိမ်ဆုတောင်းမြဲ ဆုတောင်းလျက်နေပါ၏”ဟု ဘုရင့်ထံ လျှောက်ထားကြလေ၏။