အမျက်တော်သည် ဓားဘေးဖြင့် ဒဏ်ခတ်တတ်သည်ဖြစ်၍ သင်တို့ကသာ ဓားဘေးကို ကြောက်ကြလော့။ ဤသို့ တရားစီရင်ခြင်းရှိသည်ကို သင်တို့သိမှတ်ကြလော့”ဟု ဆိုလေ၏။
ဒေသနာကျမ်း။ 12:14 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဘုရားသခင်သည် ကောင်းသောအမှုဖြစ်စေ၊ မကောင်းသောအမှုဖြစ်စေ၊ ဝှက်ထားသောအမှုအားလုံးအပါအဝင် ခပ်သိမ်းသောအမှုတို့ကို တရားသဖြင့်စီရင်တော်မူလိမ့်မည်။ Common Language Bible အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်း သော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောဒေသနာကျမ်းပြီး၏။ Garrad Bible အ သို့ ဆို သော်၊ ဘု ရား သ ခင် သည် ကွယ် ဝှက် သ မျှ အ မှု နှင့်၊ စပ် ဆိုင် သော အ ရာ ရာ ကို။ ကောင်း သည် ဖြစ် စေ၊ ဆိုး သည် ဖြစ် စေ၊ ထုတ် ဘော် စီ ရင် တော် မူ အံ့ သ တည်း။ Judson Bible အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်းသော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူလတ္တံ့သတည်း။ ရှောလမုန်မင်းကြီး စီရင်ရေးထားသော ဒေသနာကျမ်းပြီး၏။ |
အမျက်တော်သည် ဓားဘေးဖြင့် ဒဏ်ခတ်တတ်သည်ဖြစ်၍ သင်တို့ကသာ ဓားဘေးကို ကြောက်ကြလော့။ ဤသို့ တရားစီရင်ခြင်းရှိသည်ကို သင်တို့သိမှတ်ကြလော့”ဟု ဆိုလေ၏။
ဤအမှုတို့ကိုသင်ပြု၍ ငါသည် တိတ်ဆိတ်စွာနေသဖြင့် ငါသည် သင်နှင့်တူသည်ဟု သင်ထင်မှတ်၏။ ငါသည် သင့်ကိုဆုံးမ၍ သင်၏အပြစ်ကို သင့်ရှေ့မှောက်၌ခင်းပြမည်။
ကိုယ်တော်သည် အကျွန်ုပ်တို့၏ဒုစရိုက်များကို ရှေ့တော်၌လည်းကောင်း၊ အကျွန်ုပ်တို့ဝှက်ထားသောအပြစ်များကို မျက်နှာတော်၏အလင်း၌လည်းကောင်း ချထားတော်မူ၏။
အကြောင်းမူကား ကိုယ်တော်ကြွလာတော်မူ၏။ ကမ္ဘာမြေကြီးကိုတရားစီရင်ရန် ကိုယ်တော်ကြွလာတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ လူတို့ကို မိမိ၏သစ္စာတော်ဖြင့်လည်းကောင်း တရားစီရင်တော်မူလိမ့်မည်။
အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။
“ဘုရားသခင်သည် ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူတို့ကို တရားစီရင်တော်မူမည်။ အကြောင်းမူကား ခပ်သိမ်းသောအကြောင်းကိစ္စနှင့် ခပ်သိမ်းသောအမှုအတွက် သူ့အချိန်ရှိ၏”ဟု ငါ့စိတ်နှလုံးထဲ၌ ငါမြွက်ဆို၏။
ထို့ကြောင့် သူတို့ကိုမကြောက်ကြနှင့်။ အကြောင်းမူကား ဖုံးအုပ်ထားသည့်အရာများတွင် ဖွင့်ပြခြင်းမခံရမည့်အရာ တစ်စုံတစ်ခုမျှမရှိ။ ကွယ်ဝှက်ထားသည့်အရာများတွင်လည်း ဖော်ပြခြင်းမခံရမည့်အရာ တစ်စုံတစ်ခုမျှမရှိ။
သင်တို့အား ငါဆိုသည်ကား လူတို့သည် မိမိတို့ပြောဆိုသည့် အကျိုးမရှိသောစကားအားလုံးအတွက် တရားစီရင်တော်မူရာနေ့၌ ဖြေရှင်းချက်ပေးကြရမည်။
ထွက်လာမည့်အချိန်ရောက်လာလိမ့်မည်။ ကောင်းသောအမှုကိုပြုသောသူတို့သည် အသက်ရှင်ခြင်းနှင့်ဆိုင်သောရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးညစ်သောအမှုကိုပြုကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်ဆိုင်သောရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း အသီးသီးထွက်လာကြလိမ့်မည်။
ဤအမှုအရာများသည် ငါဟောပြောသည့်ကောင်းမြတ်သောသတင်းအရ လူတို့၏လျှို့ဝှက်သောအကျင့်အကြံတို့ကို ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်စစ်ဆေးစီရင်တော်မူသောနေ့၌ ဖြစ်လိမ့်မည်။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
အကြောင်းမူကား ငါတို့အားလုံးသည် ကိုယ်ခန္ဓာ၌ရှိစဉ် ပြုကျင့်သည့်အတိုင်း ကောင်းသောအမှုအတွက်ဖြစ်စေ၊ ဆိုးညစ်သောအမှုအတွက်ဖြစ်စေ အကျိုးအပြစ်ကို အသီးသီးခံစားရရန် ခရစ်တော်၏တရားပလ္လင်ရှေ့၌ ပေါ်လာကြရမည်။