နေဟမိ 7:6 - မြန်မာ့စံမီသမ္မာကျမ်း6 ဤသူတို့မှာ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးက သုံ့ပန်းအဖြစ်ဖမ်းခေါ်သွားပြီးနောက် သုံ့ပန်းဘဝမှလွတ်မြောက်၍ ဘေဘီလုံပြည်မှ ယုဒပြည်၊ ဂျေရုဆလင်မြို့၊ မိမိတို့နေရပ်အသီးသီးသို့ပြန်လာကြသောသူများ ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းဖမ်းဆီးခေါ်ဆောင်သွားချိန်မှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ရာမှပြန်လည်ရောက်ရှိလာသူများသည် မိမိတို့နေရင်းဌာနေဖြစ်သောယေရုရှလင်မြို့နှင့်အခြားယုဒမြို့များသို့ပြန်လာခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible6-7 ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သိမ်း သူ၊ ဇေ ရု ဗ ဗေ လ၊ ယော ရှု၊ နေ ဟေ မိ၊ အာ ဇ ရိ၊ ရာ မိ၊ နာ ဟ မာ နိ၊ မော် ဒ ကဲ၊ ဗိ လ ရှန်၊ မိ ဇ ပေ ရက်၊ ဗိ ဂ ဝဲ၊ နေ ဟုံ၊ ဗာ နာ တို့ နှင့် တ ကွ၊ ယု ဒ ပြည် ယေ ရု ရှ လင် မြို့ မှ စ၍ ဇာ တိ မြို့ ရွာ သို့ ပြန် သွား ခွင့် ရ သော၊ ဣ သ ရေ လ အ မျိုး၊ ယု ဒ ပြည် သား သုံ့ ဘမ်း ရာ ပါ သူ တို့ စာ ရင်း ကား။ အခန်းကိုကြည့်ပါ။Judson Bible6-7 တစ်ဖန် ငါတွေ့သောစာရင်းတည်းဟူသော၊ ရှေ့ဦးစွာ ရောက်လာသောသူတို့၏ အဆွေအမျိုးစာရင်းချက် ဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကိုခံရသော လူစုထဲကထွက်၍ ဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံ၊ ဗာနာတို့နှင့်အတူ လိုက်လာ၍ ယေရုရှလင်မြို့အစရှိသော ယုဒပြည်၌ အသီးအသီးဆိုင်သော မြို့ရွာသို့ရောက်သော နိုင်ငံတော်သား၊ ဣသရေလလူစာရင်းဟူမူကား၊ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့သည် ယုဒပြည်ရှိ ကြီးမြတ်တော်မူသောဘုရားသခင်၏အိမ်တော်သို့ ရောက်ခဲ့ကြောင်း၊ ထိုအိမ်တော်ကို ကျောက်တုံးကြီးများနှင့်ဆောက်ထားပြီး နံရံတွင်သစ်သားများထည့်ထားကြောင်း၊ သူတို့သည် အားကြိုးမာန်တက်လုပ်ဆောင်သဖြင့် သူတို့၏အလုပ်သည် အထမြောက်အောင်မြင်လျက်ရှိကြောင်းကို အရှင်မင်းကြီးအား သိစေပါ၏။