ဤသို့ဖြင့် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်တည်ဆောက်ခြင်းအမှုကို ရပ်ဆိုင်းလိုက်ရာ ပါးရှားဘုရင်ဒါရိမင်းကြီး နန်းစံသည့် ဒုတိယနှစ်တိုင်အောင် ရပ်ဆိုင်းလေ၏။
ဒံယေလ 11:2 - မြန်မာ့စံမီသမ္မာကျမ်း ယခု သင့်အား မှန်သောအရာကို ပြောပြမည်။ ကြည့်ရှုလော့။ ပါးရှားနိုင်ငံတွင် ရှင်ဘုရင်သုံးပါး ထပ်ပေါ်လာလိမ့်မည်။ ထို့နောက် ပေါ်လာမည့်စတုတ္ထဘုရင်သည် အခြားဘုရင်အားလုံးထက် ဓနဥစ္စာကြွယ်ဝသူဖြစ်မည်။ သူသည် ဓနဥစ္စာဖြင့် အင်အားကြီးလာသောအခါ လူအပေါင်းတို့ကို လှုံ့ဆော်၍ ဂရိနိုင်ငံကို တိုက်ခိုက်လိမ့်မည်။ Common Language Bible သင့်အားယခုငါပြောပြမည့်အရာ များသည်အမှန်ဖြစ်ပျက်မည်'' ဟုဆို၏။ ကောင်းကင်တမန်က``ပါရှနိုင်ငံတွင်နောက် ထပ်ဘုရင်သုံးပါးပေါ်ထွန်းလာလိမ့်မည်။ ထိုနောက်စတုတ္ထဘုရင်ပေါ်ထွန်းကာ အခြား ဘုရင်များထက်ပို၍ချမ်းသာကြွယ်ဝလိမ့် မည်။ သူသည်မိမိတန်ခိုးအာဏာအကြီး မားဆုံး၊ အချမ်းသာဆုံးအချိန်သို့ရောက် သောအခါ ဂရိတ်နိုင်ငံအားစစ်မက်ပြိုင် ဆိုင်ရန်ဖိတ်ခေါ်လိမ့်မည်။ Garrad Bible ယ ခု မှာ မှန် သော အ ရာ ကို ငါ ဖော် ပြ ဦး အံ့။ ပေ ရ သိ ပြည် တွင် ဘု ရင် သုံး ဆက် ပေါ် ထွန်း လ တ္တံ့။ ၎င်း ရှိ သ မျှ တို့ ထက် စ တု တ္ထ ဘု ရင် သည် ကြွယ် ဝ လိမ့် မည်။ ထို သို့ ကြွယ် ဝ သ ဖြင့် တန် ခိုး ကြီး သော အ ခါ ဂ ရိတ် နိုင် ငံ တစ် ဘက်၌ ပြည် သူ ပြည် သား အ ပေါင်း တို့ ကို ထ ကြွ စေ ပြီး လျှင်၊ Judson Bible ယခုမူကား၊ မှန်သောအရာကို ငါပြမည်။ ပေရသိနိုင်ငံကို အစိုးရသော ရှင်ဘုရင်သုံးပါး ပေါ်လေဦးမည်။ စတုတ္ထရှင်ဘုရင်မူကား၊ ထိုသူရှိသမျှတို့ထက် ငွေရတတ်လိမ့်မည်။ ထိုသို့ရတတ်၍ အားကြီးသောကြောင့်၊ ဟေလသနိုင်ငံကို ရန်ဘက်ပြုစေခြင်းငှာ၊ ခပ်သိမ်းသော သူတို့ကို နှိုးဆော်လိမ့်မည်။ |
ဤသို့ဖြင့် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်တည်ဆောက်ခြင်းအမှုကို ရပ်ဆိုင်းလိုက်ရာ ပါးရှားဘုရင်ဒါရိမင်းကြီး နန်းစံသည့် ဒုတိယနှစ်တိုင်အောင် ရပ်ဆိုင်းလေ၏။
အာတဇေရဇ်မင်းကြီးလက်ထက်၌လည်း ဗိရှလံ၊ မိသရေဒတ်၊ တဗေလတို့နှင့် ကျန်အပေါင်းပါတို့သည် ပါးရှားဘုရင်အာတဇေရဇ်မင်းကြီးထံသို့ စာရေးသားပေးပို့ကြ၏။ ထိုစာကို အာရမိတ်ဘာသာသို့ ဘာသာပြန်ဆို ရေးသားပေးလိုက်၏။
အာရွှေရုမင်းကြီးလက်ထက်တွင် ဖြစ်ပျက်သောအရာများကား ဤသို့ဖြစ်၏။ အာရွှေရုမင်းကြီးသည် အိန္ဒိယပြည်မှအီသီယိုးပီးယားပြည်တိုင်အောင် ပြည်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်ကို စိုးစံလေ၏။
ဤသည်ကား သင်သည် မှန်ကန်သောစကားစစ်စစ်တို့ကို သိစေရန်နှင့် သင့်ကိုစေလွှတ်သောသူများအား မှန်ကန်သောစကားတို့ဖြင့် ဖြေကြားနိုင်ရန်ဖြစ်၏။
ပါးရှားဘုရင် ကုရုမင်းကြီးနန်းစံ တတိယနှစ်တွင် ဗေလတရှာဇာ ခေါ် ဒံယေလထံသို့ နှုတ်ကပတ်တော် ရောက်လာ၏။ ထိုနှုတ်ကပတ်တော်သည် အစစ်အမှန်ဖြစ်၏။ စစ်ပွဲကြီးနှင့်ဆိုင်၏။ နှုတ်ကပတ်တော်ကို သူနားလည်၏။ စိတ်အာရုံအားဖြင့် သူနားလည်၏။
ထို့ပြင် သူသည် စစ်အင်အားအလုံးအရင်းနှင့်တကွ အားမာန်တင်းလျက် တောင်ဘုရင်ကို တိုက်ခိုက်လိမ့်မည်။ တောင်ဘုရင်သည် အင်အားကြီးသောစစ်တပ်ကြီးကို ပြင်ဆင်၍တိုက်ခိုက်ရန် ကြိုးပမ်းသော်လည်း ခုခံနိုင်မည်မဟုတ်။ အကြောင်းမှာ သူ့အပေါ် လျှို့ဝှက်ကြံစည်ကြသောကြောင့် ဖြစ်၏။
တစ်ဖန် ငါကြည့်နေစဉ် ဝက်ဝံနှင့်တူသောဒုတိယသားရဲ ထွက်လာ၏။ ထိုသားရဲသည် ကိုယ်ကိုတစ်ဖက်ကြွထားပြီး နှုတ်တွင်လည်း နံရိုးသုံးချောင်းကို ကိုက်ထား၏။ အသံတစ်သံက သူ့အား ‘ထပါ။ အသားများများစားပါ’ဟု ဆို၏။
အမွေးထူသောဆိတ်ထီးသည် ဂရိဘုရင်ကို ဆိုလို၏။ ထိုဆိတ်ထီး၏မျက်စိနှစ်လုံးကြားရှိချိုကြီးသည် ပထမဘုရင်ကို ဆိုလို၏။
ညဥ့်ဦးယံ၊ နံနက်ယံ၌ ဖော်ပြသော ဗျာဒိတ်အာရုံသည်လည်း အမှန်ပင်ဖြစ်၏။ ဤဗျာဒိတ်နိမိတ်သည် နောင်လာမည့်နေ့ရက်ကာလနှင့်ဆိုင်သည်ဖြစ်၍ ၎င်းကို ဝှက်ထားလော့”ဟု ငါ့အား ရှင်းပြ၏။
ထိုသိုးထီးသည် အနောက်ဘက်၊ မြောက်ဘက်၊ တောင်ဘက်တို့သို့ လိုက်ဝှေ့နေသောကြောင့် မည်သည့်တိရစ္ဆာန်မျှ မခံနိုင်။ မည်သူမျှ တိရစ္ဆာန်တို့ကို သူ့လက်မှမကယ်နုတ်နိုင်။ ထိုသိုးထီးသည် မိမိအလိုအတိုင်းပြုလျက်၊ မာန်ထောင်လျက်ရှိသည်ကို ငါမြင်ရ၏။
စင်စစ် ဘုရားရှင်ထာဝရဘုရားသည် မိမိအကြံအစည်တော်ကို အစေအပါးပရောဖက်တို့အား မဖွင့်ပြဘဲ မည်သည့်အမှုကိုမျှ ပြုတော်မမူ။
ဘုရားသခင်၏နှုတ်ကပတ်တော်ကိုရရှိသောသူတို့အား ‘ဘုရားများ’ဟု ခေါ်လျှင် ကျမ်းစာသည် မပျက်ပြယ်နိုင်သည်ဖြစ်၍
ပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကလည်း “ကြည့်ရှုလော့။ ငါသည် အရာခပ်သိမ်းတို့ကို အသစ်ဖြစ်စေ၏”ဟု မိန့်တော်မူပြီးလျှင် “ရေးထားလော့။ ဤစကားတို့သည် သစ္စာစကား၊ မှန်ကန်သောစကားဖြစ်ကြ၏”ဟု မိန့်တော်မူ၏။