ကိုယ်တော်သည် မိမိအစေအပါးမောရှေနှင့် မိမိရွေးချယ်ထားသော အာရုန်တို့ကို စေလွှတ်တော်မူ၏။
ထွက်မြောက် 6:27 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်ထဲမှ ထွက်သွားခွင့်ပေးရန် အီဂျစ်ဘုရင်ဖာရောမင်းကြီးအား ပြောဆိုခဲ့သောသူများကား အာရုန်နှင့်မောရှေပင်တည်း။ Common Language Bible ဣသရေလအမျိုးသားတို့ကိုအီဂျစ်ပြည် မှထွက်ခွင့်ပေးရန် အီဂျစ်ဘုရင်အားတောင်း ဆိုသူတို့သည်ကားအာရုန်နှင့်မောရှေတို့ ပင်ဖြစ်သတည်း။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် ရန် အိ ဂျစ် ဘု ရင် ဖာ ရော မင်း ထံ လျှောက် ရ သော သူ တို့ ကား ထို မောရှေ နှင့် အာ ရုန် တို့ ပင် တည်း။ Judson Bible ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်ခြင်းငှာ၊ အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းထံ၌ လျှောက်ရသောသူတို့သည်၊ ထိုအာရုန်နှင့် မောရှေဖြစ်သတည်း။ |
ကိုယ်တော်သည် မိမိအစေအပါးမောရှေနှင့် မိမိရွေးချယ်ထားသော အာရုန်တို့ကို စေလွှတ်တော်မူ၏။
ကိုယ်တော်သည် မောရှေနှင့်အာရုန်တို့လက်ဖြင့် မိမိ၏လူမျိုးတော်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူ၏။
ထာဝရဘုရားက မောရှေအား “ဆင်းသွားလော့။ အီဂျစ်ပြည်မှ သင်ထုတ်ဆောင်ခဲ့သော သင်၏လူတို့သည် ဖောက်ပြန်ကြလေပြီ။
တစ်ဖန် ထာဝရဘုရားက မောရှေအား “သင်နှင့် အီဂျစ်ပြည်မှသင်ထုတ်ဆောင်ခဲ့သောလူတို့ ဤနေရာမှထွက်၍ အာဗြဟံ၊ ဣဇက်၊ ယာကုပ်အား ‘ထိုပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေးမည်’ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း ထိုပြည်သို့ သွားကြလော့။
ထိုသို့ မောရှေနှင့်အာရုန်အား အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ရန် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည်ကို အစ္စရေးအမျိုးသားတို့နှင့် အီဂျစ်ဘုရင်ဖာရောမင်းကြီးတို့အား ပြောကြားစေ၏။
“အစ္စရေးအမျိုးသားတို့ကို အဖွဲ့အလိုက် အီဂျစ်ပြည်ထဲမှ ထုတ်ဆောင်လော့”ဟု ထာဝရဘုရားအမိန့်ပေးခြင်းခံရသောသူများကား အာရုန်နှင့်မောရှေပေတည်း။
မောရှေနှင့်အာရုန်သည်လည်း ဖာရောမင်းကြီးထံဝင်၍ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်းပြုကြ၏။ အာရုန်သည် သူ၏တောင်ဝှေးကို ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့ရှေ့၌ ပစ်ချသော် တောင်ဝှေးသည် မြွေနဂါးဖြစ်သွား၏။
ငါသည် သင့်ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ရွေးနုတ်ခေါ်ဆောင်ခဲ့ပြီ။ သင့်ကိုဦးဆောင်မည့် မောရှေ၊ အာရုန်နှင့်မိရိအံတို့ကို စေလွှတ်ပေးခဲ့ပြီ။
ငါသည် မောရှေနှင့်အာရုန်ကိုစေလွှတ်၍ အီဂျစ်ပြည်၌ ဘေးအမျိုးမျိုးကျရောက်စေခြင်းအားဖြင့် ဒဏ်ခတ်ပြီးနောက် သင်တို့ကို ထုတ်ဆောင်ခဲ့၏။
တစ်ဖန် ရှမွေလက လူတို့အား “မောရှေနှင့်အာရုန်ကို ရွေးကောက်ပြီး သင်တို့၏ဘိုးဘေးများကို အီဂျစ်ပြည်မှထုတ်ဆောင်စေသောအရှင်မှာ ထာဝရဘုရားပင်ဖြစ်၏။