အီဂျစ်ပြည်အပေါ် ငါ၏လက်ကိုဆန့်၍ အစ္စရေးအမျိုးသားတို့ကို ထိုပြည်ထဲမှ ထုတ်ဆောင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အီဂျစ်လူမျိုးတို့သည် သိမြင်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုသို့အီဂျစ်အမျိုးသားတို့အားတန်ခိုး ကိုပြ၍ ဣသရေလအမျိုးသားတို့ကိုထုတ် ဆောင်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းအီဂျစ်အမျိုးသားတို့သိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
အိ ဂျစ် ပြည် ပေါ် တွင် ငါ လက် တော် ဆန့်၍ ဣ သ ရေ လ အ မျိုး သား တို့ ကို ထို ပြည် သူ တို့ ဘောင် မှ ထုတ် ဆောင် သော အ ခါ ငါ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း အိ ဂျစ် လူ တို့ သိ ရ ကြ လ တ္တံ့ ဟု မော ရှေ အား မိန့် တော် မူ လျှင်၊
ထိုသို့အဲဂုတ္တုပြည်အပေါ်မှာ ငါ့လက်ကိုဆန့်၍၊ ဣသရေလအမျိုးသားတို့ကို သူတို့အထဲမှ နုတ်ဆောင်သောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည်သိကြလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။
အကျွန်ုပ်သည် ဆင်းရဲဒုက္ခထဲ၌ ကျင်လည်ရသော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကိုအသက်ရှင်စေတော်မူမည်။ ကိုယ်တော်သည် အကျွန်ုပ်ရန်သူတို့၏အမျက်ဒေါသအပေါ်၌ မိမိ၏လက်တော်ကိုဆန့်၍ ကိုယ်တော်၏လက်ယာလက်တော်ဖြင့် အကျွန်ုပ်ကိုကယ်တင်တော်မူမည်။
ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)
အီဂျစ်လူမျိုးတို့ကို ငါအပြင်းအထန်ဒဏ်ခတ်ခဲ့သောအမှုများ၊ သူတို့အား ငါပြခဲ့သော နိမိတ်လက္ခဏာများကို သင်တို့သည် သင်တို့၏သားမြေးများအား ပြောကြား၍ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရှိစေရန် သူတို့၏စိတ်နှလုံးကို ငါခိုင်မာစေပြီ”ဟု မိန့်တော်မူ၏။
ဖာရောမင်းကြီး၏အမှုထမ်းတို့ကလည်း “ဤသူသည် အကျွန်ုပ်တို့ကို မည်မျှကြာအောင် စိတ်အနှောင့်အယှက်ပေးနေဦးမည်နည်း။ သူတို့၏ဘုရားသခင်ထာဝရဘုရားအား ဝတ်ပြုရန် ယောက်ျားသားများကိုလွှတ်ပေးလိုက်ပါ။ အီဂျစ်ပြည်ပျက်စီးနေသည်ကို အရှင်မသိသလော”ဟု ဖာရောမင်းကြီးအား လျှောက်ကြ၏။
ထိုသို့ ငါသည် ဖာရောမင်းကြီးနှင့် သူ၏စစ်ရထား၊ သူ၏မြင်းစီးသူရဲတို့အားဖြင့် ဘုန်းထင်ရှားသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း အီဂျစ်လူမျိုးတို့သိမြင်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့နောက်သို့လိုက်လိမ့်မည်။ ဖာရောမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့အားဖြင့် ငါ၏ဘုန်းထင်ရှားလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း အီဂျစ်လူမျိုးတို့သည် သိမြင်ကြလိမ့်မည်”ဟု မိန့်ဆိုတော်မူ၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။
ထို့နောက် မောရှေက ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အတွက် ဖာရောမင်းကြီးနှင့်အီဂျစ်လူမျိုးတို့အပေါ် ပြုတော်မူခဲ့သမျှကိုလည်းကောင်း၊ လမ်းခရီး၌ သူတို့ကြုံတွေ့ရသောအခက်အခဲအလုံးစုံတို့ကိုလည်းကောင်း၊ သူတို့အား ထာဝရဘုရားကယ်နုတ်တော်မူခဲ့ကြောင်းကိုလည်းကောင်း မိမိယောက္ခမအား ပြောပြလေ၏။
ထို့ကြောင့် ငါ၏လက်ကိုဆန့်၍ အီဂျစ်ပြည်ထဲ၌ ငါပြုမည့် အံ့ဖွယ်သောအမှုအမျိုးမျိုးတို့ဖြင့် ထိုပြည်ကိုဒဏ်ခတ်မည်။ ထို့နောက်မှ သူသည် သင်တို့ကိုလွှတ်လိမ့်မည်။
ထာဝရဘုရားက မောရှေအား “ယခု ငါသည် ဖာရောမင်းကြီးအား မည်သို့ပြုမည်ကို သင်တွေ့မြင်ရမည်။ အားကြီးသောလက်တော်ကြောင့် သူသည် ဤလူမျိုးကို လွှတ်လိမ့်မည်။ အားကြီးသောလက်တော်ကြောင့် သူသည် ဤလူမျိုးကို သူ၏တိုင်းပြည်မှ နှင်ထုတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ အစ္စရေးအမျိုးသားတို့အား ‘ငါသည် ထာဝရဘုရားဖြစ်၏။ အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကို ဆွဲထုတ်၍ သူတို့၏ကျွန်ပြုခြင်းမှလည်း သင်တို့ကို ငါကယ်နုတ်မည်။ လက်ရုံးကိုဆန့်လျက် သူတို့ကိုကြီးလေးသောအပြစ်ဒဏ်ပေးခြင်းဖြင့် သင်တို့ကို ငါရွေးနုတ်မည်။
ထို့ကြောင့် ‘ထာဝရဘုရားက ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ဤအမှုအားဖြင့် သင်သိရလိမ့်မည် ဟုမိန့်တော်မူပြီ။ ဤအမှုဟူမူကား အကျွန်ုပ်သည် နိုင်းမြစ်ရေကို အကျွန်ုပ်လက်၌ရှိသောတောင်ဝှေးဖြင့် ရိုက်သောအခါ သွေးအဖြစ်သို့ပြောင်းသွားမည်။
ဖာရောမင်းကြီးက “မနက်ဖြန်”ဟု ဆိုလျှင် မောရှေက “အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားနှင့်တူသောဘုရားမရှိကြောင်း အရှင်သိမြင်စေရန် အရှင်၏စကားအတိုင်း ဖြစ်လိမ့်မည်။
ထိုအခါ နတ်ဝိဇ္ဇာဆရာတို့က ဖာရောမင်းကြီးအား “ဤအမှုသည် ဘုရားသခင်ပြုတော်မူသောအမှုဖြစ်၏”ဟု လျှောက်ကြ၏။ သို့သော် ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျောလျက် သူတို့၏စကားကိုနားမထောင်ဘဲနေ၏။
ငါသည် ထိုနေ့၌ ငါ၏လူမျိုးတော်နေထိုင်ရာဂေါရှင်အရပ်ကို သီးသန့်ခွဲထားမည်။ ဤပြည်တွင် ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်စေရန် ထိုအရပ်၌ ယင်ရဲတို့မရှိစေရ။
ငါသည် အမျက်ပြင်းစွာထွက်၍ သူတို့ကို အကြီးအကျယ်လက်တုံ့ပြန်မည်။ ထိုသို့ သူတို့ကို လက်တုံ့ပြန်မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ဘုရားရှင်ထာဝရဘုရားက ‘အို ဆီဒုန်မြို့၊ ကြည့်ရှုလော့။ သင့်ကိုငါဆန့်ကျင်၍ မြို့ထဲတွင် ငါ့ဘုန်းကို ငါထင်ရှားစေမည်။ သင့်ကို ငါဒဏ်ခတ်၍ ငါသန့်ရှင်းကြောင်းကို မြို့ထဲတွင် ပြမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
‘ငါသည် အီဂျစ်ပြည်တစ်ပြည်လုံးကို သုတ်သင်ရှင်းလင်းပစ်မည်၊ လူသူကင်းမဲ့ရာဖြစ်စေမည်၊ သက်ရှိမှန်သမျှကို ဒဏ်ခတ်မည်။ ထိုအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် လူမျိုးခြားတို့အလယ်တွင် ငါ့နာမကိုရှုတ်ချသဖြင့် လူမျိုးခြားတို့အလယ်တွင် အရှုတ်ချခံခဲ့ရသည့် ကြီးမြတ်သောငါ့နာမကို ငါသန့်ရှင်းစေမည်။ ထိုသို့ သင်တို့အားဖြင့် ထိုသူတို့ရှေ့တွင် ငါသန့်ရှင်းကြောင်း ထင်ရှားစေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူမျိုးတကာတို့ သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ငါသည် သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို ထိုနေ့မှစ၍ နောင်ကာလတိုင်အောင် အစ္စရေးအမျိုးတို့ သိရကြလိမ့်မည်။
ငါ့နာမသန့်ရှင်းကြောင်းကို ငါ့လူမျိုးတော်အစ္စရေးတို့အား သိစေမည်။ သန့်ရှင်းသောငါ့နာမကို ရှုတ်ချခွင့်ပြုတော့မည်မဟုတ်။ ငါသည် အစ္စရေးလူမျိုးတွင် သန့်ရှင်းသောအရှင် ထာဝရဘုရားဖြစ်ကြောင်း လူမျိုးတကာတို့သိရလိမ့်မည်။