ဒေသနာကျမ်း။ 5:20 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထိုသူသည် မိမိအသက်တာ၏နေ့ရက်များကို လွန်ကဲစွာအောက်မေ့ခြင်းမရှိ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ၏စိတ်နှလုံးကို ဝမ်းမြောက်ခြင်းဖြင့် ပြည့်ဝစေတော်မူ၏။ Common Language Bible လွန်သောနေ့ရက်ကာလကို များစွာမအောက် မေ့ရ။ စိတ်နှလုံးရွှင်လန်းသောအခွင့်ကို ဘုရားသခင် ပေးသနားတော်မူ၏။ Garrad Bible ဘု ရား သ ခင် သည်၊ ထို သူ၏ စိတ် ရွှင် လန်း ရာ ရွှင် လန်း ကြောင်း ကို၊ သ နား တုံ့ ပြန် တော် မူ သော ကြောင့်၊ အ သက် တာ၌ ကြောင့် ကြ ခြင်း မ ရှိ ချေ။ Judson Bible လွန်သောနေ့ရက်ကာလကို များစွာမအောက်မေ့ရ။ စိတ်နှလုံးရွှင်လန်းသောအခွင့်ကို ဘုရားသခင် ပေးသနားတော်မူ၏။ |
ဖြောင့်မတ်သောသူ၏အနည်းငယ်သောဥစ္စာသည် ဆိုးယုတ်သောသူတို့၏များစွာသော စည်းစိမ်ဘဏ္ဍာထက် ပို၍ကောင်း၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ ကိုယ်တော်သည်လည်း သင်၏မုန့်နှင့်ရေကို ကောင်းချီးပေးတော်မူ၍ သင့်အထဲမှ အနာရောဂါကို ဖယ်ရှားတော်မူမည်။
ကိုယ်တော်သည် ဝမ်းမြောက်သောစိတ်ဖြင့် ဖြောင့်မတ်စွာပြုကျင့်သောသူ၊ ကိုယ်တော်၏တရားလမ်းတော်ကိုအောက်မေ့သောသူတို့အား ကြိုဆိုလက်ခံတော်မူ၏။ သို့သော် အကျွန်ုပ်တို့အပြစ်ပြု၍ ကိုယ်တော်အမျက်ထွက်တော်မူ၏။ အဆက်မပြတ်အပြစ်ပြုသောအကျွန်ုပ်တို့ကို ကယ်တင်တော်မူမည်လော။
ထို့ကြောင့် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသောငါတို့သည် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှင့် ငြိမ်းချမ်းမှုကိုရရှိကြ၏။
သင်သည် အရာရာ၌ကြွယ်ဝလျက်ပင် ဝမ်းမြောက်ခြင်း၊ စိတ်နှလုံးရွှင်လန်းခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရားကိုအစေမခံသောကြောင့်