တောင်ဘုရင်လည်း ခံပြင်း၍ မြောက်ဘုရင်ကို ထွက်တိုက်မည်။ မြောက်ဘုရင်သည် စစ်သည်အလုံးအရင်းစုဆောင်းထားသော်လည်း ထိုစစ်သည်အလုံးအရင်းသည် တောင်ဘုရင်လက်သို့ ရောက်သွားရလိမ့်မည်။
အီဂျစ်ဘုရင်သည်ဒေါသအမျက်ထွက် သဖြင့် ဆီးရီးယားဘုရင်အားစစ်ဆင်တိုက် ခိုက်ပြီးလျှင် သူ၏အင်အားကြီးမားသော တပ်မတော်ကိုဖမ်းဆီးရမိလိမ့်မည်။-
တောင် ဘု ရင် သည် မျက် မာန် ထ သ ဖြင့် မြောက် ဘု ရင် ကို ဆီး ကြို တိုက် ခိုက် ရာ ၎င်း ဘု ရင် သည် များ စွာ သော အ လုံး အ ရင်း ကို စီ စဉ် သော် လည်း ထို အ လုံး အ ရင်း သည် ရန် ဘက် မင်း လက် သို့ ရောက် လိမ့် မည်။
တောင်ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ မြောက်ရှင်ဘုရင်ကို ဆီးကြို၍ တိုက်လိမ့်မည်။ မြောက်ရှင်ဘုရင်သည် များစွာသော စစ်သည်ဗိုလ်ခြေအလုံးအရင်းတို့ကို စီရင်သော်လည်း၊ တောင်ရှင်ဘုရင်သည် ထိုအလုံးအရင်းတို့ကို သိမ်းယူလိမ့်မည်။
ထိုအခါ အစ္စရေးဘုရင်အာဟပ်မင်းကြီးထံသို့ ပရောဖက်တစ်ပါး ရောက်လာပြီး “ထာဝရဘုရားက ‘ဤစစ်သည်ထုကြီးကို သင်မြင်သလော။ ယနေ့ သူတို့ကို သင့်လက်သို့ အပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
ထိုအခါ ဘုရားသခင်၏လူသည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်က ‘ထာဝရဘုရားသည် တောင်ကိုပိုင်သောဘုရားသာဖြစ်၏။ လွင်ပြင်ကိုပိုင်သောဘုရား မဟုတ်ပါ’ဟု ဆိုလေပြီ။ ထို့ကြောင့် ဤစစ်သည်ထုကြီးကို သင့်လက်သို့ ငါအပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
ယခု ဤပြည်အားလုံးကို ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးလက်သို့ ငါအပ်ပြီ။ တောရိုင်းတိရစ္ဆာန်များကိုပင် သူ၏အစေကိုခံရန် ငါအပ်လေပြီ။
တောင်ဘုရင်သည် ထိုစစ်သည်အလုံးအရင်းကို သိမ်းသွားနိုင်သဖြင့် ဘဝင်မြင့်လာလိမ့်မည်။ သူသည် လူထောင်ပေါင်းများစွာကို ချေမှုန်းနိုင်သော်လည်း သူ့အာဏာတည်လိမ့်မည်မဟုတ်။
နောက်ဆုံးကာလတွင် တောင်ဘုရင်သည် သူ့ကို တွန်းလှန်တိုက်ခိုက်လိမ့်မည်။ မြောက်ဘုရင်သည်လည်း စစ်ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများဖြင့် မုန်တိုင်းတိုက်သကဲ့သို့ ချီလာ၍ တိုင်းပြည်များကို ဝင်ရောက်လွှမ်းမိုးတိုက်ခိုက်သွားလိမ့်မည်။
အရှေ့ဘက်၊ မြောက်ဘက်တို့မှလာသောသတင်းစကားများကြောင့် သူသည် အထိတ်တလန့်ဖြစ်ရလိမ့်မည်။ ဒေါသတကြီးဖြင့်ချီတက်သွား၍ လူအများကို သုတ်သင်ဖျက်ဆီးပစ်လိမ့်မည်။
ထို့နောက် တောင်ဘက်မှရှင်ဘုရင်တစ်ပါး အင်အားကြီးလာလိမ့်မည်။ သို့သော် ထိုဘုရင်၏စစ်သူကြီးများထဲမှတစ်ဦးသည် သူ့ထက်အားကြီးလာ၍ ထိုနိုင်ငံကို အုပ်စိုးမည်။ သြဇာအာဏာကြီးမားမည်။
အရပ်ရပ်ရှိလူသားများ၊ တောတိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များကို အရှင်မင်းကြီးလက်သို့ အပ်တော်မူသဖြင့် အရှင်မင်းကြီးသည် အလုံးစုံကို အုပ်စိုးရပါ၏။ ရုပ်တု၏ရွှေဦးခေါင်းသည် အရှင်မင်းကြီးပင် ဖြစ်ပါ၏။
သိုးထီးအနီးသို့ ရောက်လာသောအခါ အမျက်ဒေါသဖြင့် သိုးထီးကိုတိုက်ခိုက်ပြီး သိုးထီး၏ချိုနှစ်ချောင်းအား ချိုးဖဲ့ပစ်သည်ကို ငါမြင်ရ၏။ သိုးထီး၌ ဆိတ်ထီးကို ယှဉ်နိုင်သောခွန်အားမရှိ။ ဆိတ်ထီးသည် သူ့ကိုမြေပေါ်တွင်လှဲချကာ နင်းချေပစ်၏။ မည်သူမျှ သူ့ကို ဆိတ်ထီးလက်မှ မကယ်နုတ်နိုင်။