ဘုရားသခင်သည် မိမိဖန်ဆင်းသောအရာအားလုံး အလွန်ကောင်းသည်ကို မြင်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ဆဋ္ဌမနေ့ရက်ဖြစ်လေ၏။
ဒေသနာကျမ်း။ 3:11 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သူ့အချိန်နှင့်သူလှပအောင်ပြင်ဆင်တော်မူပြီး လူ၏စိတ်နှလုံးထဲ၌ ထာဝရကာလကိုလည်း ထည့်သွင်းထားတော်မူ၏။ သို့သော် အစမှအဆုံးအထိဘုရားသခင်ပြုတော်မူသောအမှုကို လူသည် ရှာဖွေ၍မတွေ့နိုင်။ Common Language Bible ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နုလုံးကို လည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံး တိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။ Garrad Bible အ မှု အ ရာ ခပ် သိမ်း ကို အ ခါ သ မ ယ အ လိုက်၊ တင့် တယ် စွာ ဖန် ဆင်း တော် မူ သည့် ပြင်၊ လူ တို့ သည် ဘု ရား သ ခင် ပြု ပြင် တော် မူ ရာ ကို၊ အ စ က အ ဆုံး တိုင် အောင် ရှာ၍ မ တွေ့ လျက် ပင်၊ နိ စ္စ အ ရာ ကို စိတ်၌ စွဲ လမ်း စေ တော် မူ ၏။ Judson Bible ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံးတိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။ |
ဘုရားသခင်သည် မိမိဖန်ဆင်းသောအရာအားလုံး အလွန်ကောင်းသည်ကို မြင်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ဆဋ္ဌမနေ့ရက်ဖြစ်လေ၏။
သင်သည် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာကို ရှာတွေ့နိုင်မည်လော။ အနန္တတန်ခိုးရှင်၏ပကတိအဖြစ်တော်ကို တွေ့ရှိနိုင်မည်လော။
အနန္တတန်ခိုးရှင်ကို အကျွန်ုပ်တို့ လိုက်၍မမီနိုင်။ ကိုယ်တော်သည် တန်ခိုးကြီးသောအရှင် ဖြစ်တော်မူ၏။ တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့နှင့် ပြည့်စုံတော်မူ၏။ မတရားသောအမှုကို ပြုတော်မမူ။
ကိုယ်တော်သည် ကြီးမြတ်သောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ မရေတွက်နိုင်သောအံ့ဖွယ်အမှုတို့ကို ပြုတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အလွန်များပြားလှပါ၏။ ကိုယ်တော်သည် ထိုအရာအားလုံးကို ဉာဏ်ပညာအားဖြင့် ဖန်ဆင်းတော်မူ၏။ ကမ္ဘာမြေကြီးသည် ကိုယ်တော်ဖန်ဆင်းသော အရာများဖြင့် ပြည့်နှက်လျက်ရှိပါ၏။
ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို မိမိရည်ရွယ်ချက်အတွက် ပြင်ဆင်တော်မူ၏။ ဆိုးယုတ်သောသူကိုပင်လျှင် ဒုက္ခခံရာနေ့ရက်အတွက် ပြင်ဆင်တော်မူ၏။
ငါသည် မိုးကောင်းကင်အောက်၌ပြုသမျှသောအရာတို့ကို ဉာဏ်ပညာအားဖြင့် ရှာဖွေရန်နှင့်စူးစမ်းရန် ငါ၏စိတ်ကိုပိုင်းဖြတ်ထား၏။ ၎င်းမှာ လူသားတို့ကိုရုန်းကန်စေရန် သူတို့အား ဘုရားသခင်ပေးအပ်တော်မူသည့် ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။
သင်သည် လေ၏လမ်းကြောင်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ဝမ်းထဲတွင် အရိုးများမည်သို့ဖြစ်တည်လာသည်ကိုလည်းကောင်း မသိနိုင်သကဲ့သို့ ခပ်သိမ်းသောအရာကိုဖန်ဆင်းသော ဘုရားသခင်၏အမှုတော်ကိုလည်း မသိနိုင်။
ဘုရားသခင်ပြုတော်မူသောအမှုကို ဆင်ခြင်လော့။ ကိုယ်တော်ကောက်စေတော်မူသောအရာကို မည်သူဖြောင့်စေနိုင်သနည်း။
ဤအရာအားလုံးကို ဉာဏ်ပညာအားဖြင့် ငါစမ်းသပ်ပြီ။ “ငါသည်ပညာရှိဖြစ်မည်”ဟု ပြောဆိုသော်လည်း ထိုအရာသည် ငါနှင့်ဝေးကွာလျက်ရှိ၏။
ကြည့်ရှုလော့။ ငါတွေ့ရှိသည့် တစ်ခုတည်းသောအရာကား ဘုရားသခင်သည် လူကိုဖြောင့်မှန်သောသူအဖြစ် ဖန်ဆင်းတော်မူသော်လည်း လူတို့သည် များစွာသောအကြောင်းအချက်တို့ကိုရှာဖွေကြသည်ဟူ၍ဖြစ်၏။
ဘုရားသခင်ပြုတော်မူသောအမှုအားလုံးကို ငါတွေ့မြင်၏။ အမှန်စင်စစ် နေအောက်တွင်ပြုသောအမှုကို လူသည်ရှာဖွေ၍ မတွေ့ရှိနိုင်။ မည်မျှကြိုးပမ်းအားထုတ်၍ရှာဖွေလျှင်လည်း မတွေ့ရှိနိုင်။ ထိုအရာကိုသိကြောင်း ပညာရှိတစ်ဦးကပြောဆိုလျှင်လည်း မတွေ့ရှိနိုင်။
ငါ၏ခမည်းတော်သည် အရာခပ်သိမ်းတို့ကို ငါ့အားအပ်နှင်းတော်မူပြီ။ ခမည်းတော်မှတစ်ပါး မည်သူမျှ သားတော်ကိုမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ကဖွင့်ပြလိုသောသူတို့မှတစ်ပါး အခြားမည်သူမျှမသိ။
ဆူးပင်တို့တွင် ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာ၌စိုးရိမ်ပူပန်ခြင်းနှင့် စည်းစိမ်၏လှည့်ဖြားခြင်းတို့က တရားစကားကို ကာဆီးပိတ်ဆို့သဖြင့် အသီးမသီးသောသူကိုဆိုလို၏။
လူတို့သည် အတိုင်းထက်အလွန်အံ့အားသင့်လျက် “ကိုယ်တော်သည် အလုံးစုံတို့ကို လျောက်ပတ်စွာပြုတော်မူပြီ။ နားမကြားသောသူကို ကြားစေတော်မူ၍ ဆွံ့အသောသူကိုစကားပြောစေတော်မူ၏”ဟု ပြောဆိုကြ၏။
ထိုမှတစ်ပါး သူတို့သည် ဘုရားသခင်ကိုမသိမမှတ်လိုသောကြောင့် ဘုရားသခင်သည် သူတို့ကို ယုတ်ညံ့သောစိတ်ထံသို့ အပ်လိုက်တော်မူသဖြင့် သူတို့သည် မပြုအပ်သောအရာများကို ပြုကြကုန်၏။
ဘုရားသခင်၏အသိပညာနှင့်ဉာဏ်ပညာတော်တို့၏ကြွယ်ဝမှုသည် နက်နဲလှပါတကား။ စီရင်တော်မူချက်တို့ကို စူးစမ်းလေ့လာ၍မကုန်နိုင်။ လမ်းတော်တို့ကိုလည်း ချင့်မျှော်တွေးဆ၍မရနိုင်။
အို ကျောက်ဆောင်၊ ကိုယ်တော်ပြုတော်မူသောအမှုသည် ပြီးပြည့်စုံပါ၏။ မှန်ပေ၏။ ကိုယ်တော်၏နည်းလမ်းတော်ရှိသမျှတို့သည် တရားမျှတပါ၏။ ကိုယ်တော်သည် မတရားမှုကိုမပြု၊ သစ္စာရှိသောဘုရားဖြစ်တော်မူ၏။ ဖြောင့်မတ်မှန်ကန်သောဘုရားဖြစ်တော်မူ၏။