သူ၏ရှေ့မှောက်မှ အလျင်စလိုမထွက်သွားနှင့်။ မကောင်းသောအမှုဘက်၌ မရပ်တည်နှင့်။ အကြောင်းမူကား သူသည် အရာအားလုံးကိုအလိုရှိသည့်အတိုင်း စီရင်တတ်၏။”
သမ္မာသတိလစ်၍ အထံတော်မှမထွက်နှင့်။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့်။ အလိုတော်ရှိသည် အတိုင်း စီရင်တော်မူမည်။
ဘု ရင် မင်း၏ အ မိန့် တော် တွင် တန် ခိုး အာ ဏာ ပါ သည် နှင့် အ ညီ၊ မည် သို့ ပြု တော် မူ ပါ သ နည်း ဟု မေး ဝံ့ သူ မ ရှိ ဘဲ၊ အ လို တော် အ တိုင်း ပြု တတ် သည် ဖြစ်၍၊ အ ပါး တော် မှ အ ဆော တ လျင် ဆုတ် ခွာ ခြင်း၊ ဆိုး သွမ်း မှု၌ တည် နေ ခြင်း များ ကို မ ပြု နှင့်။
သမ္မာသတိလစ်၍ အထံတော်မှ မထွက်နှင့်။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့်။ အလိုတော်ရှိသည်အတိုင်း စီရင်တော်မူမည်။
ယာကုပ်က “အကျွန်ုပ်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလမှာ တစ်ရာ့သုံးဆယ်ရှိပါပြီ။ အကျွန်ုပ်အသက်ရှင်သော နေ့ရက်နှစ်ကာလသည် တိုတောင်း၍ဆိုးရွားပါ၏။ အကျွန်ုပ်ဘိုးဘေးတို့ အသက်ရှင်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလကို မမီပါ”ဟု လျှောက်လေ၏။
စိတ်ရှည်သောသူ၌ ကြီးမားသောထိုးထွင်းဉာဏ်ရှိ၏။ စိတ်တိုသောသူမူကား မိုက်မဲမှုကိုချီးမြှောက်တတ်၏။
ငါ့သား၊ ထာဝရဘုရားနှင့်ရှင်ဘုရင်ကို ကြောက်ရွံ့လော့။ ဖောက်ပြန်ပြောင်းလဲသောသူတို့နှင့် ရောနှောဆက်ဆံခြင်းမပြုနှင့်။
ဟန်ပါမာန်ပါလျှောက်တတ်သောကြက်ဖ၊ သို့မဟုတ် ဆိတ်ထီး၊ စစ်သည်အလုံးအရင်းခြံရံထားသော ရှင်ဘုရင်တို့ဖြစ်ကြ၏။
အုပ်စိုးသူမင်းသည် သင့်ကိုစိတ်ဆိုးလျှင်လည်း သင်၏နေရာကိုမစွန့်ခွာနှင့်။ အကြောင်းမူကား တည်ငြိမ်ခြင်းသည် ကြီးစွာသောအမှားကို ပြေပျောက်စေတတ်၏။
သင်၏လည်ပင်းသည် သံချောင်းကဲ့သို့၊ သင်၏နဖူးသည် ကြေးဝါကဲ့သို့ဖြစ်၍ သင်သည် ခေါင်းမာသောသူဖြစ်ကြောင်း ငါသိသောကြောင့်
မြေကြီးသားတို့ကို ဘာမျှမဟုတ်သောအရာကဲ့သို့ မှတ်တော်မူ၏။ ကောင်းကင်သားကိုဖြစ်စေ၊ မြေကြီးသားကိုဖြစ်စေ အလိုရှိသည့်အတိုင်း ပြုတော်မူ၏။ ကိုယ်တော်၏လက်တော်ကို ဆီးတားနိုင်သောသူမရှိ။ “ကိုယ်တော် မည်သို့ပြုဘိသနည်း”ဟု ဆိုနိုင်သောသူမရှိ။
ထိုသို့ ဘုန်းတန်ခိုးကို ပေးတော်မူသောကြောင့် နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးအပေါင်းတို့သည် သူ၏ရှေ့တွင် ကြောက်ရွံ့တုန်လှုပ်ကြရပါ၏။ သူသည် သတ်လိုသောသူကို သတ်၍ အသက်ချမ်းသာပေးလိုသောသူကို ပေးပါ၏။ ချီးမြှောက်လိုသောသူကို ချီးမြှောက်၍ နှိမ့်ချလိုသောသူကို နှိမ့်ချပါ၏။