Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 9:18 - Common Language Bible

18 နက်​ဖြန်​နေ့​ဤ​အ​ချိန်​တွင်​အီ​ဂျစ်​ပြည်​၌ တစ်​ကြိမ်​တစ်​ခါ​မျှ​မ​ရွာ​ဘူး​သော​မိုး​သီး မိုး​ကို​သည်း​ထန်​စွာ​ရွာ​သွန်း​စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 အိ ဂျစ် ပြည် တည် ထောင် စ ကာ လ မှ ယ ခု တိုင် အောင် မ ကျ စ ဘူး၊ အ လွန် သည်း စွာ သော မိုး သီး ကို နက် ဖြန် ဤ အ ချိန် ခန့် တွင် ပင် ငါ ကျ ရွာ စေ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ကြည့်​ရှု​လော့။ အဲ​ဂု​တ္တု​ပြည်​တည်​သည်​ကာ​လ​မှ​စ၍ ယ​ခု​တိုင်​အောင် မ​ရွာ​ဖူး​သော အ​လွန်​ကြီး​စွာ​သော မိုး​သီး​ရွာ​ခြင်း​ကို နက်​ဖြန်​နေ့​ဤ​အ​ချိန်၌ ငါ​ဖြစ်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 အီဂျစ်​ပြည်​တည်​ချိန်​မှစ၍ ယခု​တိုင်အောင် မ​ဖြစ်​ခဲ့​ဖူး​သော မိုးသီး​သည်းထန်​စွာ​ရွာကျ​ခြင်း​ကို မနက်ဖြန် ဤ​အချိန်​တွင် ငါ​ဖြစ်​စေ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 9:18
14 ပူးပေါင်းရင်းမြစ်များ  

ယေ​ဇ​ဗေ​လ​သည်​ဧ​လိ​ယ​အား``အ​ကယ်​၍ ငါ​သည်​နက်​ဖြန်​ဤ​အ​ချိန်​ရောက်​မှ ပ​ရော​ဖက် တို့​အား​သင်​ပြု​ခဲ့​သည့်​အ​တိုင်း​သင့်​အား​မ​ပြု ပါ​မူ ဘု​ရား​တို့​သည်​ငါ့​ကို​အ​ဆုံး​စီ​ရင်​ကြ ပါ​စေ​သော'' ဟု​လူ​လွှတ်​၍​ပြော​ကြား​စေ​၏။-


ယ​ခု​ငါ​သည်​သင်​၏​နန်း​တော်​နှင့်​တ​ကွ​မှူး မတ်​တို့​၏​နေ​အိမ်​များ​ကို​ရှာ​ဖွေ​၍ အ​ဖိုး ထိုက်​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​သိမ်း​ယူ​ရန် တပ်​မ​တော်​အ​ရာ​ရှိ​တို့​ကို​စေ​လွှတ်​မည်။ သူ တို့​သည်​နက်​ဖြန်​ဤ​အ​ချိန်​ခန့်​၌​သင်​ထံ​သို့ ရောက်​ရှိ​လာ​ကြ​လိမ့်​မည်' ဟု​မိန့်​မှာ​လိုက် ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။


ဧ​လိ​ရှဲ​က``ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ကို​နား​ထောင်​တော်​မူ​ပါ။ နက်​ဖြန်​ဤ အ​ချိန်​ရောက်​သော် ရှ​မာ​ရိ​မြို့​စျေး​ထဲ​တွင် အ​ကောင်း​ဆုံး​ဂျုံ​ဆန်​ဆယ်​ပေါင် သို့​မ​ဟုတ် မု​ရော​ဆန်​ပေါင်​နှစ်​ဆယ်​ကို​ငွေ​သား​တစ်​ကျပ် ဖြင့်​ဝယ်​ယူ​နိုင်​လိမ့်​မည်'' ဟု​ပြန်​လည်​လျှောက် ထား​၏။


ဧ​လိ​ရှဲ​က``နောက်​တစ်​နေ့​ဤ​အ​ချိန်​ရောက် လျှင် ရှ​မာ​ရိ​မြို့​စျေး​ထဲ​တွင်​အ​ကောင်း​ဆုံး ဂျုံ​ဆန်​ဆယ်​ပေါင် သို့​မ​ဟုတ်​မု​ယော​ဆန်​ပေါင် နှစ်​ဆယ်​ကို​ငွေ​သား​တစ်​ကျပ်​နှင့်​ရောင်း​ချ ကြ​လိမ့်​မည်'' ဟု​မင်း​ကြီး​အား​လျှောက်​ထား သော​အ​ခါ၊-


ဒဏ်ခတ်သော်၎င်း၊ မြေတော် ကိုပြုစုသော်၎င်း၊ ချမ်းသာပေးသော်၎င်း လာစေတော် မူ၏။


သင်သည် မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူး သလော။


ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာ များကို မြင်ဘူးသလော။


ကိုယ်​တော်​ရှင်​၏​မိုး​သက်​မုန်​တိုင်း​အား​ဖြင့် သူ​တို့​အား​လိုက်​လံ​တိုက်​ခိုက်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​လေ​ပြင်း​အား​ဖြင့်​သူ​တို့​ကို ကြောက်​လန့်​စေ​တော်​မူ​ပါ။


ကျိုင်း​ကောင်​တို့​သည်​အုပ်​လိုက်​ရောက်​ရှိ​လာ ၍ တစ်​ပြည်​လုံး​ပေါ်​သို့​ရောက်​လေ​၏။ ထို​မျှ လောက်​များ​ပြား​သော​ကျိုင်း​ကောင်​အုပ်​များ သည်​ရှေး​ကာ​လ​က​မ​ပေါ်​စ​ဖူး၊ နောင် အ​ခါ​၌​လည်း​ပေါ်​မည်​မ​ဟုတ်။-


သင်​၏​နန်း​အ​ဆောင်​များ၊ မှူး​မတ်​တို့​၏​အိမ် များ၊ ပြည်​သူ​အ​ပေါင်း​တို့​၏​အိမ်​များ​ထဲ​သို့ ကျိုင်း​ကောင်​အုပ်​များ​ဝင်​ရောက်​လိမ့်​မည်။ အီ​ဂျစ် နိုင်​ငံ​သ​မိုင်း​တစ်​လျှောက်​တွင် ဤ​မျှ​လောက် ဆိုး​ရွား​သော​ကပ်​မျိုး​ကို​လူ​တို့​တစ်​ခါ​မျှ မ​တွေ့​ကြုံ​ခဲ့​ရ​သေး' ဟု​ဟေ​ဗြဲ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏'' ဟု​ဆို​လေ​၏။ ထို​နောက်​မော​ရှေ​သည် ဘု​ရင်​ထံ​မှ​ထွက်​သွား​လေ​၏။


ရှေး​အ​ခါ​၌​လည်း​မ​ကြုံ​စ​ဖူး၊ နောင်​အ​ခါ​၌ လည်း​ကြုံ​ရ​မည်​မ​ဟုတ်​သော​ဟစ်​အော်​မြည်​တမ်း ခြင်း​အ​သံ​ကို အီ​ဂျစ်​တစ်​ပြည်​လုံး​တွင်​ကြား​ရ လိမ့်​မည်။-


သို့​သော်​လည်း​သင်​သည်​မောက်​မာ​မြဲ​မောက်​မာ လျက် ငါ​၏​လူ​မျိုး​တော်​ကို​သွား​ခွင့်​မ​ပြုဘဲ နေ​သေး​၏။-


ကောင်း​ကင်​မှ​ပေါင်​တစ်​ရာ​မျှ​အ​လေး​ချိန်​ရှိ​သော မိုး​သီး​ကြီး​များ​သည်​လူ​တို့​အ​ပေါ်​သို့​ကျ​ကုန် ၏။ လူ​တို့​သည်​ထို​ဆိုး​ရွား​လှ​သော​မိုး​သီး​ဘေး ဒဏ်​ကြောင့်​ဘု​ရား​သ​ခင်​ကို​ကျိန်​ဆဲ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ