လူဆိုးတို့ထံမှ အလင်းကိုရုပ်သိမ်းတော်မူ၏။ မြှောက်ထားသောလက်ကို ချိုးပစ်တော်မူ၏။
ဒံယေလ 11:6 - မြန်မာ့စံမီသမ္မာကျမ်း နှစ်ပေါင်းကြာလာသောအခါ သူတို့ချင်းမိတ်ဖွဲ့ကြလိမ့်မည်။ ငြိမ်းချမ်းရေးရယူရန် တောင်ဘုရင်၏သမီးတော်သည် မြောက်ဘုရင်ထံဝင်ရောက်လိမ့်မည်။ သို့သော် ထိုမင်းသမီးသည် မိမိ၏တန်ခိုးအာဏာကို မထိန်းသိမ်းထားနိုင်။ ခမည်းတော်၏အာဏာလည်း မတည်တံ့။ ထိုအချိန်တွင် မင်းသမီးနှင့် သူ့အခြွေအရံများ၊ သူ့ခမည်းတော်နှင့် ဘက်တော်သားအားလုံး အပ်နှံခြင်းခံရလိမ့်မည်။ Common Language Bible နှစ်ပေါင်းအတန်ကြာသောအခါအီဂျစ် ဘုရင်၏သမီးတော်ကို ဆီးရီးယားဘုရင် နှင့်ထိမ်းမြားဆောင်နှင်းကာ မဟာမိတ်ဖွဲ့လိမ့် မည်။ သို့ရာတွင်ထိုမဟာမိတ်ဖွဲ့မှုတည်တံ့ ခိုင်မြဲလိမ့်မည်မဟုတ်။ မင်းသမီးနှင့်နောက် လိုက်နောက်ပါအခြွေအရံများသည်လည်း ကောင်း၊ သူ၏သားငယ်နှင့်သူ၏ကြင်ရာတော် တို့သည်လည်းကောင်းအသတ်ခံရကြလိမ့် မည်။- Garrad Bible နှစ် ကာ လ လွန် သော အ ခါ ထို မင်း တို့ သည် မ ဟာ မိတ် ဖွဲ့ ကြ၍ ကြေ အေး စေ ခြင်း ငှာ တောင် ဘု ရင့် သ မီး သည် မြောက် ပြည် ဘု ရင့် ထံ ဝင် ရောက် ရ သော် လည်း ထို မင်း သ မီး၏ လက် ရုံး တန် ခိုး သည် ညံ့ လိမ့် မည်။ ၎င်း ဘု ရင် နှင့် တ ကွ လက် ရုံး ရည် လည်း မ တည် ရ။ ထို အ ခါ မင်း သ မီး မှ စ၍ မွေး ဖ ခင် ဆောင် နှင်း သူ တို့ နှင့် အား ပေး သူ တို့ ပါ ပို့ အပ် ခံ ရ ကြ လိမ့် မည်။ Judson Bible ကာလလွန်သောအခါ သူတို့သည် အဆွေဖွဲ့ကြလိမ့်မည်။ အသင့်အတင့်ဖြစ်စေခြင်းငှာ တောင်ရှင်ဘုရင်၏သမီးသည် မြောက်ရှင်ဘုရင်ထံသို့ ရောက်လိမ့်မည်။ သို့သော်လည်း၊ ထိုမင်းသမီး၏အာဏာသည် မတည်ရ။ ထိုမင်းနှင့်တကွ အမျိုးအနွယ်တော်သည်လည်း မတည်ရ။ မင်းသမီးကိုလည်းကောင်း၊ ဆောင်ခဲ့သောသူတို့ကိုလည်းကောင်း၊ သူ၏သားကိုလည်းကောင်း၊ ထိုကာလ၌ သူ့ကိုထောက်ပင့်သော သူများကိုလည်းကောင်း ဆုံးရှုံးခြင်းသို့ အပ်ရလိမ့်မည်။ |
လူဆိုးတို့ထံမှ အလင်းကိုရုပ်သိမ်းတော်မူ၏။ မြှောက်ထားသောလက်ကို ချိုးပစ်တော်မူ၏။
သူ၏လမ်းခရီးတို့သည် အစဉ်အမြဲချောမွေ့နေတတ်၏။ ကိုယ်တော်၏တရားစီရင်ခြင်းတို့သည် သူနှင့်အလှမ်းဝေးသည့် မြင့်သောအရပ်၌ရှိ၏။ သူသည် မိမိရန်သူရှိသမျှတို့ကို ပြောင်လှောင်တတ်၏။
“အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီး၏လက်ရုံးကို ငါချိုးပစ်ပြီ။ အနာပျောက်ကင်းအောင် ပတ်တီးစည်းပေးမည်မဟုတ်။ ဓားပြန်ကိုင်နိုင်သည်အထိ သန်မာလာအောင် ကျပ်စည်းပေးမည်မဟုတ်။
အကြောင်းမှာ မြောက်ဘုရင်သည် ပထမအကြိမ်ထက်များသော စစ်သည်အလုံးအရင်းကို စုရုံး၍ အချိန်တန်သောအခါ လက်နက်အပြည့်အစုံပါသောစစ်တပ်ကြီးဖြင့် အမှန်ချီတက်လာလိမ့်မည်။
မြောက်ဘုရင်သည် ချီလာ၍ မြေကတုတ်ကိုတည်ဆောက်ကာ ခံတပ်မြို့ကို သိမ်းပိုက်လိမ့်မည်။ တောင်ဘုရင်၏စစ်သည်တို့သည် သူ့ကို ခုခံနိုင်မည်မဟုတ်။ အထူးရွေးချယ်ထားသောစစ်သည်များပင် ခုခံနိုင်သောခွန်အားရှိမည်မဟုတ်။
နောက်ဆုံးကာလတွင် တောင်ဘုရင်သည် သူ့ကို တွန်းလှန်တိုက်ခိုက်လိမ့်မည်။ မြောက်ဘုရင်သည်လည်း စစ်ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများဖြင့် မုန်တိုင်းတိုက်သကဲ့သို့ ချီလာ၍ တိုင်းပြည်များကို ဝင်ရောက်လွှမ်းမိုးတိုက်ခိုက်သွားလိမ့်မည်။
ထိုမင်းသမီး၏အမျိုးအနွယ်ထဲမှ တစ်ယောက်သည် ထိုဘုရင်၏အရိုက်အရာကို ဆက်ခံရမည်။ သူသည် စစ်ချီ၍ မြောက်ဘုရင်၏စစ်သည်တို့ကို တိုက်ခိုက်မည်။ ခံတပ်ကိုလည်း ဝင်ရောက်တိုက်ခိုက်၍ အောင်နိုင်လိမ့်မည်။
အကြောင်းမူကား ငါသည် ထိုပြည်တွင် သိုးထိန်းတစ်ဦးကို ပေါ်ထွန်းစေမည်။ သူသည် ပျောက်သောသိုးတို့ကို ဂရုမစိုက်၊ သိုးသငယ်တို့ကို မရှာဖွေ၊ ဒဏ်ရာရသောသိုးတို့ကိုလည်း ဆေးမကု၊ ဆာလောင်သောသိုးတို့ကိုလည်း မကျွေးမွေးဘဲ ဆူဖြိုးသောသိုးတို့ကိုမူ ခွာကိုချွတ်ပစ်ပြီး အသားကို စားလိမ့်မည်။