ဟေဗြဲ 5:12 - မြန်မာ့စံမီသမ္မာကျမ်း12 အမှန်စင်စစ် သင်တို့သည် အချိန်ကာလအရ ဆရာများဖြစ်သင့်ပြီဖြစ်သော်လည်း ဘုရားသခင်၏နှုတ်ကပတ်တရားတော်၏အခြေခံကို တစ်စုံတစ်ယောက်က သင်တို့အား အစမှပြန်သင်ပေးရန်လိုအပ်နေ၏။ သင်တို့၌လိုအပ်သည်မှာ မာသောအစာမဟုတ်ဘဲ နို့ရည်သာဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible12 သင်တို့သည်ယခုအချိန်အခါလောက်ဆိုလျှင် ဋ္ဌမ္မပညာပို့ချသူများဖြစ်သင့်ကြလေပြီ။ သို့ ရာတွင်သင်တို့အားဘုရားသခင်၏တရား တော်အခြေခံကို တစ်စုံတစ်ယောက်ကသင်ကြား ပေးရန်လိုနေသေးပါသည်တကား။ သင်တို့သည် မာသောအစားအစာကိုစားမည့်အစားနို့ ကိုသာလျှင်သောက်နေကြသေး၏။- အခန်းကိုကြည့်ပါ။Garrad Bible12 သင် တို့ သည် ဆ ရာ ဖြစ် ချိန် တန် သော် လည်း ဘု ရား သ ခင့် ဗျာ ဒိတ် တော် ဆိုင် ရာ မူ လ စာ ဝါ ငယ် ကို တစ် ယောက် ယောက် ထံ ပြန်၍ သင် ထိုက် သည့် ပြင် ခဲ ဖွယ် မ စား ဘဲ နို့ ရည် ကို သောက် ရ သော သူ များ ကဲ့ သို့ ဖြစ် ကြ လေ စွ တ ကား။ အခန်းကိုကြည့်ပါ။Judson Bible12 သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေ့ဦးစွာ သင်ရသောတရားနုတို့ကို သူတစ်ပါးထံ၌ တစ်ဖန် သင်ရသော အကြောင်းရှိသည်ဖြစ်၍၊ ကြေခဲသောအစာကို မသုံးဆောင်၊ နို့ကိုသာ သုံးဆောင်ရသောသူ ဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 သင်တို့သည် လေ့လာဆည်းပူးခဲ့သောကာလအရ ဆရာများဖြစ်သင့်သော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်ဆိုင်သောအခြေခံအကြောင်းအရာများကို အခြားသူထံမှ ထပ်မံသင်ယူရန် လိုအပ်နေသေး၏။ သင်တို့သည် မာသောအစာကို မစားနိုင်ဘဲ နို့ကိုသာ သောက်နိုင်ကြသေး၏။ အခန်းကိုကြည့်ပါ။ |
ခရစ်တော်၏နှုတ်ကပတ်တရားကို သင်တို့၌ ကြွယ်ဝစွာတည်စေ၍ အချင်းချင်းတို့ကို အမျိုးမျိုးသောဉာဏ်ပညာဖြင့်သွန်သင်လျက် သတိပေးဆုံးမကာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို သင်တို့၏စိတ်နှလုံးနှင့်တကွ ဘုရားသခင်ထံ သီဆိုကြလော့။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။