အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ထွက်​မြောက် 8:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဖားသေကောင်​တို့​ကို အပုံလိုက် အပုံလိုက်​စုပုံ​ထား​ကြ​သဖြင့် တစ်ပြည်လုံး အပုပ်နံ့ထွက်​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

အီ​ဂျစ်​ပြည်​သား​တို့​သည်​ဖား​သေ​ကောင်​များ ကို​စု​ပုံ​ထား​ကြ​ရာ​တစ်​ပြည်​လုံး​တွင်​နံ​စော် လျက်​ရှိ​လေ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ကောက် ပုံ စု ထား ကြ၍ တစ် ပြည် လုံး နံ စော် လေ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အ​သေ​ကောင်​တို့​ကို​စု​ပုံ၍​ထား​သ​ဖြင့် တစ်​ပြည်​လုံး​နံ​လေ၏။

အခန်းကိုကြည့်ပါ။



ထွက်​မြောက် 8:14
11 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သူ​တို့​ကို​ပေး​သော​နွား​အား ယူ​၍​အသင့်ပြင်​ပြီး “​အို ဗာလ​ဘုရား​၊ အကျွန်ုပ်​တို့​ကို ထူး​တော်မူ​ပါ​”​ဟု နံနက်အချိန်​မှ မွန်းတည့်​အချိန်​ထိ ဗာလ​ဘုရား​၏​နာမ​ကို​ခေါ်​ကြ​၏​။ သို့သော် တုံ့ပြန်မှု​မ​ရှိ​။ ထူးသံ​လည်း မ​ကြား​ရ​။ သူ​တို့​သည် မိမိ​တို့​တည်​ထား​သော​ယဇ်ပလ္လင်​ပတ်ပတ်လည်​တွင် ကခုန်ယိမ်းထိုး​လျက်​နေ​ကြ​၏​။


ဤသို့ဖြင့် နေ့တစ်ဝက်​ကျိုး​လေ​၏​။ ညဦးပိုင်း​ယဇ်​ပူဇော်​ရ​မည့်​အချိန်​ထိ သူ​တို့​ပရောဖက်ပြု​နေ​ကြ​သော်လည်း တုံ့ပြန်မှု​မ​ရှိ​။ ထူးသံ​ကို မ​ကြား​ရ​။ အရေးလုပ်သူ​လည်း မ​ရှိ​။


နိုင်း​မြစ်​ထဲ၌​ရှိ​သော​ငါး​တို့​သည် သေ​ကြ​သဖြင့် နိုင်း​မြစ်​သည် အပုပ်နံ့ထွက်​လေ​၏​။ ထို့ကြောင့် အီဂျစ်​လူမျိုး​တို့​သည် နိုင်း​မြစ်​ထဲမှ​ရေ​ကို​မ​သောက်သုံး​နိုင်​ကြ​။ အီဂျစ်​ပြည်​တစ်ပြည်လုံး သွေး​နှင့်​ပြည့်​လေ​၏​။


ထိုအခါ ထာဝရဘုရား​သည် မောရှေ​တောင်းလျှောက်​သည့်​အတိုင်း​ပြု​သဖြင့် ဖား​များ​သည် အိမ်​များ​၊ ခြံဝင်း​များ​၊ လယ်​များ​ထဲ၌ သေ​ကြ​ကုန်​၏​။


ဖာရော​မင်းကြီး​သည် သက်သာ​ရာ​ရ​ကြောင်း​ကို သိမြင်​သောအခါ ထာဝရဘုရား​မိန့်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သူ​၏​စိတ်နှလုံး​သည်​ခိုင်မာ​လျက် မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။


ထာဝရဘုရား​သည် ထိုအတိုင်း​ပြု​တော်မူ​သဖြင့် မြောက်မြား​စွာ​သော​ယင်ရဲ​တို့​သည် ဖာရော​မင်းကြီး​၏​နန်းတော်​မှစ၍ သူ့​အမှုထမ်း​တို့​၏​အိမ်​များ​နှင့် အီဂျစ်​ပြည်​အနှံ့ ဝင်ရောက်​ကြ​၏​။ ယင်ရဲ​များ​ကြောင့် တစ်ပြည်လုံး​သည် ပျက်စီး​လေ​၏​။


နတ်ဝိဇ္ဇာဆရာ​များ​နှင့် အီဂျစ်​လူမျိုး​အားလုံး​တို့​၌ အနာစိမ်း​ပေါက်​သဖြင့် နတ်ဝိဇ္ဇာဆရာ​တို့​သည် အနာစိမ်း​ကြောင့် မောရှေ​၏​ရှေ့​၌ မ​ရပ်​နိုင်​ကြ​ပေ​။


အကယ်စင်စစ် ဇောန​မြို့​၏​အကြီးအကဲ​တို့​သည် ဆိုးမိုက်​သော​သူ​များ​ဖြစ်​ကြ​၏​။ ဖာရော​မင်းကြီး​၏​ပညာရှိ​သော အတိုင်ပင်ခံအမတ်​တို့​သည် မိုက်မဲ​သော​အကြံဉာဏ်​ကို​ပေး​ကြ​၏​။ ဖာရော​မင်းကြီး​အား “​အကျွန်ုပ်​သည် ပညာရှိ​တို့​၏​အမျိုး​၊ ရှေး​ဘုရင်​တို့​၏​အမျိုး ဖြစ်​ပါ​သည်​”​ဟု မည်သို့​လျှောက်ဆို​နိုင်​မည်နည်း​။


အကယ်စင်စစ် ထာဝရဘုရား​သည် လူမျိုး​အပေါင်း​တို့​ကို အမျက်ထွက်​တော်မူ​၍ အမျက်​တော်​သည် သူ​တို့​၏​စစ်သည်ဗိုလ်ပါ​အားလုံး​အပေါ် သက်ရောက်​လေ​ပြီ​။ ကိုယ်တော်​သည် သူ​တို့​ကို အကုန်အစင်​ဖျက်ဆီး​တော်မူ​မည်​။ သူ​တို့​ကို သတ်ဖြတ်​သူ​လက်​သို့ အပ်​တော်မူ​မည်​။


ဘုရားရှင်​ထာဝရဘုရား​က ‘ထို​နေ့ရက်​တွင် အစ္စရေး​ပြည်​၊ ပင်လယ်​အရှေ့ဘက်​ခရီးသွား​ရာ​လွင်ပြင်​တွင် ဂေါဂ​မင်းကြီး​ကို သင်္ဂြိုဟ်​ရန် မြေနေရာ​ပေး​မည်​။ ထို​နေရာ​တွင် ဂေါဂ​မင်းကြီး​နှင့်​သူ့​လူအုပ်​ကို သင်္ဂြိုဟ်​ကြ​သဖြင့် ခရီးသွားလာ​သော​သူ​တို့​အတွက် လမ်းပိတ်​လိမ့်မည်​။ ထို့ကြောင့် ထို​နေရာ​ကို ဟာမုန်ဂေါဂ​ချိုင့်​ဟု ခေါ်ဆို​ကြ​လိမ့်မည်​။


မြောက်ပိုင်း​ရန်သူ​ကို သင်​တို့​နှင့်​ဝေး​စေ​မည်​။ သူ့​ကို လူသူကင်းမဲ့​၍ တိတ်ဆိတ်​သော​ပြည်​သို့ နှင်ထုတ်​မည်​။ သူ​၏​တပ်ဦး​စစ်သည်​ကို အရှေ့​ပင်လယ်​ထဲသို့​လည်းကောင်း​၊ သူ​၏​နောက်ရံ​စစ်သည်​ကို အနောက်​ပင်လယ်​ထဲသို့​လည်းကောင်း နှင်ထုတ်​မည်​။ သူ့​ထံမှ​အပုပ်နံ့​၊ အသိုးနံ့​တို့ ထွက်​လိမ့်မည်​။ အကြောင်းမူကား သူ​သည် အမှု​ကြီး​ကို ပြု​လေ​ပြီ”​ဟု ပြန်လည်​မိန့်ဆို​တော်မူ​မည်​။