အကြောင်းမူကား အသက်ရှင်သောသူတို့သည် မိမိတို့သေရမည်ကို သိကြ၏။ သေသောသူတို့မူကား မည်သည့်အရာကိုမျှမသိကြ။ သူတို့နှင့်ဆိုင်သောအောက်မေ့စရာများပင်လျှင် မေ့လျော့ခြင်းခံရသည်ဖြစ်၍ သူတို့အတွက် ဆုလာဘ်လည်း နောက်ထပ်မရှိတော့ပေ။
အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်းမခံရ။ သူ့ကိုလည်း မေ့လျော့တတ် ကြ၏။
အ ဘယ့် ကြောင့် ဆို သော်၊ သူ ရှင် တို့ သည် သေ ကြ ရ မည် ကို သိ၏။ သူ သေ တို့ မူ ကား၊ မည် သည် ကို မျှ မ သိ။ အ ကျိုး အ ပြစ် ကို လည်း မ ခံ ရ။ သူ တို့ ကို မေ့ လျော့ တတ် ကြ၏။
အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်း မခံရ။ သူ့ကိုလည်း မေ့လျော့တတ်ကြ၏။
စင်စစ် အကျွန်ုပ်တို့သည် သေတတ်သောအမျိုးဖြစ်ကြပါ၏။ မြေပေါ်သွန်ပြီးမှ ပြန်ယူ၍မရသောရေနှင့်တူကြပါ၏။ ဘုရားသခင်မူကား အသက်တစ်ချောင်းကိုပင် မသေစေလိုပါ။ ကိုယ်တော့်ထံမှ နှင်ထုတ်ခံရသောသူကို အပယ်ခံမဖြစ်စေလိုသဖြင့် နည်းလမ်းရှာဖွေတော်မူတတ်ပါ၏။
သူ့သားတို့ချီးမြှောက်ခံရလျှင်လည်း သူမသိရပါ။ သူတို့အထင်သေးခံရလျှင်လည်း သူနားမလည်ပါ။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်းသို့လည်းကောင်း၊ သက်ရှိသတ္တဝါအားလုံးစုတေ့ရာသို့လည်းကောင်း အရောက်ပို့မည်ကို အကျွန်ုပ်သိပါ၏။
ထိုအပြစ်များသည် ထာဝရဘုရားရှေ့တော်၌ အစဉ်ရှိနေပါစေ။ သူ့ဘိုးဘေးတို့နှင့်ပတ်သက်သည့် အောက်မေ့စရာကိုလည်း ကမ္ဘာမြေကြီးပေါ်မှ ဖယ်ရှားတော်မူပါစေ။
အကြောင်းမူကား သေလွန်သူတို့အလယ်တွင် ကိုယ်တော်ကိုအောက်မေ့ခြင်းမရှိပါ။ မရဏာနိုင်ငံတွင် ကိုယ်တော်ကိုမည်သူချီးမွမ်းပါမည်နည်း။
အို ထာဝရဘုရား၊ အကျွန်ုပ်မူကား ကိုယ်တော့်ထံ အကူအညီအော်ဟစ်တောင်းခံပါ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ဆုတောင်းချက်သည် ကိုယ်တော့်ထံသို့ရောက်ပါ၏။
ယခင်ကအရာတို့ကို မှတ်မိခြင်းမရှိ။ နောင်ဖြစ်မည့်အရာတို့ကိုလည်း ၎င်းတို့၏နောက်တွင် ပေါ်လာမည့်သူတို့သည် မှတ်မိကြလိမ့်မည်မဟုတ်။
အမှန်စင်စစ် မိုက်မဲသောသူကဲ့သို့ပင် ပညာရှိသောသူသည်လည်း အစဉ်အမြဲအောက်မေ့ခြင်းခံရမည်မဟုတ်။ နောင်လာမည့်နေ့ရက်များတွင် အားလုံးသည် မေ့လျော့ခြင်းခံရလိမ့်မည်။ ပညာရှိသောသူသည် မိုက်မဲသောသူနည်းတူ သေတတ်ပါသည်တကား။
အသုဘအိမ်သို့သွားခြင်းသည် စားသောက်ပွဲခံရာအိမ်သို့သွားခြင်းထက်ပို၍ကောင်း၏။ အကြောင်းမူကား သေခြင်းသည် လူအားလုံး၏နိဂုံးဖြစ်၍ အသက်ရှင်လျက်ရှိသောသူသည် ထိုအမှုအရာကိုဆင်ခြင်နှလုံးသွင်းလိမ့်မည်။
တစ်ဖန် သန့်ရှင်းသောနေရာ၌ ဝင်ထွက်သွားလာခဲ့သည့် ဆိုးယုတ်သောသူတို့သည် သင်္ဂြိုဟ်ခြင်းခံရသည်ကိုငါတွေ့မြင်၏။ သူတို့သည် ထိုသို့ပြုခဲ့ရာမြို့တွင် မေ့လျော့ခြင်းခံရကြ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
အမှန်စင်စစ် အသက်ရှင်သောသူအားလုံးတို့တွင်ပါဝင်လျက်ရှိသောသူ၌ မျှော်လင့်ခြင်းရှိ၏။ အသက်ရှင်သောခွေးသည် သေသောခြင်္သေ့ထက် ပို၍ကောင်း၏။
သေသောသူတို့သည် ပြန်မရှင်။ သေသောသူတို့၏ဝိညာဉ်သည် မထမြောက်။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုအပြစ်ဒဏ်ပေး၍ ဖျက်ဆီးတော်မူ၏။ သူတို့နှင့်ဆိုင်သည့်အမှတ်တရအားလုံးကို ဖယ်ရှားတော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ အာဗြဟံသည် အကျွန်ုပ်တို့ကိုမသိ။ အစ္စရေးသည်လည်း အကျွန်ုပ်တို့ကိုအသိအမှတ်မပြု။ အို ထာဝရဘုရား၊ ကိုယ်တော်မူကား အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ ရှေးကာလကပင် ကိုယ်တော်၏နာမတော်သည် “အကျွန်ုပ်တို့ကိုရွေးနုတ်သောအရှင်” ဖြစ်၏။
နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးသွားပါသည်။
လူတို့သည် တစ်ကြိမ်တည်းသေ၍ သေပြီးသည့်နောက် တရားစီရင်ခြင်းကိုခံရသကဲ့သို့