ဒေသနာကျမ်း။ 9:4 - မြန်မာ့စံမီသမ္မာကျမ်း4 အမှန်စင်စစ် အသက်ရှင်သောသူအားလုံးတို့တွင်ပါဝင်လျက်ရှိသောသူ၌ မျှော်လင့်ခြင်းရှိ၏။ အသက်ရှင်သောခွေးသည် သေသောခြင်္သေ့ထက် ပို၍ကောင်း၏။ အခန်းကိုကြည့်ပါ။Common Language Bible4 အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေး သောသူသည် မြော်လင့်စရာရှိ၏။ အသက်ရှင်သောခွေး သည် သေသောခြင်္သေ့ထက် သာ၍ကောင်းမြတ်၏။ အခန်းကိုကြည့်ပါ။Garrad Bible4 အ သက် ရှင် သော လူ့ ဘောင်၌ အ ပါ အ ဝင် ဖြစ် သူ သည်၊ စောင့် မြော် ရန် အ ကြောင်း ရှိ၏။ ရှင် သော ခွေး သည်၊ သေ သော ခြင်္သေ့ ထက် ကောင်း ၏။ အခန်းကိုကြည့်ပါ။Judson Bible4 အသက်ရှင်သောလူစုအပေါင်းနှင့် ဆိုင်သေးသောသူသည် မျှော်လင့်စရာရှိ၏။ အသက်ရှင်သောခွေးသည် သေသောခြင်္သေ့ထက် သာ၍ကောင်းမြတ်၏။ အခန်းကိုကြည့်ပါ။ |
အားလုံးသည် တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရသည်ဟူသောဤအချက်သည် နေအောက်တွင်ပြုသမျှသောအမှုထဲမှ မကောင်းသောအမှုဖြစ်၏။ လူသားတို့၏စိတ်နှလုံးသည်လည်း မကောင်းမှုနှင့်ပြည့်နှက်လျက်ရှိ၍ သူတို့အသက်ရှင်စဉ် သူတို့၏စိတ်နှလုံးထဲ၌ ရူးသွပ်ခြင်းရှိ၏။ ထို့နောက်တွင် သူတို့သည် သေဆုံးကြရ၏။