ဖြောင့်မတ်သောသူအပေါ် မည်သည့်အမင်္ဂလာမျှကျရောက်လိမ့်မည်မဟုတ်။ ဆိုးယုတ်သောသူတို့မူကား ဒုက္ခနှင့်ပြည့်ဝကြ၏။
ဒေသနာကျမ်း။ 7:18 - မြန်မာ့စံမီသမ္မာကျမ်း ဤအချက်ကိုဆုပ်ကိုင်ထားလျှင်ကောင်း၏။ အခြားတစ်ချက်ကိုလည်း လက်မလွတ်စေနှင့်။ အကြောင်းမူကား ဘုရားသခင်ကိုကြောက်ရွံ့သောသူသည် ထိုအရာအားလုံးကို အောင်နိုင်လိမ့်မည်။ Common Language Bible ဤစကားကိုစွဲလန်းကောင်း၏။ လက်မလွှတ်နှင့်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူသည် ခပ်သိမ်းသော အမှုထဲက ထွက်မြောက်လိမ့်မည်။ Garrad Bible ဤ အ မှု ကို လက် မ လွှတ် ဘဲ၊ ထို အ မှု ကို စွဲ ကိုင် ရာ၏။ ဘု ရား သ ခင် ကို ခန့် ညား သူ သည်၊ နှစ် မျိုး အ တွင်း မှ လွတ် မြောက် လိမ့် မည်။ Judson Bible ဤစကားကို စွဲလန်းကောင်း၏။ လက်မလွှတ်နှင့်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူသည် ခပ်သိမ်းသောအမှုထဲက ထွက်မြောက်လိမ့်မည်။ |
ဖြောင့်မတ်သောသူအပေါ် မည်သည့်အမင်္ဂလာမျှကျရောက်လိမ့်မည်မဟုတ်။ ဆိုးယုတ်သောသူတို့မူကား ဒုက္ခနှင့်ပြည့်ဝကြ၏။
နံနက်အချိန်၌ သင်၏မျိုးစေ့ကိုကြဲလော့။ ညနေခင်း၌လည်း သင်၏လက်ကိုအနားမပေးနှင့်။ အကြောင်းမူကား မည်သည်ကအောင်မြင်မည်နည်း။ ဤသည်လော၊ ထိုသည်လော၊ သို့မဟုတ် နှစ်ခုစလုံးအညီအမျှ ကောင်းမည်လောဟူ၍ သင်မသိနိုင်။
အားလုံးကိုကြားရပြီးသည့်နောက် နိဂုံးချုပ်စကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ကိုယ်တော်၏ပညတ်တော်တို့ကိုစောင့်ထိန်းလော့။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် လူတို့ပြုရမည့်အရာအလုံးစုံ၏အချုပ်ဖြစ်၏။
ဘုရားသခင်ပြုတော်မူသမျှအားလုံးသည် ထာဝရတည်ကြောင်းကိုလည်း ငါသိ၏။ ၎င်းအပေါ်၌ မည်သည့်အရာကိုမျှဖြည့်စွက်၍မရနိုင်သကဲ့သို့ ၎င်းအထဲမှ မည်သည့်အရာကိုမျှနုတ်ယူ၍မရနိုင်။ လူတို့သည် ရှေ့တော်၌ကြောက်ရွံ့ကြမည့်အကြောင်း ဘုရားသခင်သည် ထိုသို့ပြုတော်မူ၏။
အိပ်မက်များပြားခြင်းအားဖြင့် အချည်းနှီးသောအရာနှင့် စကားတို့သည်လည်း များပြားလာတတ်၏။ သို့ဖြစ်၍ ဘုရားသခင်ကို ကြောက်ရွံ့လော့။
အပြစ်ပြုသောသူသည် မကောင်းမှုကိုအကြိမ်တစ်ရာပြုလျက်ပင် အသက်ရှည်သော်လည်း ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်၏ရှေ့တော်၌ ကြောက်ရွံ့ကြသောကြောင့် ကောင်းကျိုးချမ်းသာကိုခံစားရကြောင်း ငါအမှန်သိ၏။
ဆိုးယုတ်သောသူမူကား ဘုရားသခင်၏ရှေ့တော်၌ ကြောက်ရွံ့ခြင်းမရှိသောကြောင့် ကောင်းကျိုးချမ်းသာကိုခံစားရလိမ့်မည်မဟုတ်။ သူ၏နေ့ရက်ကာလများသည်လည်း အရိပ်ကဲ့သို့ဖြစ်၍ ရှည်လိမ့်မည်မဟုတ်။
သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကောင်းစားစေမည့်အကြောင်း ငါသည် သူတို့နှင့် ထာဝရပဋိညာဉ်ဖွဲ့မည်။ သူတို့သည် ငါ့ထံမှ မထွက်သွားမည့်အကြောင်း ငါ့ကိုကြောက်ရွံ့ရိုသေခြင်းသဘောကို သူတို့စိတ်နှလုံးထဲသို့ သွင်းပေးမည်။
“ငါ၏နာမတော်ကို ကြောက်ရွံ့ရိုသေသော သင်တို့အဖို့ ဖြောင့်မတ်ခြင်းနေမင်းသည် ကုသခြင်းတောင်ပံနှင့်တကွ ပေါ်ထွန်းလာလိမ့်မည်။ သင်တို့သည်လည်း တင်းကုပ်မှ နွားသငယ်ကဲ့သို့ ခုန်ပေါက်လျက် ထွက်လာမည်။
ကရုဏာတော်သည်လည်း ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသောသူတို့အပေါ်၌ သားစဉ်မြေးဆက်တည်၏။
သို့သော် ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြသော်လည်း တရားမျှတခြင်းနှင့် ဘုရားသခင်အပေါ်ထားရှိရမည့်ချစ်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ဥပေက္ခာမပြုရ။