သင်၏ရန်သူတို့ကို သင့်လက်သို့ အပ်နှံတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော”ဟု မြွက်ဆိုလေ၏။ အာဗြံသည်လည်း ရှိသမျှသောအရာတို့၏ဆယ်ဖို့တစ်ဖို့ကို သူ့အားပေးလှူ၏။
ဒံယေလ 2:20 - မြန်မာ့စံမီသမ္မာကျမ်း “ဘုရားသခင်၏နာမတော်ကို ကာလအစဉ်အဆက်ချီးမွမ်းကြပါစေသော။ ဉာဏ်ပညာနှင့် အစွမ်းတန်ခိုးသည် ကိုယ်တော့်ထံမှဖြစ်ပါ၏။ Common Language Bible ``ဘုရားသခင်သည်ဉာဏ်ပညာတော် တန်ခိုးတော်တို့နှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်အားကာလအစဉ်အဆက် ထောမနာပြုကြလော့။ Garrad Bible ဘု ရား သ ခင်၏ နာ မ တော် ကို အ န န္တ ကာ လ ပတ် လုံး ဩ ဘာ ပြု ကြ ပါ စေ သော။ ကိုယ် တော် သည် ဉာဏ် ပညာ နှင့် လည်း ကောင်း၊ တန် ခိုး နှင့် လည်း ကောင်း ပြည့် စုံ တော် မူ ၏။ Judson Bible ထိုအခါ ဒံယေလသည် ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ဘုရားသခင်၏နာမတော်သည် ထာဝရမင်္ဂလာရှိပါစေသတည်း။ ပညာနှင့်လည်းကောင်း၊ အစွမ်းသတ္တိနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။ |
သင်၏ရန်သူတို့ကို သင့်လက်သို့ အပ်နှံတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော”ဟု မြွက်ဆိုလေ၏။ အာဗြံသည်လည်း ရှိသမျှသောအရာတို့၏ဆယ်ဖို့တစ်ဖို့ကို သူ့အားပေးလှူ၏။
“ကတိတော်အလုံးစုံနှင့်အညီ မိမိလူမျိုးတော်အစ္စရေးတို့အား အေးချမ်းသာယာမှုကို ပေးသနားတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ ကိုယ်တော်၏အစေအပါးမောရှေအား မိန့်မှာထားခဲ့သည့် ကောင်းမြတ်သောကတိတော်များ တစ်စုံတစ်ခုမျှမပျက်ယွင်းပါ။
ထို့နောက် ဒါဝိဒ်မင်းကြီးက လူထုအပေါင်းတို့အား “ယခု သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြလော့”ဟု မိန့်ဆိုလျှင် လူထုတစ်ရပ်လုံးက သူတို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြပြီး ထာဝရဘုရားရှေ့၊ ရှင်ဘုရင်ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြလေ၏။
မင်းကြီးသည် လူတို့နှင့် တိုင်ပင်ပြီးမှ တပ်ရှေ့တွင် ချီတက်၍ ထာဝရဘုရားထံ ချီးမွမ်းသီဆိုမည့်သူ၊ သန့်ရှင်းသောအသရေတော်ကို ချီးမွမ်းမည့်သူတို့ကို ခန့်ထား၍ “ထာဝရဘုရား၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်သည်ဖြစ်၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့”ဟု သီဆိုစေကြ၏။
လေဝိအမျိုး ယေရွှာ၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က “မတ်တတ်ရပ်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြုကြလော့။ ဘုန်းကြီးသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။ ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းရှိသမျှတို့ထက် ချီးမြှောက်ကြလော့။
ဉာဏ်ပညာနှင့် အစွမ်းတန်ခိုး၊ အကြံဉာဏ်နှင့် ထိုးထွင်းဉာဏ်တို့သည် ကိုယ်တော်၌ ရှိသည်မဟုတ်လော။
ဟာလေလုယ။ ထာဝရဘုရား၏အစေအပါးတို့၊ ချီးမွမ်းကြလော့။ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလော့။
ငါတို့မူကား ထာဝရဘုရားကို ယခုမှစ၍ကာလအစဉ်အဆက် ကောင်းချီးထောမနာပြုကြမည်။ ဟာလေလုယ။
ငါတို့၏အရှင်သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်း ကြီးမားတော်မူ၏။ ကိုယ်တော်၏ထိုးထွင်းဉာဏ်သည် အနန္တဖြစ်၏။
အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားသည် ထာဝရကာလမှ ထာဝရကာလတိုင်အောင် မင်္ဂလာရှိပါစေသော။ အာမင်နှင့် အာမင်။
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည် ငါ့ကိုဂုဏ်ပြုချီးမွမ်းသောသူဖြစ်၏။ မိမိလမ်းခရီးကိုပြင်ဆင်သောသူအားလည်း ဘုရားသခင်၏ကယ်တင်ခြင်းကို ငါပြသမည်”ဟု မိန့်တော်မူ၏။
ဘုရားသခင်က တစ်ကြိမ်မိန့်တော်မူပြီး နှစ်ကြိမ် ငါကြားရသောအရာဟူမူကား အစွမ်းသတ္တိကို ဘုရားသခင်ပိုင်တော်မူ၏။
ငါ၌ အကြံဉာဏ်နှင့် မှန်ကန်ပြည့်စုံသောဉာဏ်ရှိ၏။ ငါသည် အသိဉာဏ်ဖြစ်ပြီး ငါ၌အစွမ်းတန်ခိုးရှိ၏။
ကိုယ်တော်၏အကြံအစည်တော်သည် ထူးကဲပါ၏။ ပြုတော်မူသောအမှုတော်သည် ကြီးမြတ်ပါ၏။ လူအသီးသီးတို့အား မိမိတို့ပြုမူကျင့်ကြံသည့်အတိုင်း၊ မိမိတို့လုပ်ဆောင်မှုအသီးအပွင့်အတိုင်း ပေးဆပ်ရန် လူသားတို့လျှောက်သောလမ်းအားလုံးကို စောင့်ကြည့်တော်မူ၏။
မှန်ပါပေ၏။ သင်သည် ဒံယေလထက်သာ၍ပညာရှိ၏။ သင့်ရှေ့တွင် မည်သည့်အရာမျှဖုံးကွယ်၍မရ။
ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]
သင်တို့အား မှားယွင်းခြင်းနှင့်ကင်းစေရန် စောင့်ရှောက်နိုင်စွမ်းရှိတော်မူ၍ သင်တို့ကို အပြစ်အနာအဆာကင်းလျက် ရွှင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော်ရှေ့၌ရပ်စေနိုင်သော
သူတို့သည် ကျယ်လောင်သောအသံဖြင့် “အသေသတ်ခြင်းခံရသောသိုးသငယ်တော်သည် တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်သရေ၊ ဘုန်းအသရေနှင့် ကောင်းချီးမင်္ဂလာတို့ကိုခံယူထိုက်သောအရှင်ဖြစ်ပါ၏”ဟု ကြွေးကြော်ကြ၏။