လူအများတို့သည် သန့်ရှင်း၍ အပြစ်ကင်းစင်အောင် စစ်ကြောခြင်းခံရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့သည် ဆိုးယုတ်သောအမှုတို့ကိုသာ ပြုလိမ့်မည်။ ဆိုးယုတ်သူတစ်ယောက်မျှ သိနားလည်မည်မဟုတ်။ ပညာရှိသောသူတို့မူကား သိနားလည်ကြလိမ့်မည်။
ဒံယေလ 11:33 - မြန်မာ့စံမီသမ္မာကျမ်း လူမျိုးတော်ထဲမှ ပညာသတိရှိသောသူတို့သည် လူအများကို သွန်သင်လမ်းပြလိမ့်မည်။ သို့သော် သူတို့သည် ဓားဘေး၊ မီးဘေး၊ ဖမ်းခေါ်သွားခြင်းဘေး၊ တိုက်ခိုက်လုယက်ခြင်းဘေးတို့ကြောင့် ကာလအတန်ကြာပြိုလဲကြရလိမ့်မည်။ Common Language Bible ပြည်သူတို့၏ခေါင်းဆောင်ပညာရှိတို့သည် ပြည်သူတို့အား ရှေ့ဆောင်လမ်းပြပေးကြ လိမ့်မည်။ သို့သော်ကာလအတန်ကြာမျှထို သူတို့အနက်အချို့သောသူတို့သည် စစ်ပွဲ တွင်ကျဆုံး၍အချို့မှာမီးလောင်တိုက် အသွင်းခံကြရလိမ့်မည်။ အချို့သောသူ တို့သည်လုယက်ခြင်းနှင့်ဖမ်းဆီးချုပ်နှောင် ခြင်းကိုခံရကြလိမ့်မည်။- Garrad Bible ပြည် သူ ပြည် သား တို့ အ နက် သ တိ ပ ညာ ရှိ သူ တို့ သည် လူ အ များ တို့ ကို သွန် သင် ကြ လျက် ဓား နှင့် ကွပ် မျက် ခြင်း၊ မီး ရှို့ ခြင်း၊ သိမ်း သွား ခြင်း၊ လု ယက် ခြင်း များ ကို ခံ၍ အ တန် ကြာ ပြို လဲ ကြ လိမ့် မည်။ Judson Bible လူစုထဲမှာ ပညာရှိသောသူတို့သည် အများသော သူတို့ကို သွန်သင်ကြရလိမ့်မည်။ ဓားနှင့်ကွပ်မျက်ခြင်း၊ မီးရှို့ခြင်း၊ သိမ်းသွားချုပ်ထားခြင်း၊ လုယက်ခြင်းအားဖြင့် အင်တန်ကာလပတ်လုံး လဲကြလိမ့်မည်။ |
လူအများတို့သည် သန့်ရှင်း၍ အပြစ်ကင်းစင်အောင် စစ်ကြောခြင်းခံရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့သည် ဆိုးယုတ်သောအမှုတို့ကိုသာ ပြုလိမ့်မည်။ ဆိုးယုတ်သူတစ်ယောက်မျှ သိနားလည်မည်မဟုတ်။ ပညာရှိသောသူတို့မူကား သိနားလည်ကြလိမ့်မည်။
အကယ်စင်စစ် ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် အသိပညာကို ထိန်းသိမ်းထားရမည်။ သူသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စေတမန်ဖြစ်သောကြောင့် သူ၏နှုတ်မှ သွန်သင်ချက်ကို လူတို့ ရှာဖွေဆည်းပူးရမည်။
ညီအစ်ကိုချင်း တစ်ဦးကတစ်ဦးကိုလည်းကောင်း၊ အဖသည် သားသမီးကိုလည်းကောင်း သေခြင်းသို့အပ်နှံကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကိုဆန့်ကျင်ပုန်ကန်၍ သူတို့ကို သေစေရန်ပြုကြလိမ့်မည်။
ကိုယ်တော်ကလည်း“သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။
ကိုယ်တော်ကလည်း“ငါ၏ခွက်ကို သင်တို့သောက်ကြမည်မှန်၏။ သို့သော် ငါ၏လက်ယာဘက်နှင့်လက်ဝဲဘက်တို့၌ ထိုင်ရသောအခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာသည် ငါ၏ခမည်းတော်ပြင်ဆင်ပေးထားသောသူတို့အတွက်သာဖြစ်၏”ဟု မိန့်တော်မူ၏။
ထို့နောက် လူတို့သည် သင်တို့ကိုနှိပ်စက်ရန် အပ်နှံ၍ သင်တို့ကို သတ်ဖြတ်ကြလိမ့်မည်။ သင်တို့သည် ငါ့နာမကြောင့် လူမျိုးတကာတို့၏မုန်းတီးခြင်းကို ခံရကြလိမ့်မည်။
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
လူတို့သည် သင်တို့ကို ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်ကြလိမ့်မည်။ ထိုမျှမက သင်တို့ကိုသတ်သောသူတိုင်း မိမိတို့သည် ဘုရားဝတ်ကိုပြုနေသည်ဟု ထင်မှတ်သောအချိန်ကာလရောက်လာတော့မည်။
သူ့ကိုတွေ့လျှင် အန္တိအုတ်မြို့သို့ခေါ်လာ၏။ သူတို့သည် တစ်နှစ်ပတ်လုံး အသင်းတော်၌စုဝေးလျက် များစွာသောလူတို့ကို သွန်သင်ကြ၏။ တပည့်တော်တို့သည် ထိုအန္တိအုတ်မြို့၌ “ခရစ်ယာန်”ဟု ပထမဦးဆုံးခေါ်ဝေါ်ခြင်းခံရကြ၏။
သူတို့သည် ထိုမြို့၌ ကောင်းမြတ်သောသတင်းကိုဟောပြောလျက် လူများစွာတို့ကို တပည့်တော်ဖြစ်စေကြ၏။ ထို့နောက် လုတ္တရမြို့၊ ဣကောနိမြို့နှင့် အန္တိအုတ်မြို့များသို့ ပြန်သွားပြီးလျှင်
ဘုရားသခင်သည် တမန်တော်ဖြစ်ကြသောငါတို့ကို နောက်ဆုံးတွင်ထား၍ အသေသတ်ခြင်းခံရမည့်သူများကဲ့သို့ ထုတ်ပြတော်မူပြီဟု ငါထင်မှတ်၏။ အဘယ်ကြောင့်ဆိုသော် ငါတို့သည် ကောင်းကင်တမန်များရှေ့၌ဖြစ်စေ၊ လူတို့ရှေ့၌ဖြစ်စေ တစ်လောကလုံးအတွက် ရှုစားစရာဖြစ်လာကြ၏။
ထိုအကြောင်းကြောင့် ငါသည် ဤဒုက္ခဝေဒနာများကိုလည်း ခံစားနေရ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါသည် မိမိယုံကြည်သောအရှင်ကိုသိ၍ ကိုယ်တော်ထံ၌ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းနိုင်သည်ဟု ငါယုံကြည်စိတ်ချ၏။
အကြောင်းမူကား ငါသည် သွန်းလောင်းပူဇော်ခြင်းကိုခံနေရပြီ။ ဤဘဝကို ငါစွန့်ခွာရမည့်အချိန်ရောက်လေပြီ။
မီးအရှိန်ကိုငြိမ်းစေခြင်း၊ ဓားဘေးမှလွတ်မြောက်ခြင်း၊ အားနည်းရာမှ အားကြီးလာခြင်း၊ စစ်ပွဲ၌ ခွန်အားနှင့်ပြည့်စုံလာ၍ တိုင်းတစ်ပါးသားတို့၏စခန်းများကိုဖြိုခွင်းခြင်း စသည့်အမှုများကိုပြုခဲ့ကြ၏။
ယေရှု၌ဆင်းရဲဒုက္ခကိုလည်းကောင်း၊ နိုင်ငံတော်ကိုလည်းကောင်း၊ သည်းခံခြင်းကိုလည်းကောင်း သင်တို့နှင့်အတူ မျှဝေခံစားသူဖြစ်သော သင်တို့၏ညီအစ်ကို ငါယောဟန်သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ယေရှုနှင့်ဆိုင်သောသက်သေခံချက်တို့ကြောင့် ပတ်မုဟုခေါ်သောကျွန်းတွင်ရောက်နေ၏။
ထိုမိန်းမသည် သန့်ရှင်းသူတို့၏သွေးနှင့် ယေရှု၏သက်သေများ၏သွေးတို့ဖြင့် ယစ်မူးနေသည်ကို ငါမြင်ရ၏။ ငါသည် သူ့ကိုမြင်ရသောအခါ အလွန်အံ့ဩမိ၏။
သင်သည် မည်သည့်အရပ်၌နေထိုင်သည်ကို ငါသိ၏။ ထိုအရပ်၌ စာတန်၏ပလ္လင်ရှိ၏။ ငါ၌သစ္စာရှိသော ငါ၏သက်သေအန္တိပသည် စာတန်နေထိုင်ရာအရပ်ဖြစ်သောသင်တို့ထံ၌ အသတ်ခံရသည့်အချိန်၌ပင် သင်သည် ငါ၏နာမကိုစွဲကိုင်လျက် ငါ့အပေါ်ထားသောယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ချေ။
သိုးသငယ်တော်သည် ပဉ္စမတံဆိပ်ကိုဖွင့်သောအခါ ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့်လည်းကောင်း၊ မိမိတို့ရရှိထားသောသက်သေခံချက်ကြောင့်လည်းကောင်း အသေသတ်ခြင်းခံရသောသူတို့၏ဝိညာဉ်များကို ယဇ်ပလ္လင်အောက်တွင် ငါမြင်ရ၏။
ငါကလည်း “သခင်၊ ကိုယ်တော်သိပါ၏”ဟု ပြန်လျှောက်လျှင် ထိုသူက “ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခထဲမှ ထွက်လာသောသူများဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ဝတ်လုံများကို သိုးသငယ်တော်၏သွေးတော်အားဖြင့် လျှော်ဖွပ်လျက် ဖြူဖွေးစေကြ၏။