ရှောလမုန်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် အစ္စရေးတစ်မျိုးနွယ်လုံးကို နှစ်ပေါင်းလေးဆယ် အုပ်စိုးလေ၏။
ဒေသနာကျမ်း။ 1:1 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့၌စိုးစံသောရှင်ဘုရင်၊ ဒါဝိဒ်၏သားတော်၊ ဒေသနာဆရာ၏စကားများ။ Common Language Bible ဒါဝိဒ်၏သားတော်၊ ဓမ္မဒေသနာဆရာဖြစ်သော ယေရုရှလင်မင်းကြီး၏စကားဟူမူကား၊ Garrad Bible ယေ ရု ရှ လင် မြို့ နန်း စံ ဘု ရင် ဒါ ဝိဒ် မင်း သား တော်၊ အာ စ ရိ ယ စ ကား ဟူ မူ ကား။ Judson Bible ဒါဝိဒ်၏သားတော်၊ ဓမ္မဒေသနာဆရာဖြစ်သော ယေရုရှလင်မင်းကြီး၏စကားဟူမူကား၊ |
ရှောလမုန်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် အစ္စရေးတစ်မျိုးနွယ်လုံးကို နှစ်ပေါင်းလေးဆယ် အုပ်စိုးလေ၏။
သင်သည် သင့်ကိုယ်သင်ရည်ညွှန်း၍ ‘ယုဒပြည်၌ ရှင်ဘုရင်ရှိသည်’ဟု ဂျေရုဆလင်မြို့တွင် ဟောပြောစေရန် ပရောဖက်တို့ကိုခန့်ထားပြီ။ ထိုသတင်းကို ရှင်ဘုရင်အား ကြားလျှောက်ကောင်း ကြားလျှောက်ကြလိမ့်မည်။ သို့ဖြစ်၍ ယခု လာပါ။ ငါတို့အတူတကွ ဆွေးနွေးကြစို့”ဟု ပါရှိ၏။
အကျွန်ုပ်သည် လူအစုအဝေးကြီးအလယ်၌ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောပါပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် မိမိနှုတ်ကိုပိတ်၍မနေကြောင်း ကိုယ်တော်သိတော်မူပါ၏။
ထိုသို့သောမိန်းမအား သူ့လက်ဖြင့် လုပ်ကိုင်ရရှိသောအကျိုးအမြတ်ကိုပေးလော့။ သူပြုသောအမှုအတွက် မြို့တံခါးတို့၌ သူ့ကိုချီးမွမ်းကြပါစေ။
ငါဒေသနာဆရာသည် ဂျေရုဆလင်မြို့တွင် အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်သောရှင်ဘုရင်ဖြစ်၏။
ဒေသနာဆရာဆိုသည်ကား ကြည့်ရှုလော့။ ငါ၏စိတ်ဝိညာဉ်သည် အကြိမ်ကြိမ်ရှာဖွေသော်လည်း မတွေ့ခဲ့သောအကြောင်းအကျိုးကိုတွေ့ရှိနိုင်ရန် တစ်ခုအပေါ်တစ်ခုပေါင်းစပ်လိုက်ရာ ဤအချက်ကို ငါတွေ့ရှိရ၏။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
“သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမိန့်မှာသောသတင်းစကားများကို ထိုမြို့အား ပြောကြားလော့”ဟု မိန့်ဆို၏။
ရှေးဟောင်းကမ္ဘာကိုလည်း ညှာတာတော်မမူဘဲ ထိုဘုရားတရားမဲ့သောကမ္ဘာကို ရေလွှမ်းမိုးစေတော်မူ၍ ဖြောင့်မတ်ခြင်းတရား၏သံတော်ဆင့်ဖြစ်သောနောဧအပါအဝင် လူရှစ်ဦးကို စောင့်ရှောက်တော်မူ၏။