မောရှေ၏မျက်နှာထွန်းပနေသည်ကို အစ္စရေးအမျိုးသားတို့မြင်ရ၏။ ထို့ကြောင့် မောရှေသည် ကိုယ်တော့်ထံဝင်၍ ကိုယ်တော်နှင့်စကားမပြောမီအချိန်အထိ မိမိမျက်နှာကို မျက်နှာဖုံးဖြင့် ပြန်၍ဖုံးအုပ်ထား၏။
ဒံယေလ 12:3 - မြန်မာ့စံမီသမ္မာကျမ်း ပညာသတိရှိသောသူတို့သည် မိုးမျက်နှာကြက်ကဲ့သို့ ထွန်းလင်းတောက်ပကြလိမ့်မည်။ လူများစွာကိုဖြောင့်မတ်ရာသို့ပို့ဆောင်ပေးသောသူတို့သည် ကြယ်များကဲ့သို့ အစဉ်ထွန်းလင်းတောက်ပနေလိမ့်မည်။ Common Language Bible ခေါင်းဆောင်ပညာရှိတို့သည် မိုးကောင်းကင် ၏အလင်းရောင်ကဲ့သို့ကြည်လင်တောက်ပ ကြလိမ့်မည်။ လူအမြောက်အမြားအား အမှန်တရားကိုကျင့်သုံးရန် သွန်သင်ပေး ကြသူတို့သည်လည်းကြယ်တာရာများကဲ့ သို့ ထာဝစဉ်ထွန်းလင်းတောက်ပကြလိမ့် မည်။'' ဟုဆို၏။ Garrad Bible သ တိ ပ ညာ ရှိ သူ တို့ သည် မိုဃ်း ပိ တာန်၏ အ ရောင် ကဲ့ သို့၎င်း၊ လူ အ များ တို့ ကို ဖြောင့် မတ် ရာ ရောက် စေ သူ တို့ လည်း၊ ကြယ် န က္ခတ် များ ကဲ့ သို့၎င်း၊ ကာ လ အ စဉ် ထွန်း လင်း ကြ လိမ့် မည်။ Judson Bible ပညာရှိသော သူတို့သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့လည်းကောင်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း၊ ကြယ်များကဲ့သို့လည်းကောင်း အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်။ |
မောရှေ၏မျက်နှာထွန်းပနေသည်ကို အစ္စရေးအမျိုးသားတို့မြင်ရ၏။ ထို့ကြောင့် မောရှေသည် ကိုယ်တော့်ထံဝင်၍ ကိုယ်တော်နှင့်စကားမပြောမီအချိန်အထိ မိမိမျက်နှာကို မျက်နှာဖုံးဖြင့် ပြန်၍ဖုံးအုပ်ထား၏။
ဖြောင့်မတ်သောသူ၏အသီးအပွင့်သည် အသက်ပင်သဖွယ်ဖြစ်၏။ စိတ်ဝိညာဉ်များကိုဆွဲဆောင်စည်းရုံးနိုင်သောသူသည် ပညာရှိဖြစ်၏။
ပညာရှိသောသူတို့သည် ဂုဏ်သရေကို အမွေဆက်ခံရကြလိမ့်မည်။ မိုက်မဲသောသူတို့မူကား အရှက်ကွဲကြရလိမ့်မည်။
သို့သော် ဖြောင့်မတ်သောသူတို့၏လမ်းသည် မိုးစင်စင်လင်းသည့်တိုင်အောင် ပို၍ပို၍ထွန်းလင်းလာသည့် အရုဏ်ဦး၏အလင်းရောင်ကဲ့သို့ဖြစ်၏။
ထိုမျှမက ဒေသနာဆရာသည် ပညာရှိဖြစ်သည့်အလျောက် လူတို့အား အသိပညာကိုလည်း သင်ကြားပေး၏။ သူသည် ချင့်ချိန်တွေးဆ၍ ရှာဖွေစူးစမ်းပြီး များစွာသောသုတ္တံစကားတို့ကို စီကုံးရေးသားခဲ့၏။
သူသည် မိမိစိတ်ဝိညာဉ်ခံစားရသော ဒုက္ခဝေဒနာ၏အကျိုးကိုမြင်၍ အားရကျေနပ်မည်။ ဖြောင့်မတ်သောငါ၏အစေအပါးသည် သူ၏အသိပညာအားဖြင့် လူများစွာတို့ကို ဖြောင့်မတ်သောသူဖြစ်စေမည်။ သူတို့၏ဒုစရိုက်များကို ထမ်းသွားမည်။
သို့သော် သူတို့သည် ငါ၏အစည်းအဝေး၌ရပ်ခဲ့မည်ဆိုလျှင် ငါ့စကားကို ငါ့လူမျိုးတော်တို့အား ဆင့်ဆိုကြလိမ့်မည်။ ငါ့လူမျိုးတော်တို့ကို အကျင့်ဆိုး၊ စရိုက်ဆိုးမှ ပြန်လှည့်လာစေခဲ့ကြလိမ့်မည်။
လူမျိုးတော်ထဲမှ ပညာသတိရှိသောသူတို့သည် လူအများကို သွန်သင်လမ်းပြလိမ့်မည်။ သို့သော် သူတို့သည် ဓားဘေး၊ မီးဘေး၊ ဖမ်းခေါ်သွားခြင်းဘေး၊ တိုက်ခိုက်လုယက်ခြင်းဘေးတို့ကြောင့် ကာလအတန်ကြာပြိုလဲကြရလိမ့်မည်။
သတ်မှတ်ထားသောကာလ မရောက်သေးသည်ဖြစ်၍ ပညာရှိအချို့တို့သည် အပြစ်ကင်းစင်ပြီး သန့်ရှင်းစင်ကြယ်ဖို့ နောက်ဆုံးသောကာလအထိ လှဲချခြင်းခံရလိမ့်မည်။
လူအများတို့သည် သန့်ရှင်း၍ အပြစ်ကင်းစင်အောင် စစ်ကြောခြင်းခံရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့သည် ဆိုးယုတ်သောအမှုတို့ကိုသာ ပြုလိမ့်မည်။ ဆိုးယုတ်သူတစ်ယောက်မျှ သိနားလည်မည်မဟုတ်။ ပညာရှိသောသူတို့မူကား သိနားလည်ကြလိမ့်မည်။
ထိုအခါ ဖြောင့်မတ်သောသူတို့သည် သူတို့အဖ၏နိုင်ငံတော်၌ နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်။ နားရှိသောသူသည် ကြားပါစေ။
ယေရှုကလည်း“သင်တို့အား ငါအမှန်ဆိုသည်ကား အလုံးစုံတို့ကိုအသစ်ပြုပြင်သောကာလ၌ လူ့သားသည် မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောပလ္လင်ပေါ်တွင်ထိုင်သောအခါ ငါ့နောက်သို့လိုက်သောသင်တို့သည်လည်း ပလ္လင်တစ်ဆယ့်နှစ်ခုပေါ်ထိုင်လျက် အစ္စရေးမျိုးနွယ်စုတစ်ဆယ့်နှစ်စုကို တရားစီရင်ရကြလိမ့်မည်။
မိမိ၏အိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာကိုစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးကား မည်သူနည်း။
မျိုးကြဲသောသူနှင့်ရိတ်သိမ်းသောသူသည် အတူတကွဝမ်းမြောက်ကြမည့်အကြောင်း ရိတ်သိမ်းသောသူသည် ဆုလာဘ်ကိုရရှိလျက် ထာဝရအသက်အတွက် အသီးအနှံကိုစုသိမ်းနှင့်ပြီ။
ယောဟန်သည် တောက်လောင်၍ထွန်းလင်းသောဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခေတ္တခဏရွှင်မြူးလိုကြ၏။
အန္တိအုတ်မြို့၌ရှိသောအသင်းတော်တွင် ဗာနဗ၊ နိဂါဟုခေါ်သောရှိမောင်၊ ကုရေနေမြို့သားလုကိ၊ နယ်စားဟေရုဒ်နှင့်နို့စို့ဖက်ဖြစ်သူမာနင်နှင့် ရှောလု စသည့်ပရောဖက်များနှင့်ဆရာများရှိကြ၏။
ငါ့အား ဘုရားသခင်ပေးအပ်တော်မူသော ကျေးဇူးတော်နှင့်အညီ ပညာရှိသောဗိသုကာကဲ့သို့ ငါသည် အုတ်မြစ်ကိုချထားခဲ့ပြီး အခြားသောသူသည် ၎င်းအပေါ်တွင်တည်ဆောက်၏။ သို့သော် မည်ကဲ့သို့တည်ဆောက်သည်ကို လူတိုင်းသတိပြုရမည်။
ထို့နောက် ကိုယ်တော်သည် အချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကို ကောင်းမြတ်သောသတင်းဟောပြောသူအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာနှင့်ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။
အမှန်စင်စစ် သင်တို့သည် အချိန်ကာလအရ ဆရာများဖြစ်သင့်ပြီဖြစ်သော်လည်း ဘုရားသခင်၏နှုတ်ကပတ်တရားတော်၏အခြေခံကို တစ်စုံတစ်ယောက်က သင်တို့အား အစမှပြန်သင်ပေးရန်လိုအပ်နေ၏။ သင်တို့၌လိုအပ်သည်မှာ မာသောအစာမဟုတ်ဘဲ နို့ရည်သာဖြစ်၏။
ငါတို့ချစ်သောညီအစ်ကိုပေါလုသည်လည်း သူ၌ပေးအပ်ထားတော်မူသော ဉာဏ်ပညာနှင့်အညီ သင်တို့ထံရေးလိုက်သည့်အတိုင်း ငါတို့သခင်ဘုရား၏စိတ်ရှည်တော်မူခြင်းသည် ကယ်တင်ခြင်းအတွက်ဖြစ်သည်ဟု မှတ်ယူကြလော့။
ငါ၏လက်ယာလက်တွင် သင်မြင်ရသော ကြယ်ခုနစ်လုံးနှင့်ရွှေဆီမီးခုံခုနစ်ခုတို့၏လျှို့ဝှက်နက်နဲသောအဓိပ္ပာယ်မှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏စေတမန်များဖြစ်ကြပြီး ဆီမီးခုံခုနစ်ခုသည် အသင်းတော်ခုနစ်ပါးဖြစ်ကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏ရန်သူအလုံးစုံ ပျက်စီးကြပါစေ။ ကိုယ်တော့်ကိုချစ်သောသူတို့မူကား အရှိန်အဝါနှင့်ထွက်လာသောနေမင်းကဲ့သို့ဖြစ်ပါစေ”ဟူ၍ သီဆိုကြ၏။ ထို့နောက်တွင် တိုင်းပြည်သည် အနှစ်လေးဆယ်ပတ်လုံးငြိမ်းချမ်းလေ၏။