ယေဇဗေလသည် ဧလိယထံ တမန်ကိုစေလွှတ်၍ “မနက်ဖြန် ယခုလိုအချိန်တွင် သင့်အသက်ကို ထိုပရောဖက်တို့၏အသက်ကဲ့သို့ မဖြစ်စေလျှင် ဘုရားအများတို့သည် ငါ့ကို ထိုထက်မက ပြုပါစေသော”ဟု ဆိုစေ၏။
ထွက်မြောက် 9:18 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်တည်ချိန်မှစ၍ ယခုတိုင်အောင် မဖြစ်ခဲ့ဖူးသော မိုးသီးသည်းထန်စွာရွာကျခြင်းကို မနက်ဖြန် ဤအချိန်တွင် ငါဖြစ်စေမည်။ Common Language Bible နက်ဖြန်နေ့ဤအချိန်တွင်အီဂျစ်ပြည်၌ တစ်ကြိမ်တစ်ခါမျှမရွာဘူးသောမိုးသီး မိုးကိုသည်းထန်စွာရွာသွန်းစေမည်။- Garrad Bible အိ ဂျစ် ပြည် တည် ထောင် စ ကာ လ မှ ယ ခု တိုင် အောင် မ ကျ စ ဘူး၊ အ လွန် သည်း စွာ သော မိုး သီး ကို နက် ဖြန် ဤ အ ချိန် ခန့် တွင် ပင် ငါ ကျ ရွာ စေ မည်။ Judson Bible ကြည့်ရှုလော့။ အဲဂုတ္တုပြည်တည်သည်ကာလမှစ၍ ယခုတိုင်အောင် မရွာဖူးသော အလွန်ကြီးစွာသော မိုးသီးရွာခြင်းကို နက်ဖြန်နေ့ဤအချိန်၌ ငါဖြစ်စေမည်။ |
ယေဇဗေလသည် ဧလိယထံ တမန်ကိုစေလွှတ်၍ “မနက်ဖြန် ယခုလိုအချိန်တွင် သင့်အသက်ကို ထိုပရောဖက်တို့၏အသက်ကဲ့သို့ မဖြစ်စေလျှင် ဘုရားအများတို့သည် ငါ့ကို ထိုထက်မက ပြုပါစေသော”ဟု ဆိုစေ၏။
မနက်ဖြန် ယခုလိုအချိန်တွင် ငါ့အမှုထမ်းတို့ကို သင့်ထံသို့စေလွှတ်မည်။ သူတို့သည် သင့်နန်းတွင်းနှင့်သင့်အမှုထမ်းတို့၏အိမ်တို့၌ ရှာဖွေစစ်ဆေးပြီးလျှင် အဖိုးတန်ပစ္စည်းမှန်သမျှကို သိမ်းယူသွားကြလိမ့်မည်’ဟူ၍ မှာလိုက်ပြီ”ဟု လျှောက်တင်ကြပြန်၏။
ထိုအခါ ဧလိရှဲက “ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားက ‘မနက်ဖြန် ဤသို့သောအချိန်တွင် ရှမာရိမြို့တံခါး၌ မုန့်ညက်တစ်စေအာကို တစ်ရှယ်ကယ်၊ မုယောနှစ်စေအာကို တစ်ရှယ်ကယ်ဖြင့် ရောင်းကြလိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု သူတို့အား ဆို၏။
ဤသို့ဖြင့် “မနက်ဖြန် ဤသို့သောအချိန်တွင် ရှမာရိမြို့တံခါး၌ မုန့်ညက်တစ်စေအာကို တစ်ရှယ်ကယ်၊ မုယောနှစ်စေအာကို တစ်ရှယ်ကယ်ဖြင့် ရောင်းကြလိမ့်မည်”ဟု ဘုရားသခင်၏လူက ရှင်ဘုရင်အား ဆင့်ဆိုခဲ့သည့်အတိုင်း ဖြစ်လာ၏။
ဒဏ်ခတ်ဖို့ဖြစ်စေ၊ မြေကြီးဖို့ဖြစ်စေ၊ မေတ္တာပြဖို့ဖြစ်စေ ဤသို့ဖြင့် မိုးတိမ်များကိုဖြစ်ပေါ်စေတတ်၏။
နှင်းပွင့်ဘဏ္ဍာတိုက်များထဲသို့ သင်ဝင်ဖူးသလော။ မိုးသီးဘဏ္ဍာတိုက်များကို သင်မြင်ဖူးသလော။
ဤဘဏ္ဍာတိုက်တို့ကို ဆင်းရဲဒုက္ခရောက်သည့်ကာလ၊ စစ်မက်ဖြစ်ပွားသည့်ကာလအဖို့ ငါသိုထားပြီ။
ကိုယ်တော်၏မုန်တိုင်းအားဖြင့် သူတို့ကိုလိုက်လံညှဉ်းဆဲ၍ ကိုယ်တော်၏လေပွေအားဖြင့် သူတို့ကိုထိတ်လန့်စေတော်မူပါ။
အလွန်များပြားသောကျိုင်းကောင်များသည် အီဂျစ်ပြည်တစ်ပြည်လုံးပေါ်သို့ တက်လာ၍ အီဂျစ်ပြည်တစ်လျှောက်လုံးတွင် နားနေကြ၏။ ထိုကဲ့သို့သောကျိုင်းကောင်များသည် ယခင်ကလည်းမရှိစဖူး၊ နောင်တွင်လည်း ရှိလိမ့်မည်မဟုတ်။
သင်၏နန်းဆောင်များ၊ သင့်အမှုထမ်းအပေါင်းတို့၏အိမ်များနှင့် အီဂျစ်လူမျိုးအပေါင်းတို့၏အိမ်များ၌ ပြည့်နှက်ကြလိမ့်မည်။ မြေပေါ်မှာ သင်၏ဘိုးဘေးဘီဘင်များနေထိုင်ခဲ့သောအချိန်မှစ၍ ယနေ့အချိန်အထိ ဤသို့သောအမှုကို သူတို့မြင်တွေ့ဖူးကြမည်မဟုတ်’ဟူ၍ မိန့်တော်မူ၏”ဟု ဆိုပြီးလျှင် ဖာရောမင်းကြီးထံမှ လှည့်ထွက်သွားလေ၏။
အီဂျစ်ပြည်တစ်ပြည်လုံး၌ ထိုကဲ့သို့မဖြစ်စဖူး၊ နောက်တစ်ဖန်လည်း ထိုကဲ့သို့ဖြစ်မည်မဟုတ်သည့် ပြင်းစွာအော်ဟစ်ငိုကြွေးခြင်းဖြစ်လိမ့်မည်’ဟု မိန့်တော်မူ၏။
သင်သည် ငါ၏လူမျိုးတော်ကိုမလွှတ်ဘဲ သူတို့အပေါ် ထောင်လွှားစော်ကားလျက်ရှိသေး၏။
ကောင်းကင်မှလည်း ပေါင်တစ်ရာခန့်လေးသောမိုးသီးကြီးများသည် လူတို့အပေါ်သို့ကျလေ၏။ ဤဘေးဒဏ်သည် အလွန်ပြင်းထန်သဖြင့် လူတို့သည် ထိုမိုးသီး၏ဘေးဒဏ်ကြောင့် ဘုရားသခင်ကိုစော်ကားပြောဆိုကြ၏။