လူမူကား သေသွားပြီးလျှင် ဆွေးမြည့်သွား၏။ အသက်ချုပ်ငြိမ်းပြီးလျှင် အဘယ်မှာရှိနိုင်တော့မည်နည်း။
ဒေသနာကျမ်း။ 3:21 - မြန်မာ့စံမီသမ္မာကျမ်း လူသားတို့၏ဝိညာဉ်သည် အထက်အရပ်သို့တက်သွား၍ တိရစ္ဆာန်၏ဝိညာဉ်သည် အောက်အရပ်မြေကြီးထဲသို့ဆင်းသွားသည်ဟု မည်သူသေချာသိနိုင်သနည်း။ Common Language Bible သို့ရာတွင်၊ အထက်သို့တက်သော လူသား၏ ဝိညာဉ်ကို၎င်း၊ အောက်အရပ်မြေသို့ဆင်းတတ်သော တိရစ္ဆာန်၏ဝိညာဉ်ကို၎င်း၊ အဘယ်သူသည် ပိုင်းခြား၍ သိသနည်း။ Garrad Bible လူ သား တို့ သက် ဇီ ဝ သည်၊ အ ပေါ် သို့ တက် သည် ကို လည်း ကောင်း၊ တိ ရ စ္ဆာန် တို့ သက် ဇီ ဝ လည်း၊ အောက် မြေ သို့ ဆင်း သည် ကို လည်း ကောင်း၊ မည် သူ သိ သ နည်း။ Judson Bible သို့ရာတွင်၊ အထက်သို့တက်သော လူသား၏ဝိညာဉ်ကိုလည်းကောင်း၊ အောက်အရပ်မြေသို့ဆင်းတတ်သော တိရစ္ဆာန်၏ဝိညာဉ်ကိုလည်းကောင်း၊ အဘယ်သူသည် ပိုင်းခြား၍ သိသနည်း။ |
လူမူကား သေသွားပြီးလျှင် ဆွေးမြည့်သွား၏။ အသက်ချုပ်ငြိမ်းပြီးလျှင် အဘယ်မှာရှိနိုင်တော့မည်နည်း။
မြေမှုန့်သည် လာရင်းမြေသို့ပြန်သွားသကဲ့သို့ အသက်ဝိညာဉ်သည် ၎င်းကိုပေးတော်မူသောဘုရားသခင်ထံသို့ပြန်သွားမည့်အချိန်မရောက်မီ ကိုယ်တော်ကိုအောက်မေ့လော့။
ထိုသို့သွား၍ သင်တို့အတွက်နေရာပြင်ဆင်ပြီးလျှင် ငါရှိရာအရပ်၌ သင်တို့လည်းရှိစေရန် တစ်ဖန်ပြန်လာ၍ သင်တို့ကို ငါ့ထံသို့ ခေါ်ယူသိမ်းဆည်းမည်။
ယုဒသည် မိမိနေရာသို့သွားရန် တမန်တော်အရိုက်အရာမှ ရွေ့လျောဖောက်ပြန်သွားသည်ဖြစ်၍ ဤအမှုတော်လုပ်ငန်းနှင့် တမန်တော်အရိုက်အရာကိုဆက်ခံရန် ဤသူနှစ်ဦးထဲမှ ကိုယ်တော်ရွေးကောက်သောသူကို ဖော်ပြတော်မူပါ”ဟု ဆုတောင်းကြ၏။
ယာယီတဲဖြစ်သော ငါတို့၏မြေကြီးအိမ်သည် ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့်မတည်ဆောက်၊ ဘုရားသခင်တည်ဆောက်တော်မူသော ထာဝရအိမ်ရှိကြောင်းကို ငါတို့သိကြ၏။
ငါတို့သည် ယုံကြည်စိတ်ချမှုရှိ၍ ကိုယ်ခန္ဓာမှကွာလျက် သခင်ဘုရားနှင့်အတူရှိနေရန် သာ၍အလိုရှိကြ၏။
ထာဝရဘုရားသည် သင့်ကို အမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေမည်။ သင်သည် အောက်၌မနေရဘဲ ထိပ်ဆုံး၌ နေရလိမ့်မည်။ ယနေ့ သင့်အားငါမိန့်မှာသော သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကို နားထောင်၍ လိုက်နာစောင့်ထိန်းလျှင်၊
သို့ဖြစ်၍ ငါသည် ဤနှစ်ခုကြား၌ အကျပ်ရိုက်နေ၏။ ငါသည် ဤဘဝကိုစွန့်ခွာ၍ ခရစ်တော်နှင့်အတူရှိရန် ဆန္ဒရှိ၏။ ထိုသို့ဖြစ်လျှင် များစွာသာလွန်ကောင်းမွန်၏။