Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 11:6 - Common Language Bible

6 နှစ်​ပေါင်း​အ​တန်​ကြာ​သော​အ​ခါ​အီ​ဂျစ် ဘု​ရင်​၏​သ​မီး​တော်​ကို ဆီး​ရီး​ယား​ဘု​ရင် နှင့်​ထိမ်း​မြား​ဆောင်​နှင်း​ကာ မ​ဟာ​မိတ်​ဖွဲ့​လိမ့် မည်။ သို့​ရာ​တွင်​ထို​မ​ဟာ​မိတ်​ဖွဲ့​မှု​တည်​တံ့ ခိုင်​မြဲ​လိမ့်​မည်​မ​ဟုတ်။ မင်း​သ​မီး​နှင့်​နောက် လိုက်​နောက်​ပါ​အ​ခြွေ​အ​ရံ​များ​သည်​လည်း ကောင်း၊ သူ​၏​သား​ငယ်​နှင့်​သူ​၏​ကြင်​ရာ​တော် တို့​သည်​လည်း​ကောင်း​အ​သတ်​ခံ​ရ​ကြ​လိမ့် မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 နှစ် ကာ လ လွန် သော အ ခါ ထို မင်း တို့ သည် မ ဟာ မိတ် ဖွဲ့ ကြ၍ ကြေ အေး စေ ခြင်း ငှာ တောင် ဘု ရင့် သ မီး သည် မြောက် ပြည် ဘု ရင့် ထံ ဝင် ရောက် ရ သော် လည်း ထို မင်း သ မီး၏ လက် ရုံး တန် ခိုး သည် ညံ့ လိမ့် မည်။ ၎င်း ဘု ရင် နှင့် တ ကွ လက် ရုံး ရည် လည်း မ တည် ရ။ ထို အ ခါ မင်း သ မီး မှ စ၍ မွေး ဖ ခင် ဆောင် နှင်း သူ တို့ နှင့် အား ပေး သူ တို့ ပါ ပို့ အပ် ခံ ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ကာ​လ​လွန်​သော​အ​ခါ သူ​တို့​သည် အ​ဆွေ​ဖွဲ့​ကြ​လိမ့်​မည်။ အ​သင့်​အ​တင့်​ဖြစ်​စေ​ခြင်း​ငှာ တောင်​ရှင်​ဘု​ရင်၏​သ​မီး​သည် မြောက်​ရှင်​ဘု​ရင်​ထံ​သို့ ရောက်​လိမ့်​မည်။ သို့​သော်​လည်း၊ ထို​မင်း​သ​မီး၏​အာ​ဏာ​သည် မ​တည်​ရ။ ထို​မင်း​နှင့်​တ​ကွ အ​မျိုး​အ​နွယ်​တော်​သည်​လည်း မ​တည်​ရ။ မင်း​သ​မီး​ကို​လည်း​ကောင်း၊ ဆောင်​ခဲ့​သော​သူ​တို့​ကို​လည်း​ကောင်း၊ သူ၏​သား​ကို​လည်း​ကောင်း၊ ထို​ကာ​လ၌ သူ့​ကို​ထောက်​ပင့်​သော သူ​များ​ကို​လည်း​ကောင်း ဆုံး​ရှုံး​ခြင်း​သို့ အပ်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 နှစ်​ပေါင်း​ကြာ​လာ​သောအခါ သူ​တို့​ချင်း​မိတ်ဖွဲ့​ကြ​လိမ့်မည်​။ ငြိမ်းချမ်းရေး​ရယူ​ရန် တောင်​ဘုရင်​၏​သမီး​တော်​သည် မြောက်​ဘုရင်​ထံ​ဝင်ရောက်​လိမ့်မည်​။ သို့သော် ထို​မင်းသမီး​သည် မိမိ​၏​တန်ခိုးအာဏာ​ကို မ​ထိန်းသိမ်း​ထား​နိုင်​။ ခမည်းတော်​၏​အာဏာ​လည်း မ​တည်တံ့​။ ထို​အချိန်​တွင် မင်းသမီး​နှင့် သူ့​အခြွေအရံ​များ​၊ သူ့​ခမည်းတော်​နှင့် ဘက်တော်သား​အားလုံး အပ်နှံ​ခြင်း​ခံရ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 11:6
9 ပူးပေါင်းရင်းမြစ်များ  

လူဆိုးတို့၏ အလင်းသည်ကွယ်၍ ချီကြွသော လက်လည်း ကျိုးတတ်၏။


သူ​ယုတ်​မာ​သည်​ပြု​လေ​သ​မျှ​သော​အ​မှု​တို့​တွင် အောင်​မြင်​တတ်​သ​ဖြင့် ဘု​ရား​သ​ခင်​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​သော​အ​မှု တို့​ကို သိ​မြင်​နား​လည်​နိုင်​စွမ်း​မ​ရှိ။ ရန်​သူ​များ​ကို​လည်း​ပြက်​ရယ်​ပြု​တတ်​၏။


ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​သည်​အီ​ဂျစ် ဘု​ရင်​၏​လက်​ရုံး​ကို​ကျိုး​စေ​ပြီ။ အ​ရိုး​ပြန် ဆက်​ပြီး​လျှင်​ဋ္ဌား​ကို​တစ်​ဖန်​ကိုင်​နိုင်​လာ​စေ ရန်​ထို​လက်​ကို​အ​ဘယ်​သူ​မျှ​ကြပ်​စည်း​၍ အ​ဝတ်​ဖြင့်​ဆွဲ​ဆိုင်း​၍​မ​ပေး​ကြ။-


``ဆီး​ရီး​ယား​ဘု​ရင်​သည်​ဆုတ်​ခွာ​သွား​ပြီး လျှင် ယ​ခင်​က​ထက်​ပို​မို​အင်​အား​ကြီး​မား သော​တပ်​ကြီး​တစ်​တပ်​ကို​စု​ရုံး​လိမ့်​မည်။ သူ သည်​အ​ချိန်​သင့်​သော​အ​ခါ​လက်​နက်​အ​ပြည့် အ​စုံ​တပ်​ဆင်​ထား​သည့်​တပ်​ကြီး​တစ်​တပ် နှင့်​ချီ​တက်​လာ​လိမ့်​မည်။-


သို့​ဖြစ်​၍​ဆီး​ရီး​ယား​ဘု​ရင်​သည် အီ​ဂျစ် ပြည်​ခံ​တပ်​မြို့​တစ်​မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ လိမ့်​မည်။ အီ​ဂျစ်​စစ်​သည်​တပ်​သား​တို့​သည် ဆက်​လက်​တိုက်​ခိုက်​ကြ​တော့​မည်​မ​ဟုတ်။ သူ တို့​အ​ထဲ​မှ​လက်​ရွေး​စင်​တပ်​သား​များ​၌ ပင်​ခံ​ရပ်​နိုင်​သော​ခွန်​အား​မ​ရှိ​ပေ။-


``ဆီး​ရီး​ယား​ဘု​ရင်​၏​နန်း​သက်​ကုန်​ဆုံး ချိန်​နီး​သော​အ​ခါ အီ​ဂျစ်​ဘု​ရင်​သည်​ထို မင်း​ကို​စစ်​ချီ​တိုက်​ခိုက်​လိမ့်​မည်။ ဆီး​ရီး ယား​ဘု​ရင်​က​လည်း​မြင်း​စီး​သူ​ရဲ​များ နှင့် သင်္ဘော​အ​မြောက်​အ​မြား​ကို​အ​သုံး ပြု​ကာ​အ​စွမ်း​ကုန်​ပြန်​လည်​တိုက်​ခိုက် လိမ့်​မည်။ သူ​သည်​မြစ်​လျှံ​ရေ​သ​ဖွယ်​နိုင်​ငံ များ​စွာ​ကို​ချဉ်း​နင်း​ဝင်​ရောက်​လိမ့်​မည်။-


ထို​နောက်​များ​မ​ကြာ​မီ​မင်း​သ​မီး​နှင့်​ဆွေ မျိုး​တော်​စပ်​သူ​တစ်​ဦး​သည် အီ​ဂျစ်​ထီး​နန်း ကို​ရ​ရှိ​လိမ့်​မည်။ သူ​သည်​ဆီး​ရီး​ယား​ဘု​ရင် ၏​စစ်​သည်​ဗိုလ်​ခြေ​တို့​ကို​တိုက်​ခိုက်​လိမ့်​မည်။ သူ​တို့​၏​ခံ​တပ်​ကို​လည်း​ထိုး​ဖောက်​ဝင် ရောက်​ကာ​သူ​တို့​အား​နှိမ်​နင်း​လိမ့်​မည်။-


ငါ​သည်​မိ​မိ​၏​သိုး​စု​အ​တွက်​သိုး​ထိန်း​တစ် ဦး​ကို​ခန့်​ထား​ခဲ့​သော်​လည်း သူ​သည်​သေ​ဘေး တွေ့​သည့်​သိုး​များ​ကို​မ​ကူ​ညီ။ ပျောက်​သည့် သိုး​များ​ကို​မ​ရှာ​ဖွေ။ အ​နာ​ရ​သည့်​သိုး​များ ကို​မ​ကု​သ။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သိုး များ​ကို​လည်း​မ​ကျွေး​မွေး။ ယင်း​သို့​ပြု​မည့် အ​စား​သူ​သည်​အ​ဆူ​ဖြိုး​ဆုံး​သော​သိုး​တို့ ၏​အ​သား​ကို​စား​၏။ သူ​တို့​၏​ခွာ​များ​ကို လည်း​ချွတ်​ပစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ