သင်သည် နိမိတ်လက္ခဏာများကိုပြရန် ဤတောင်ဝှေးကို သင့်လက်၌ယူဆောင်သွားရမည်”ဟု မိန့်တော်မူ၏။
ထွက်မြောက် 4:3 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း “တောင်ဝှေးကို မြေပေါ်သို့ ပစ်ချလော့”ဟု မိန့်တော်မူလျှင် သူသည် မြေပေါ်သို့ ပစ်ချ၏။ ထိုအခါ တောင်ဝှေးသည် မြွေဖြစ်သွားသဖြင့် မောရှေသည် ထိုမြွေရှေ့မှ ထွက်ပြေးလေ၏။ Common Language Bible ထာဝရဘုရားက``တောင်ဝှေးကိုမြေပေါ်သို့ ပစ်ချလော့'' ဟုမိန့်တော်မူ၏။ မောရှေသည် တောင်ဝှေးကိုပစ်ချလိုက်သောအခါ၊ တောင် ဝှေးသည်မြွေဖြစ်လာသဖြင့်သူသည်လန့် ၍ထွက်ပြေးလေ၏။- Garrad Bible မြေ ပေါ် သို့ ပစ် ချ လော့ ဟု မိန့် တော် မူ သည့် အ တိုင်း ပစ် ချ က၊ တောင် ဝေး သည် မြွေ ဖြစ်၍၊ ၎င်း ရှေ့ မှ မော ရှေ ပြေး လေ ၏။ Judson Bible မြေပေါ်မှာပစ်ချလော့ဟု မိန့်တော်မူသည်အတိုင်းပစ်ချသဖြင့်၊ လှံတံသည်မြွေဖြစ်၍၊ မောရှေသည် သူ့ရှေ့မှပြေးလေ၏။ |
သင်သည် နိမိတ်လက္ခဏာများကိုပြရန် ဤတောင်ဝှေးကို သင့်လက်၌ယူဆောင်သွားရမည်”ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရားက မောရှေအား “သင်၏လက်ကိုဆန့်၍ မြွေ၏အမြီးကို ဖမ်းကိုင်လော့”ဟု မိန့်တော်မူသဖြင့် သူသည် မိမိ၏လက်ကိုဆန့်၍ ဖမ်းဆွဲလိုက်ရာ ထိုမြွေသည် သူ၏လက်ထဲ၌ တောင်ဝှေးပြန်ဖြစ်လေ၏။
“သင်တို့အား ဖာရောမင်းကြီးက ‘သင်တို့ကိုယ်တိုင် အံ့ဩဖွယ်အမှုများကိုပြုလော့’ဟု ဆိုလျှင် မောရှေက အာရုန်အား ‘သင်၏တောင်ဝှေးကိုယူ၍ ဖာရောမင်းကြီး၏ရှေ့၌ပစ်ချလော့’ဟု ပြောရမည်။ တောင်ဝှေးသည် မြွေနဂါးဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
လူသည် ခြင်္သေ့ထံမှပြေးလွတ်သော်လည်း ဝက်ဝံနှင့် ပက်ပင်းတိုးသကဲ့သို့လည်းကောင်း၊ အိမ်ထဲသို့ဝင်၍ နံရံကို လက်နှင့်ထောက်လိုက်စဉ် မြွေကိုက်ခံရသကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။