ဒံယေလ 11:30 - မြန်မာ့စံမီသမ္မာကျမ်း ဆိုက်ပရပ်ကျွန်းမှစစ်သင်္ဘောတို့သည် သူ့ကိုလာတိုက်ကြလိမ့်မည်။ သူသည် ခံပြင်းလျက်ပြန်သွားလိမ့်မည်။ အမျက်ထွက်သဖြင့်သန့်ရှင်းသောပဋိညာဉ်ကိုဆန့်ကျင်ပြီး မိမိအလိုကျပြုလိမ့်မည်။ သူသည် ပြန်သွား၍ သန့်ရှင်းသောပဋိညာဉ်ကိုစွန့်ပယ်သောသူတို့အား မျက်နှာသာပေးလိမ့်မည်။ Common Language Bible ရောမအမျိုးသားတို့သည်သင်္ဘောများဖြင့် လာရောက်၍ သူ့အားဆီးတားတိုက်ခိုက်ကြ မည်ဖြစ်သဖြင့်သူသည်ကြောက်လန့်လိမ့်မည်။ ``ထိုအခါသူသည်အမျက်ပြင်းစွာထွက် လျက်နောက်သို့ပြန်၍ဆုတ်ပြီးလျှင် ဘုရားသခင်၏လူမျိုးတော်ကိုးကွယ်သောဘာသာ ကိုဖျက်ဆီးရန်ကြိုးစားလိမ့်မည်။ ထိုဘာသာ တော်ကိုစွန့်လွှတ်ခဲ့သူတို့၏အကြံပေး စကားများကိုလည်းနားထောင်လိမ့်မည်။- Garrad Bible ခိ တ္တိမ် စစ် သင်္ဘော များ သည် တိုက် လာ လ တ္တံ့ သော ကြောင့် စိတ် ပျက် လျက် ပြန် ဆုတ် စဉ် သန့် ရှင်း သော ပ ဋိ ညာဥ် တော် ကို အ မျက် ထွက် သည့် အ တိုင်း ပြု ပြီး မှ ပြန် ဆုတ် ရာ တွင် သန့် ရှင်း သော ပ ဋိ ညာဉ် တော် ကို စွန့် ပယ် သူ တို့ အား အ မှု ထား လိမ့် မည်။ Judson Bible အကြောင်းမူကား ခိတ္တိမ်သင်္ဘောတို့သည် ထိုသူကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် စိတ်နာလျက် ပြန်သွား၍ သန့်ရှင်းသော ပဋိညာဉ်တရားကို အမျက်ထွက်သည်အတိုင်း ပြုပြီးမှ ပြန်သွားစဉ်တွင် သန့်ရှင်းသော ပဋိညာဉ်တရားကို စွန့်ပစ်သောသူတို့နှင့် အဆွေဖွဲ့လိမ့်မည်။ |
ရှေမာယသည် ဘုရားသခင်စေလွှတ်၍မဟုတ်၊ တောဘိနှင့်သမ္ဘာလတ်တို့က ငှားရမ်းထားသူဖြစ်သဖြင့် ငါ့ကို ဆန့်ကျင်ပြီး ပရောဖက်ပြုနေသည်ကို ငါကောင်းကောင်းသိ၏။
တိုင်ရာမြို့နှင့်ဆိုင်သောဗျာဒိတ်တော်။ တာရှုသင်္ဘောတို့၊ ညည်းတွားငိုကြွေးကြလော့။ အကြောင်းမူကား တိုင်ရာမြို့သည် အိမ်မရှိ၊ ဆိပ်ကမ်းမရှိတော့သည့်တိုင်အောင် ဖျက်ဆီးခံရလေပြီဟု ဆိုက်ပရပ်ပြည်မှတစ်ဆင့် ကြားသိရပြီ။
ကိုယ်တော်က “နှိပ်စက်ခြင်းခံရသောဆီဒုန်သမီးပျို၊ သင်သည် နောက်တစ်ဖန် ရွှင်မြူးရတော့မည်မဟုတ်။ ထ၍ ဆိုက်ပရပ်ပြည်သို့ ကူးသွားလော့။ ထိုအရပ်၌လည်း သင့်အတွက်ငြိမ်းချမ်းခြင်းရှိမည်မဟုတ်”ဟု မိန့်တော်မူ၏။
“ဆိုက်ပရပ်ကမ်းရိုးတန်းဒေသများကို ဖြတ်၍ ကြည့်ရှုလော့။ ကေဒါပြည်သို့လူလွှတ်၍ အသေအချာစူးစမ်းစေလော့။ ဤသို့ဖြစ်ခဲ့ဖူးပြီလော။
လှော်တက်ကို ဗာရှန်တောင်မှလာသောဝက်သစ်ချသားနှင့် လုပ်ထား၏။ ကုန်းပတ်ကို ဆိုက်ပရပ်ကျွန်းမှလာသောထင်းရှူးသားဖြင့်လုပ်၍ ဆင်စွယ်ဖြင့် မွမ်းမံ၏။
မြောက်ဘုရင်သည် မိမိပြည်သို့ ဥစ္စာများစွာပိုက်လျက် ပြန်သွားလိမ့်မည်။ သူသည် သန့်ရှင်းသောပဋိညာဉ်ကို ဆန့်ကျင်လိုသည့်စိတ်ရှိသည့်အတိုင်း မိမိအလိုကျပြုပြီးမှ နေရင်းပြည်သို့ ပြန်သွားလိမ့်မည်။
အချိန်တန်လျှင် သူသည် တောင်အရပ်သို့ တစ်ဖန်လာဦးမည်။ သို့သော် ယခုတစ်ကြိမ်လာခြင်းသည် ယခင်တစ်ကြိမ်ကဲ့သို့ ဖြစ်မည်မဟုတ်။
ထိုဘုရင်သည် အမြင့်ဆုံးသောအရှင်ကို ဆန့်ကျင်ပြောဆို၍ အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူများကို ဖိနှိပ်ချုပ်ချယ်မည်။ သူသည် အချိန်ကာလနှင့် ဥပဒေတို့ကို ပြောင်းလဲပစ်ရန် ကြိုးစားလိမ့်မည်။ သန့်ရှင်းသူတို့သည်လည်း တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူ့လက်သို့ ကျရောက်ရလိမ့်မည်။
ဆိုက်ပရပ်ဆိပ်ကမ်းမှ သင်္ဘောတို့သည်လာ၍ အဆီးရီးယားလူမျိုးကို နှိပ်စက်လိမ့်မည်။ ဧဗာလူမျိုးကိုလည်း နှိပ်စက်လိမ့်မည်။ သို့သော် သူတို့သည်လည်း ပျက်စီးရလိမ့်မည်”ဟု ဆို၏။
ထိုကာလ၌ များစွာသောလူတို့သည် စိတ်ပျက်ကြ၍ အချင်းချင်းအပ်နှံလျက် အချင်းချင်းမုန်းတီးကြလိမ့်မည်။
သို့ဖြစ်၍ ကောင်းကင်နှင့် ကောင်းကင်၌စံမြန်းသောသူတို့၊ ပျော်ရွှင်ကြလော့။ မြေကြီးနှင့်ပင်လယ်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် သူ၏အချိန်အနည်းငယ်သာရှိကြောင်းကိုသိလျက် ပြင်းစွာသောဒေါသဖြင့် သင်တို့ထံသို့ဆင်းလာပြီ”ဟု ဆိုသည်ကို ငါကြားရ၏။